[Zawgyi]

အားလံုးပဲ မဂၤလာပါေနာ္။ Facebook ေပၚက အျခားသူေတြရဲ႕ ပိတ္ရက္မွာ ခရီးထြက္တာေတြ၊ အျပင္သြားတာေတြၾကည့္ျပီး အားက်ေနၾကျပီလား။ သင္ကိုယ္တုိင္ေကာ အလုပ္ေတြ ေန႔စဥ္ဘဝအရႈပ္အေထြးေတြကေန ခဏတျဖဳတ္ရုန္းထြက္ဖို႔ ခရီးသြားခ်င္ေနျပီလား။ ဒါေပမဲ့ တစ္ခါတေလ ဘဝဆိုတာက ခါးပါတယ္။ အထူးသျဖင့္ တစ္ကိုယ္တည္း ေနတတ္သူေတြ၊ သူငယ္ခ်င္းအေပါင္းအသင္းနည္းသူေတြဆိုရင္ ခရီးသြားခ်င္ရင္ေတာင္ တစ္ေယာက္တည္းျဖစ္ေနတတ္ပါတယ္။ ရွိတဲ့သူငယ္ခ်င္းကလည္း ကိုယ္နဲ႔မသြားခ်င္လုိ႔ပဲျဖစ္ျဖစ္ ဒါမွမဟုတ္ သူတို႔ဘက္က မအားလပ္တာေၾကာင့္ ကိုယ္က တစ္ေယာက္တည္းျဖစ္ေနတတ္ပါတယ္။ ဒီလိုျဖစ္ရတာက သင္တစ္ေယာက္တည္းမဟုတ္ပါဘူး။ ကိုယ္ေပ်ာ္ရႊင္ဖို႔က ကိုယ့္ေပၚမွာပဲ မူတည္ပါတယ္။ ပိတ္ရက္မွာ တစ္ေယာက္တည္းျဖစ္ေနေပမယ့္ ေပ်ာ္ေပ်ာ္ၾကီးျဖတ္သန္းဖို႔ ဒီနည္းလမ္းေတြကို လုပ္ၾကည့္ရေအာင္ေနာ္။

၁။ သင္ဟိုးအရင္ကတည္းက လုပ္ခ်င္ခဲ့တဲ့အရာတစ္ခုကို လုပ္ပါ

သင္အရင္တည္းက လုပ္ခ်င္ခဲ့တဲ့အရာတစ္ခု မလုပ္ျဖစ္တဲ့အရာတစ္ခုကို စလုပ္ၾကည့္ပါ။ ပိတ္ရက္မွာ လုပ္မယ့္အရာကို ၾကိဳစဥ္းစားထားပါ။

၂။ အသစ္အဆန္းတစ္ခုခုလုပ္ပါ

ကိုယ္မလုပ္ဖူးတဲ့အရာတစ္ခုကို လုပ္ၾကည့္ပါ။ စိတ္ထြက္ေပါက္ေပးရာေရာက္ပါတယ္။ ၾကိဳက္တာလုပ္လို႔ရပါတယ္။

၃။ သင့္ကိုေပ်ာ္ရႊင္ေစတဲ့အရာသံုးခုကို ခ်ေရးပါ

သင္ဘာလုပ္ရတာၾကိဳက္လဲ။ သင့္ကိုဘယ္သူေတြက ေပ်ာ္ရႊင္ေစလဲ။ သံုးခုေလာက္ခ်ေရးၾကည့္ပါ။

၄။ မ်က္ႏွာေပါင္းတင္ပါ

ကိုယ့္ကိုကုိယ္ ဂရုစိုက္မႈတစ္ခုျဖစ္တဲ့ မ်က္ႏွာေပါင္းတင္တာေတြလုပ္ပါ။ မ်က္ႏွာေခ်းခၽြတ္တာေတြလုပ္ပါ။

၅။ အေတြးေတြနဲ႔လမ္းေလွ်ာက္ပါ

မနက္ေစာေစာအိပ္ရာထျပီး တစ္ေယာက္တည္းလမ္းေလွ်ာက္ပါ။ နာရီဝက္ေလာက္ လမ္းေလွ်ာက္ျပီး ေတြးခ်င္ရာေတြးပါ။

၆။ တစ္ႏွစ္စာ Review ျပန္လုပ္ပါ

ကိုယ္လုပ္ခဲ့တဲ့အရာေတြ၊ ဆိုးတာေတြ ေကာင္းတာေတြကို စာအုပ္တစ္အုပ္ထဲ ျပန္ေရးပါ။ ေနာင္ႏွစ္မွာ သူမ်ားေတြထက္ပိုသာေနဖို႔ ဘာလုပ္သင့္လဲ ဆံုးျဖတ္ပါ။

တစ္ေယာက္တည္းေနရတဲ့အခိုက္အတန္႔က သင့္ကိုယ္သင္ သံုးသပ္ဖို႔ အခ်ိန္အခါေကာင္းပါပဲ။ ဒီအခ်ိန္ကို အက်ိးရွိရွိ အသံုးခ်တတ္ပါေစ။

[Unicode]

အားလုံးပဲ မင်္ဂလာပါနော်။ Facebook ပေါ်က အခြားသူတွေရဲ့ ပိတ်ရက်မှာ ခရီးထွက်တာတွေ၊ အပြင်သွားတာတွေကြည့်ပြီး အားကျနေကြပြီလား။ သင်ကိုယ်တိုင်ကော အလုပ်တွေ နေ့စဉ်ဘဝအရှုပ်အထွေးတွေကနေ ခဏတဖြုတ်ရုန်းထွက်ဖို့ ခရီးသွားချင်နေပြီလား။ ဒါပေမဲ့ တစ်ခါတလေ ဘဝဆိုတာက ခါးပါတယ်။ အထူးသဖြင့် တစ်ကိုယ်တည်း နေတတ်သူတွေ၊ သူငယ်ချင်းအပေါင်းအသင်းနည်းသူတွေဆိုရင် ခရီးသွားချင်ရင်တောင် တစ်ယောက်တည်းဖြစ်နေတတ်ပါတယ်။ ရှိတဲ့သူငယ်ချင်းကလည်း ကိုယ်နဲ့မသွားချင်လို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် သူတို့ဘက်က မအားလပ်တာကြောင့် ကိုယ်က တစ်ယောက်တည်းဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်ရတာက သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ကိုယ်ပျော်ရွှင်ဖို့က ကိုယ့်ပေါ်မှာပဲ မူတည်ပါတယ်။ ပိတ်ရက်မှာ တစ်ယောက်တည်းဖြစ်နေပေမယ့် ပျော်ပျော်ကြီးဖြတ်သန်းဖို့ ဒီနည်းလမ်းတွေကို လုပ်ကြည့်ရအောင်နော်။

၁။ သင်ဟိုးအရင်ကတည်းက လုပ်ချင်ခဲ့တဲ့အရာတစ်ခုကို လုပ်ပါ

သင်အရင်တည်းက လုပ်ချင်ခဲ့တဲ့အရာတစ်ခု မလုပ်ဖြစ်တဲ့အရာတစ်ခုကို စလုပ်ကြည့်ပါ။ ပိတ်ရက်မှာ လုပ်မယ့်အရာကို ကြိုစဉ်းစားထားပါ။

၂။ အသစ်အဆန်းတစ်ခုခုလုပ်ပါ

ကိုယ်မလုပ်ဖူးတဲ့အရာတစ်ခုကို လုပ်ကြည့်ပါ။ စိတ်ထွက်ပေါက်ပေးရာရောက်ပါတယ်။ ကြိုက်တာလုပ်လို့ရပါတယ်။


၃။ သင့်ကိုပျော်ရွှင်စေတဲ့အရာသုံးခုကို ချရေးပါ

သင်ဘာလုပ်ရတာကြိုက်လဲ။ သင့်ကိုဘယ်သူတွေက ပျော်ရွှင်စေလဲ။ သုံးခုလောက်ချရေးကြည့်ပါ။

၄။ မျက်နှာပေါင်းတင်ပါ

ကိုယ့်ကိုကိုယ် ဂရုစိုက်မှုတစ်ခုဖြစ်တဲ့ မျက်နှာပေါင်းတင်တာတွေလုပ်ပါ။ မျက်နှာချေးချွတ်တာတွေလုပ်ပါ။


၅။ အတွေးတွေနဲ့လမ်းလျှောက်ပါ

မနက်စောစောအိပ်ရာထပြီး တစ်ယောက်တည်းလမ်းလျှောက်ပါ။ နာရီဝက်လောက် လမ်းလျှောက်ပြီး တွေးချင်ရာတွေးပါ။

၆။ တစ်နှစ်စာ Review ပြန်လုပ်ပါ

ကိုယ်လုပ်ခဲ့တဲ့အရာတွေ၊ ဆိုးတာတွေ ကောင်းတာတွေကို စာအုပ်တစ်အုပ်ထဲ ပြန်ရေးပါ။ နောင်နှစ်မှာ သူများတွေထက်ပိုသာနေဖို့ ဘာလုပ်သင့်လဲ ဆုံးဖြတ်ပါ။


တစ်ယောက်တည်းနေရတဲ့အခိုက်အတန့်က သင့်ကိုယ်သင် သုံးသပ်ဖို့ အချိန်အခါကောင်းပါပဲ။ ဒီအချိန်ကို အကျိးရှိရှိ အသုံးချတတ်ပါစေ။

Photo Source: Pinterest

By MyStyle Myanmar