လူတိုင်းနီးပါး ကံစမ်းတဲ့အနေနဲ့ ထီထိုးတတ်ကြပါတယ်။ ဒါပေမယ့် တစ်လတစ်ခါပဲ ထွက်ရှိထဲ အောင်ဘာလေထီအစား ပိုပြီးကံထူးဖို့လွယ်ကူတဲ့အခွင့်အရေးရှိနေတယ်ဆိုတာကို သင်သိပါသလား?

အဲ့ဒီအခွင့်အရေးကတော့ Ooredoo Myanmar ကနေ ပြုလုပ်နေတဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။ Ooredoo Myanmar ရဲ့ Mobile Money Application တစ်ခုဖြစ်တဲ့ M-ပိုက်ဆံကို အသုံးပြုလုပ်ရုံနဲ့ နေ့စဉ်၊ အပတ်စဉ်တိုင်းမှာ ငွေသားကံစမ်းမဲဖောက်ပေးနေတာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက်လည်း ကံစမ်းမဲလက်မှတ်ဝယ်ယူသလိုမျိုး ပြုလုပ်ဖို့ မလိုအပ်ပါဘူး။ အခုအခွင့်အရေးမှာပါဝင်ဖို့အတွက်က M-ပိုက်ဆံ Application ကို Download ရယူပြီး Account အသစ်ဖွင့်ဖို့နဲ့ ကိုယ့်ရဲ့ M-ပိုက်ဆံ Account ထဲကို ငွေဖြည့်သွင်းလိုက်တာနဲ့ အခုကံစမ်းမဲအစီအစဉ်မှာ ပါဝင်ကံစမ်းနိုင်ပြီပဲဖြစ်ပါတယ်။

တကယ်လို့ ကိုယ့်မှာ M-ပိုက်ဆံ Application သွင်းထားပြီးဖြစ်နေတယ်ဆိုရင်တော့ ငွသွင်း၊ငွေထုတ်၊ ငွေလွှဲ၊ ငွေပေးချေတာ ဒါမှမဟုတ် CB ဘဏ်အကောင့်မှ M-ပိုက်ဆံအကောင့်သို့ငွေလွှဲလိုက်ရုံနဲ့ ပါဝင်ကံစမ်းနိုင်မှာပါ။

ဒီသတင်းလေးကိုလက်တို့ပြောရတာက Ooredoo ကပေးသွားမယ့်ဆုငွေတွေက နေ့စဉ် ကံထူးရှင် အယောက် ၂၀၀
ကို ကျပ် ၅၀,၀၀၀ ဆု အယောက် ၂၀ ၊ ကျပ် ၁၀,၀၀၀ ဆု အယောက် ၃၀ ၊ ကျပ် ၅,၀၀၀ ဆု အယောက် ၅၀ ၊ ကျပ် ၂,၀၀၀ ဆု အယောက် ၁၀၀ နဲ့ အပတ်စဉ်ဆု ၅ သိန်း ပေးသွားမှာဆိုတော့ M-ပိုက်ဆံ App သုံးနေရုံနဲ့ ကံထူးရှင်ဖြစ်နိုင်လို့ပါ။

တစ်ခုသတိပေးရမှာက ဒီပရိုမိုးရှင်းက ဒီလ ၁၄ ရက်နေ့ကနေ ဇန်နဝါရီလ ၁၂ ရက်အထိပဲ လုပ်သွားမှာဆိုတော့ အခုပဲ M-ပိုက်ဆံ Application ကို စတင်အသုံးပြုဖို့ လိုမယ်နော်။