[Zawgyi]

ခ်စ္သူစံုတြဲတိုင္း ျငင္းခုန္ၿပီး ရန္ျဖစ္တတ္ၾကတာကေတာ့ သဘာဝပါပဲ။ ဒါေပမဲ့ စိတ္သေဘာမတိုက္ဆိုင္မႈက မၾကာခဏျဖစ္ေနမယ္ဆိုရင္ေတာ့ စိတ္ပ်က္ဝမ္းနည္းဖို႔ေကာင္းတဲ့ အက်ိဳးရလဒ္ေတြကို ေတြ႕ႀကံဳခံစားရႏိုင္ပါတယ္။

အျပတ္ျပတ္နဲ႔ ႏွာေခါင္းေသြးထြက္ၿပီး မလြန္ရေလေအာင္ ခ်စ္သူစံုတြဲမ်ား ရန္ပြဲေတြကို အထာက်က်ဘယ္လိုေ႐ွာင္တိမ္းသင့္လဲဆိုတဲ့ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

တစ္ဖက္လူကို မေဝဖန္ပါနဲ႔

သင့္လက္တြဲေဖာ္ရဲ႕ စိတ္ေနစိတ္ထားအျပဳအမူကို ေဝဖန္ျခင္းက အေျခအေနကို ပိုဆိုးရြားေစပါတယ္။ အထူးသျဖင့္ သင္က ရည္ရြယ္ခ်က္႐ွိ႐ွိနဲ႔ ေျပာဆိုရင္ ပိုဆိုးပါတယ္။ သင့္ခ်စ္သူကို ေစာ္ကားရာလည္း မေရာက္ေအာင္ သင့္ကိုစိတ္႐ွဳပ္ေထြးေစတဲ့ သူ႔ရဲ႕အမူအက်င့္ကို တိတိက်က်ေျပာျပလိုက္ပါ။

ခံစားခ်က္ေတြကို ေစ်းတြက္ မတြက္ပါနဲ႔

သင့္ခံစားခ်က္ကို သူ႔ကို ေျပာျပသလုိ သူ႔ခံစားခ်က္ကိုလည္း သင္ကျပန္လည္ေမးျမန္းပါ။ သူတို႔ရဲ႕စိတ္ခံစားခ်က္ကိုလည္း သင္ကဂ႐ုစိုက္အေလးထားေၾကာင္း ျပသေပးပါ။

သင္စိတ္ကူးယဥ္ထားတဲ့ မေကာင္းတဲ့အေတြးေတြက မွန္ကန္တယ္လို႔ မထင္ပါနဲ႔

သင့္ေကာင္ေလးက သင့္အနားမွာ တစ္ခ်ိန္လံုး႐ွိမေနႏိုင္ပါဘူး။ အဲ့လိုအခ်ိန္မ်ိဳးမွာ စိတ္မခ်ဘဲ သဝန္တိုၿပီး ေပါက္ကရအေတြးေတြကို ေလွ်ာက္ေတြးေနမယ္ဆို ကိုယ္ကိုယ္တိုင္လည္း စိတ္ပင္ပန္းေနမွာျဖစ္ၿပီး ရန္ပြဲေတြဆက္တိုက္ျဖစ္ေစမွာပါ။

မိမိခ်စ္သူကို အထင္ျမင္မေသးပါနဲ႔

မိမိက မိမိခ်စ္သူထက္ အၿမဲတမ္းသာလြန္တယ္ဆိုၿပီး အာဏာျပေနတဲ့အခါ တစ္ဖက္လူကို သိမ္ငယ္စိတ္ဝင္ေစၿပီး သူတို႔က သင့္အတြက္ သင့္ေတာ္တဲ့လူတစ္ေယာက္မဟုတ္ဘူးလို႔ ေတြးမိေစပါတယ္။ အဲ့ဒီလိုမေတြးေစဘဲနဲ႔ အခက္အခဲတစ္စံုတစ္ရာႀကံဳလာရင္ အတူတူအေျဖ႐ွာျခင္းက သင့္တို႔အခ်စ္ကို ခိုင္ၿမဲေစပါတယ္။

အေဟာင္းကို အသစ္မျဖစ္ေစပါနဲ႔

ရန္ျဖစ္ၿပီးသားအေၾကာင္းအရာေတြ၊ အရင္က အထင္လြဲစရာေတြကို အျပန္ျပန္အလွန္လွန္အစေဖာ္ျခင္းက ရန္ပြဲအစျပဳတာပါပဲ။ ကိုယ့္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ အေၾကာင္းအရာကိုပဲ တိုက္႐ိုက္ေျပာခ်ပါ။ ျပႆနာကို ေျဖ႐ွင္းၿပီးသြားရင္လည္း စိတ္ထဲမွာတႏု႔ံႏုံ႔နဲ႔ ခံစားမေနဘဲ အဲ့ဒီအေၾကာင္းအရာကို ေမ့ပစ္လိုက္ပါ။

မိမိခ်စ္သူရဲ႕အျမင္ကို လက္ခံပါ

မိမိခ်စ္သူရဲ႕စိတ္ကူးနဲ႔ အႀကံဥာဏ္ကို လ်စ္လ်ဴ႐ွဴထားျခင္းက ျငင္းခုန္မႈကို ျဖစ္ေစပါတယ္။ အေျခေနအခ်ိန္အခါကို လိုက္ေလ်ာညီေထြမႈ႐ွိျခင္းျဖင့္ ကေတာက္ကဆျဖစ္ျခင္းမွ ေ႐ွာင္ၾကဥ္လိုက္ပါ။

အျပစ္မတင္ပါနဲ႔

ျဖစ္ပ်က္ၿပီးသြားတဲ့ ကိစၥတစ္ခုကို ဘယ္သူ႔မွာအၿပစ္႐ွိတယ္ဆိုၿပီး စကားရည္လုေနလို႔လည္း အပိုပါပဲ။ အေကာင္းဆံုးေျဖ႐ွင္းႏိုင္မယ့္ နည္းလမ္းကိုသာ ေခါင္းေအးေအးနဲ႔ အတူတူစဥ္းစားသင့္ပါတယ္။

Source: Brightside.me

[Unicode]

ချစ်သူစုံတွဲတိုင်း ငြင်းခုန်ပြီး ရန်ဖြစ်တတ်ကြတာကတော့ သဘာဝပါပဲ။ ဒါပေမဲ့ စိတ်သဘောမတိုက်ဆိုင်မှုက မကြာခဏဖြစ်နေမယ်ဆိုရင်တော့ စိတ်ပျက်ဝမ်းနည်းဖို့ကောင်းတဲ့ အကျိုးရလဒ်တွေကို တွေ့ကြုံခံစားရနိုင်ပါတယ်။

အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်ပြီး မလွန်ရလေအောင် ချစ်သူစုံတွဲများ ရန်ပွဲတွေကို အထာကျကျဘယ်လိုရှောင်တိမ်းသင့်လဲဆိုတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

တစ်ဖက်လူကို မဝေဖန်ပါနဲ့

သင့်လက်တွဲဖော်ရဲ့ စိတ်နေစိတ်ထားအပြုအမူကို ဝေဖန်ခြင်းက အခြေအနေကို ပိုဆိုးရွားစေပါတယ်။ အထူးသဖြင့် သင်က ရည်ရွယ်ချက်ရှိရှိနဲ့ ပြောဆိုရင် ပိုဆိုးပါတယ်။ သင့်ချစ်သူကို စော်ကားရာလည်း မရောက်အောင် သင့်ကိုစိတ်ရှုပ်ထွေးစေတဲ့ သူ့ရဲ့အမူအကျင့်ကို တိတိကျကျပြောပြလိုက်ပါ။

ခံစားချက်တွေကို ဈေးတွက် မတွက်ပါနဲ့

သင့်ခံစားချက်ကို သူ့ကို ပြောပြသလို သူ့ခံစားချက်ကိုလည်း သင်ကပြန်လည်မေးမြန်းပါ။ သူတို့ရဲ့စိတ်ခံစားချက်ကိုလည်း သင်ကဂရုစိုက်အလေးထားကြောင်း ပြသပေးပါ။

သင်စိတ်ကူးယဉ်ထားတဲ့ မကောင်းတဲ့အတွေးတွေက မှန်ကန်တယ်လို့ မထင်ပါနဲ့

သင့်ကောင်လေးက သင့်အနားမှာ တစ်ချိန်လုံးရှိမနေနိုင်ပါဘူး။ အဲ့လိုအချိန်မျိုးမှာ စိတ်မချဘဲ သဝန်တိုပြီး ပေါက်ကရအတွေးတွေကို လျှောက်တွေးနေမယ်ဆို ကိုယ်ကိုယ်တိုင်လည်း စိတ်ပင်ပန်းနေမှာဖြစ်ပြီး ရန်ပွဲတွေဆက်တိုက်ဖြစ်စေမှာပါ။

မိမိချစ်သူကို အထင်မြင်မသေးပါနဲ့

မိမိက မိမိချစ်သူထက် အမြဲတမ်းသာလွန်တယ်ဆိုပြီး အာဏာပြနေတဲ့အခါ တစ်ဖက်လူကို သိမ်ငယ်စိတ်ဝင်စေပြီး သူတို့က သင့်အတွက် သင့်တော်တဲ့လူတစ်ယောက်မဟုတ်ဘူးလို့ တွေးမိစေပါတယ်။ အဲ့ဒီလိုမတွေးစေဘဲနဲ့ အခက်အခဲတစ်စုံတစ်ရာကြုံလာရင် အတူတူအဖြေရှာခြင်းက သင့်တို့အချစ်ကို ခိုင်မြဲစေပါတယ်။

အဟောင်းကို အသစ်မဖြစ်စေပါနဲ့

ရန်ဖြစ်ပြီးသားအကြောင်းအရာတွေ၊ အရင်က အထင်လွဲစရာတွေကို အပြန်ပြန်အလှန်လှန်အစဖော်ခြင်းက ရန်ပွဲအစပြုတာပါပဲ။ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းအရာကိုပဲ တိုက်ရိုက်ပြောချပါ။ ပြဿနာကို ဖြေရှင်းပြီးသွားရင်လည်း စိတ်ထဲမှာတနုံ့နုံ့နဲ့ ခံစားမနေဘဲ အဲ့ဒီအကြောင်းအရာကို မေ့ပစ်လိုက်ပါ။

မိမိချစ်သူရဲ့အမြင်ကို လက်ခံပါ

မိမိချစ်သူရဲ့စိတ်ကူးနဲ့ အကြံဉာဏ်ကို လျစ်လျူရှူထားခြင်းက ငြင်းခုန်မှုကို ဖြစ်စေပါတယ်။ အခြေနေအချိန်အခါကို လိုက်လျောညီထွေမှုရှိခြင်းဖြင့် ကတောက်ကဆဖြစ်ခြင်းမှ ရှောင်ကြဉ်လိုက်ပါ။

အပြစ်မတင်ပါနဲ့

ဖြစ်ပျက်ပြီးသွားတဲ့ ကိစ္စတစ်ခုကို ဘယ်သူ့မှာအပြစ်ရှိတယ်ဆိုပြီး စကားရည်လုနေလို့လည်း အပိုပါပဲ။ အကောင်းဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းကိုသာ ခေါင်းအေးအေးနဲ့ အတူတူစဉ်းစားသင့်ပါတယ်။

Source: Brightside.me

Featured Image Source: Freepik