မြန်မာအမျိုးသမီးအများစုက ဆံပင်ရှည်ရှည်လေးကို နှစ်သက်ကြပါတယ်။ ဆံပင်ရှည်တာဟာ သင်ကြိုက်နှစ်သက်သလို ပုံစံသွင်းနိုင်ပြီး ဆံပင်ချချ၊ စည်းစည်း၊ ကျစ်ဆံမြီးပဲကျစ်ကျစ် အဆင်ပြေပါတယ်။

ဒါပေမယ့်လည်း ဆံပင်ကို အမြဲတမ်းလိုလို စည်းနှောင်ထားပြီး ဆံကေသာထိန်းသိမ်းမှုမရှိဘူးဆိုရင် သင့်ဆံပင် အရှည်နှေးစေမှာဖြစ်ပြီး ဆံကေသာကို ပျက်စီးစေမှာဖြစ်ပါတယ်။ နွေရာသီမှာ သင့်အသားအရေကို နေလောင်ဒဏ်ကနေကာကွယ်ဖို့ နေလောင်ကာကွယ်တဲ့ခရင်မ်လိမ်းပေးသလို သင့်ဆံကေသာကိုလည်း ကာကွယ်ပေးဖို့လိုပါတယ်။ နေလောင်ဒဏ်ခံတာများရင် ဆံပင်အရောင်မွှဲတာမျိုးဖြစ်စေပါတယ်။

ဆံပင်ရှည်ရှည်နဲ့ လှနေကြတဲ့ ပျိုမေတို့အတွက် ပိုပိုပြီးလှစေဖို့ မိမိတို့ရဲ့ ဆံကေသာကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

၁။ သင့်ဆံကေသာနဲ့ သင့်တော်တဲ့ ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးကို ရွေးချယ်သုံးပါ။ ဆံပင်ရှည်ရှည်ထားတဲ့ သူတွေအနေနဲ့လည်း ဆံပင်ရှည်တဲ့သူတွေ အတွက် ထုတ်ထားတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်သုံးပေးသင့်ပါတယ်။ ရှည်လျားတဲ့ဆံကေသာအတွက် အဓိကထုတ်ထားတဲ့ ခေါင်းလျှော်ရည်ဆိုရင် Misss အပြာရောင်ခေါင်းလျှော်ရည်ရှိပါတယ်။ ဗီတာ B+ ပါဝင်လို့ သင့်ဆံကေသာကို တစ်ကြိမ်လျှော်လိုက်ရုံနဲ့ နူးညံ့ပျော့ပျောင်းစေမှာပါ။

၂။ ရေအေးအေးနဲ့ ဆေးချပါ။ ရေပူပူနဲ့ခေါင်းလျှော်မယ်ဆိုရင် ဦးရေပြားခြောက်သွေ့နိုင်ပြီး ဆံကေသာလည်း ခြောက်သွေ့ ကြမ်းတမ်းစေနိုင်ပါတယ်။

၃။ ခေါင်းလျှော်ပြီးရင် ဆံပင်ကို တဘက်နဲ့ ခပ်ကြမ်းကြမ်းသုတ်တာမျိုးမလုပ်ဘဲ နူးညံ့တဲ့တဘက်နဲ့ ညင်သာစွာသုတ်ပေးဖို့လိုအပ်ပါတယ်။ မဟုတ်ရင် သင့်ဆံကေသာအပြင်ပိုင်းကို ကြေမွပျက်စီးစေနိုင်ပါတယ်။

၎။ ခေါင်းဘီးအသုံးပြုမှု မှန်ကန်ဖို့လိုပါတယ်။ ဆံပင်ရေစိုနေတဲ့အချိန်မှာ ဘီးစိပ်ကို အသုံးပြုမယ်ဆိုရင်တော့ သင့်ဆံကေသာကို ပိုပြီးကျွတ်စေမှာပါ။ ဒါ့ကြောင့် ဘီးကြဲကြဲနဲ့ ညင်သာစွာ ဖြီးပေးပါ။

၅။ ဆံပင်လေမှုတ်စက် နဲ့ ဆံပင်ပုံသွင်းတဲ့ အပူပေးစက်တွေကို နေ့စဉ်အသုံးပြုမှုကနေ ရှောင်ကျဉ်ပါ။ ဒီလိုနေ့တိုင်း အသုံးပြုပေးမယ်ဆိုရင် သင့်ဆံကေသာကိုခြောက်သွေ့ပျက်စီးစေပါတယ်။ တကယ်လို့ မဖြစ်မနေသုံးမယ်ဆိုရင်တောင် အပူချိန်ကိုလျှော့ပေးထားပါ။

၆။ ရေကူးကန်ထဲမှာ(သို့) ပင်လယ်ကမ်းခြေမှာ ရေကူးပြီးရင် သင့်ဆံကေသာကို ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်ဖို့မမေ့ပါနဲ့။ ကလိုရင်း၊ ဆားငန်ရေနဲ့ လေထုညစ်ညမ်းမှုတွေကို ဖယ်ရှားပေးသလို သင့်ဆံကေသာကို နူးညံ့ပျော့ပျောင်းစေတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပေးသင့်ပါတယ်။

၇။ သင့်ဆံကေသာကို နေရောင်ခြည်ထိတွေ့မှုကနေ ကာကွယ်ဖို့လိုပါတယ်။ နေပူထဲသွားမယ်ဆိုရင် ထီး၊ ဦးထုပ်စတဲ့ အကာအကွယ်ပစ္စည်းကို အသုံးပြုတာ၊ ခေါင်းလိမ်းဆီလိမ်းပေးတာမျိုးလုပ်နိုင်ပါတယ်။

၈။ သင့်ဦးရေပြားဟာ နေလောင်နိုင်သလို၊ ခြောက်သွေ့ပျက်စီးနိုင်ပါတယ်။ သင့်ဦးရေပြား ခြောက်သွေ့ယားယံလာပြီဆိုရင် အုန်းဆီကို တစ်ခေါင်းလုံး နှံ့အောင်လိမ်းပေးပါ။ ပြီးရင် နာရီဝက်လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။

၉။ သင့်ဆံကေသာကို တစ်ပတ် ၁ ကြိမ် ပေါင်းတင်ပေးပါ။ ဆံပင်ပါးတဲ့သူတွေ အနေနဲ့ ပေါင်းဆေးကို ဦးရေပြားနဲ့ မထိအောင်အသုံးပြုဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ဆံပင်ပါးကပ်ကပ်ကြီးဖြစ်သွားနိုင်ပါတယ်။

၁၀။ စိတ်ရှည်ပါ။ ဆံပင်ရှည်တဲ့သူတွေက ခေါင်းလျှော်ရင်ပဲဖြစ်ဖြစ် ခေါင်းဖြီးတဲ့အခါမှာပဲဖြစ်ဖြစ် ဆံကေသာကို ဂရုစိုက်ရတဲ့နေရာမှာပဲဖြစ်ဖြစ် သူများတွေထက် ပိုပြီး စိတ်ရှည်ရပါတယ်။

Bonus

Misss အပြာရောင်ခေါင်းလျှော်ရည်ဟာ ရှည်လျားတဲ့ ဆံကေသာအတွက် အဓိကထုတ်လုပ်ထားတာဖြစ်ပြီး Conditional-Black Shine Formula ပါဝင်တဲ့အပြင် သဘာဝအဆီအနှစ်တွေပါဝင်တာကြောင့် သင့်ဆံကေသာကို  ပျော့ပျောင်းနူးညံ့စေမှာဖြစ်ပါတယ်။ ဆံကေသာကို ထိတွေ့လိုက်ရုံနဲ့ ပျော့ပျောင်းနူးညံ့မှုကို ခံစားရစေမှာဖြစ်ပါတယ်။

Vita B+ ပါဝင်လို့ တစ်ကြိမ်လျှော်ရုံနဲ့ သင့်ဆံကေသာကို ပိုးသားလို ပျော့ပျောင်းနူးညံ့လာစေမှာပါ။