အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ စာဖတ်သူဖက်ရှင်ချစ်ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးလေးလည်းဖြစ်၊ စမတ်လည်းကျစေမယ့် ဖက်ရှင်လေးတွေကို ဝေမျှပေးချင်ပါတယ်။

ဒီဖက်ရှင်လေးတွေက ယူနီဖောင်းမဝတ်ရတဲ့ ပျိုမေလေးတွေ၊ ရုံးမှာ မြန်မာဝတ်စုံမဝတ်ရတဲ့ ပျိုမေလေးတွေအတွက် ပိုသင့်တော်မယ်လို့ထင်ပါတယ်။ ရုံးမှာ အရေးကြီးပွဲတစ်ခုခုရှိလို့ ဘာဝတ်ရမလဲ စဉ်းစားရကြပ်နေတဲ့ ပျိုမေလေးတွေအတွက်လည်း စမတ်ကျလှပစေမယ့် ဖက်ရှင်လေးတွေဆိုလည်း မမှားပါဘူး။

အဆင်သင့်ဖြစ်ပြီဆိုရင် ရုံးသွားတဲ့အခါ စတိုင်လ်ကျလှပနေအောင် ဘယ်လိုဝတ်ရမလဲဆိုတာ အတူတူလေ့လာကြည့်လိုက်ရအောင်နော်။

ကုတ်အင်္ကျီနဲ့ စတိုင်ပန်က ဝမ်းဆက်ဖြစ်နေတာမျိုး ရွေးချယ် ဝတ်ဆင်ပါ။

ဒါမှမဟုတ် ကုတ် အင်္ကျီထပ် မဝတ်ချင်ရင်တော့ ဘောင်းဘီနဲ့ လိုက်ဖက်မယ့် အင်္ကျီကို သေချာ ရွေးချယ်ရပါမယ်။

ဘောင်းဘီအပွ ဖက်ရှင်လေးတွေကလည်း ပေါ့ပေါ့ပါးပါးလေးနဲ့ စမတ်ကျလှပစေပါတယ်။

ဘောင်းဘီမဝတ်ချင်ဘူး၊ စကပ်ပြောင်းဝတ်ချင်တယ်ဆိုတဲ့ ပျိုမေလေးတွေကတော့ အတွင်းရေးမှူးမလေး ကင်မီဆိုလို ဆွဲဆောင်မှုရှိရှိဝတ်ဆင်ပေးလို့ ရသေးတယ်နော်။

ဒီလိုမျိုး ဘောင်းဘီတစ်လှည့် စကပ်တစ်လှည့် ပြောင်းဝတ်ပေးမယ်ဆိုရင် ကိုယ့်ဖက်ရှင်လေးတွေက ပုံသေကားချပ်ကြီးလိုဖြစ်မနေဘဲ လူအများကြားမှာ အမြဲတမ်းသစ်လွင်တောက်ပနေမှာ အမှန်ပါပဲ။ အခုဖော်ပြပေးသွားတဲ့ ဖက်ရှင်အမျိုးအစားတွေထဲက ဘယ်ဖက်ရှင်လေးတွေကို အကြိုက်ဆုံးလည်းဆိုတာ ပြောပြပေးခဲ့ကြဦးနော်။

Photo Source: Pinterest.com