တီဗွီထဲမှာ မြင်တွေ့ရတဲ့ ခေါင်းလျှော်ရည်ကြော်ငြာတွေထဲက မော်ဒယ်မလေးတွေလို နူးညံ့ပျော့ပျောင်းတဲ့ ဆံကေသာလေး ပိုင်ဆိုင်ဖို့ဆိုတာ ဖြစ်နိုင်တယ်လို့ ထင်ပါသလား။ အဲ့ဒီလို ဆံကေသာလေးပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ နေ့စဉ်ပြုလုပ်ပေးရမယ့်အရာတွေကလည်း အများကြီးပါပဲ။ အဲ့ဒီနည်းလမ်းတွေထဲကမှ တောက်ပြောင်နူးညံ့ပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာလေးပိုင်ဆိုင်နိုင်မယ့် အကောင်းဆုံးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ပုဝါနဲ့ ဆံပင်ကို မသုတ်ပါနဲ့

ခေါင်းလျှော်ပြီးပြီးချင်းမှာ ဘီးလုံးဝ မဖြီးသင့်ပါဘူး။ ဦးရေပြားကို ပျက်စီးစေပြီး ဆံကေသာကိုခြောက်သွေ့ ကြမ်းတမ်းစေလို့ပါပဲ။ အဲ့ဒီလိုပဲ ကြမ်းတမ်းတဲ့ ပုဝါနဲ့ ခေါင်းသုတ်မယ်ဆိုရင်လည်း တူညီတဲ့ ဆိုးကျိုးရလဒ်ကို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ချည်သားအင်္ကျီတစ်ထည်နဲ့ပဲ ဆံပင်တွေ ခြောက်အောင် သုတ်ပေးပါ။

ညအိပ်ရာမဝင်ခင်မှာ သဘာဝအဆီတစ်မျိုးမျိုးနဲ့ သုတ်လိမ်းပေးပြီး ခေါင်းဖြီးပါ

အုန်းဆီ၊ သံလွင်ဆီ စတဲ့ သဘာဝအဆီတွေက သင့်ဆံကေသာလေး ထူထဲသန်စွမ်းအောင် ကူညီပေးပါလိမ့်မယ်။

ဆံပင်လေမှုတ်စက် အသုံးပြုတဲ့အခါ

ဆံပင်အရမ်းစိုနေတဲ့ အချိန်မှာ ဆံပင်လေမှုတ်စက်ကို အသုံးမပြုတာ အကောင်းဆုံးပါပဲ။ ဆံပင်ရဲ့ ဖွဲ့ စည်းတည်ဆောက်ပုံကို ပျက်ယွင်းသွားစေလို့ပါပဲ။ လေမှုတ်စက်နဲ့ လေမှုတ်ရင်လည်း ဆံပင်ကို ခွဲကြောင်းတွေ ခွဲပေးပြီး ခွဲကြောင်းတစ်ခုချင်းစီ တစ်ပိုင်းချင်းစီကို အခြောက်ခံပေးပါ။

ဘယ်လိုခေါင်းဘီးအမျိုးအစားကို အသုံးပြုရမလဲဆိုတော့

ချောမွေ့တဲ့ ဆံကေသာလေး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သစ်သားဘီးကို အသုံးပြုပေးပါ။

ဥတုသုံးပါးစလုံး ဆံကေသာကို ကာကွယ်ပါ

ဆံကေသာက နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ ရတဲ့အခါ ပျက်စီးသွားမှာဖြစ်တဲ့အတွက် အပြင်သွားတဲ့အခါတိုင်း ဦးထုပ်တို့ ထီးတို့ကို မမေ့မလျော့ဘဲ ယူဆောင်သွားသင့်ပါတယ်။

ဆံပင်ကို နေ့တိုင်းမလျှော်ပါနဲ့

စာဖတ်သူတို့ သိတဲ့အတိုင်းပဲ ဆံပင်နေ့တိုင်းလျှော်တဲ့အခါ ဆံကေသာပျက်စီးတတ်ပါတယ်။ ဒါ့ကြောင့် ၂ ရက် နေမှ တစ်ခါလျှော်မယ်၊ ဒါမှမဟုတ် ၃ ရက်နေမှ တစ်ခါလျှော်ပေးသင့်ပါတယ်။

ဒီဇယားလေးကတော့ ဆံပင်ကို ဘယ်နှရက်ခြားတစ်ခါ လျှော်သင့်သလဲဆိုတာကို ဖော်ပြတဲ့ ဇယားလေးပါပဲ။

Photo Source: Wikihow.com

Source: Brightside.me