အားလုံးပဲ မင်္ဂလာပါ။ အလှအပကို စိတ်ဝင်စားတဲ့ ပျိုမေလေးတွေအနေနဲ့ အသားအရေထိန်းသိမ်းဖို့အတွက် မျက်နှာပေါင်းတင်ကြမယ်၊ ခန္ဓာကိုယ်ကို ကြေးချွတ်ကြမယ်၊ ဆံပင်ပေါင်းတင်မယ်၊ ဆံပင်ဖြောင့်လိုက်၊ ကောက်လိုက်၊ လက်သည်းနီ ဒီဇိုင်းလှလှလေးတွေ ပုံဖော်ကြမယ် စသည်ဖြင့် အမျိုးမျိုး ပြုလုပ်နေရတာကို ငြီးငွေ့သွားတယ်လို့လည်း မရှိကြပါဘူး။ အစွမ်းကုန်လှချင်တာကြောင့် အချိန်ကုန် ငွေကုန်တာကိုလည်း သိပ်မမှုကြပါဘူး။

အဲ့ဒီလို အလှအပချစ်မြတ်နိုးတဲ့ ပျိုမေလေးတွေအတွက် ဒီတစ်ခေါက်မှာတော့ ဆံညှပ်ကလစ်သေးသေးလေးတွေနဲ့ လှပတဲ့ဆံပင်စတိုင်လ်လေးတွေကို ဘယ်လိုပြင်ဆင်လို့ရမလဲဆိုတာ အတူတူလေ့လာကြည့်လိုက်ရအောင်နော်။

အရင်ဆုံး ဆံစလေးအနည်းငယ် ယူပြီး ကလစ်လေးနဲ့ ညှပ်ပေးလိုက်ရင်ပဲ ပြီးပြည့်စုံသွားပါပြီ။ ဘယ်ရော ညာရော အဲ့ဒီပုံစံအတိုင်း ပြင်ပေးလိုက်ပါ။

တြိဂံပုံလေး ပုံဖော်ကြမယ်

အရှေ့ကဆံပင်လေးနှစ်ခုကို အရင်ယူပြီး နောက်မှာ စုထားပေးလိုက်ပါ။ ပြီးရင် ကလစ်စောင်းစောင်းလေးနှစ်ခုအရင်ညှပ်လိုက်ပြီး အောက်က ကလစ်ကို ညှပ်ပေးလိုက်ရင် ရသွားပါပြီ။

ဆံညှပ်လေးတွေ အများကြီးနဲ့ ပုံဖော်နည်း

အရှေ့ကဆံစလေးအနည်းငယ် ယူပြီး အနောက်မှာ ပတ်ထားကာ ကလစ်လေးတွေ အစီအရီညှပ်ပေးလိုက်ပါ။

ဒီဆံပင်ပုံလေးကတော့ အနောက်မှာ ဆံထုံးလေးထုံးထားပြီး ကလစ်တစ်ခုကို အရင်ဆုံး စောင်းစောင်းလေးထိုးလိုက်ပါ။ နောက်ကလစ်တစ်ချောင်းကို ခုနကညှပ်ထားတဲ့ ကလစ်ထဲ ထည့်ပြီး ပြန်ညှပ်ပေးလိုက်ရမှာပါ။ ကျန်တဲ့ ဆံညှပ်လေးတွေကိုလည်း အဲ့ဒီနည်းအတိုင်းပဲ ပြုလုပ်ပေးလိုက်ပါ။

ဒီဆံပင်ပုံလေးကတော့ စောစောက ဖော်ပြပေးသွားတဲ့ တြိဂံပုံစံလေးနဲ့ အတူတူပါပဲ။ ဆံညှပ်လေးတစ်ချောင်းပဲ ပိုထိုးပေးလိုက်ရမှာပါ။

ဆံညှပ်လေးတွေကို သရဖူလိုပြုလုပ်ပြီး ဆံညှပ်သရဖူလေး ဆောင်းကြမယ်။

V ပုံစံ ဆံညှပ်လှလှလေး ပြုလုပ်ခြင်း

ကလစ်လေးတွေကို အစုလိုက် ပြုလုပ်တဲ့ပုံလေးများ

အရှေ့ ကဆံပင်လေးတွေကို လိမ်လိုက်ပြီး အနောက်မှာ ပြန်စုထားကာ ကလစ်လေးတွေ ထိုးထားလိုက်ပါ။

တြိဂံပုံလေး ပုံဖော်လို့လည်း ရသလို စတုရန်းပုံလည်း ပုံဖော်လို့ရသေးတယ်နော်။

Hashtag ဆံညှပ်ပုံစံလေး

Photo Source: Pinterest.com