ရာသီဥတုကအေးမြလာသည်နှင့်အမျှ အနက်ရောင်နှင့် ပို၍နက်မှောင်သော အရောင်နှစ်ရောင်ထပ်ပိုပြီး အခြားအ၀တ်အစားတွေကို ရွေးချယ်ဝတ်ဆင်လိုစိတ် အနည်းငယ်ပျောက်ရှလာတတ်ပါတယ်။ ထိုအခါတွင် နွေဦးရာသီအချိန်တွင်မှာ ၀တ်ဆင်လေ့ရှိသည့် ပန်းပွင့်ပုံစံဒီဇိုင်း ဂါဝန်တွေက ကူညီပေးနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း နွေးနွေးထွေးထွေးရှိနေဖို့တော့ လိုအပ်ပါသေးတယ်နော်။ ဒါကြောင့် ဆောင်းရာသီမှာ စိတ်ဓာတ်ကိုမြှင့်တင်ပေးနိုင်တဲ့ အ၀တ်အစားလေးတွေကိုဝတ်ပြီး တက်ကြွစွာသွားလာလှုပ်ရှားနိုင်စေဖို့ အောက်ပါအချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ပန်းပွင့်ပုံဒီဇိုင်းဂါဝန်တို့ကို သားရေဖြင့်တွဲဖက်ပါ။

သင်ကြိုက်နှစ်သက်သည့် ပန်းပွင့်ပုံဆေးရိုက်ဒီဇိုင်းဂါဝန်တွေကို အသားကပ်ဘောင်းဘီနှင့် သားရေဂျာကင်အင်္ကျီတို့ဖြင့် တွဲဖက်ဝတ်ဆင်ခြင်းက မိန်းမဆန်ဆန်နှင့် တည်ငြိမ်သောအသွင်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

အထပ်ထပ်ဝတ်ကာနွေးထွေးမှုကိုရယူပါ။

အကယ်၍ ပိုက်ဆံအကုန်အကျခံကာ နောက်ထပ်ဝတ်စုံအသစ် ၀ယ်ယူလိုစိတ်မရှိသူများသည် သင့်ဘီရိုထဲတွင်ရှိသည့် ကိုယ်ကျပ်လက်ရှည်တီရှပ်အပေါ်မှ ပန်းပွင့်ဆေးရိုက်ဒီဇိုင်း Slip ဂါဝန်ကို ပေါင်းစပ်ဝတ်ဆင်နိုင်ပါတယ်။ ရိုးရှင်းသောလည်ကပ်ဆွဲကြိုးနှင့် ဆိုဒ်ကြီးနေကာမျက်မှန်များကို တွဲဖက်လိုက်ပါက ဆန်းသစ်သည့်အသွင်ကို ရရှိနိုင်မှာပါ။

အရောင်တောက်တာရွေးချယ်ပါ။

အရောင်တောက်တောက်ရှိသည့် ပန်းပွင့်ဆေးရိုက်ဂါဝန်များကို ၀တ်ဆင်သည့်အခါ အရောင်ကိုမှိန်သွားစေရန်အတွက် ကုတ်အင်္ကျီအရှည်ကို ၀တ်ဆင်ပေးနိုင်ပါတယ်။ ထို့အပြင် မနုမရင့်အရောင်ရှိသည့် ခါးပတ်ကို ပတ်ပေးခြင်းက ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေမှာဖြစ်ပြီး ရာသီဥတုအလွန်အေးသည့်အချိန်များတွင် အသားကပ်ခြေအိတ်ကိုပူးတွဲဝတ်ဆင်ပေးနိုင်ပါတယ်။

Accessories အမြဲဝတ်ပေးပါ။

ပန်းပွင့်ဆေးရိုက်ဂါဝန်ကို bomber ဂျာကင်အင်္ကျီနှင့် လိုက်ဖက်ညီစွာ ၀တ်ဆင်ပေးနိုင်သော်လည်း လက်ဝတ်ရတနာများ၊ နေကာမျက်မှန်၊ ဖိနပ်နှင့် အိတ်တို့ကိုပါ သေချာဂရုတစိုက်ရွေးချယ်ကာ ပေါင်းစပ်လိုက်သည့်အခါမှာတော့ ဆွဲဆောင်မှုရှိပြီး မိမိကိုယ်မိမိ ယုံကြည်ချက်အပြည့်ရှိသည့် အသွင်ကို ရရှိနိုင်သွားပါပြီ။