ဘာသာစကားတစ်ခု တတ်ကျွမ်းဖို့ဆိုတာဟာ အလေ့အကျင့် Practice အများကြီး လိုပါတယ်။ အင်္ဂလိပ်စကားပြောတတ်ချင်တယ်ဆိုရင်လည်း နေ့စဉ်နေ့တိုင်းမှာ အလေ့အကျင့်ကောင်းလေးတွေ လုပ်ပေးသင့်ပါတယ်။ အင်္ဂလိပ်စကားပြောကောင်းချင်တယ် ၊ မြန်ချင်တယ်ဆိုရင် အခုပြောမယ့် အချက်လေးတွေလည်း နေ့စဉ် လုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

(၁) မှားမှာ မကြောက်နဲ့ ပြောပါ

Photo: Freepik

Practice ဟာ ဘာသာစကားရဲ့ အသက်ပါ။ လေ့ကျင့်ပါ။ ပြောဖြစ်အောင် ပြောပါ။ ပြောရင်း မှားမှာ မကြောက်ပါနဲ့။ မရှက်တမ်း ပြောမှ မြန်မြန်တတ်မှာပါ။ စိတ်ထဲက အတွေးတွေကို အင်္ဂလိပ်လို အသံထွက်ပြောကြည့်လိုက်ပါ။ အင်္ဂလိပ်စကားနဲ့ ရင်းနှီးသွားမှာပါ။

(၂) ကိုယ်ပိုင် အင်္ဂလိပ် Audio Book ဖန်တီးပါ

Photo: Freepik

အင်္ဂလိပ်စာအုပ်တစ်အုပ်ထဲက အခန်းတစ်ခန်း ဒါမှမဟုတ် သတင်းစာတစ်စောင်ထဲက ဆောင်းပါးတွေကို အသံထွက်ဖတ်ပါ။ အဲ့ဒီလို ဖတ်ချိန်မှာလည်း ဖုန်းနဲ့ဖြစ်ဖြစ် အသံဖမ်းထားပါ။ ပြီးရင် နားထောင်ကြည့်ပါ။ ဒါဆိုရင် ကိုယ့်အင်္ဂလိပ်စကားပြောတဲ့ အသံထွက်ဘာတွေ လိုအပ်ချက် ရှိမလဲဆိုတာ အလွယ်တကူ သိနိုင်သလို စကားပြောရတာလည်း ပိုပြီး သွက်လက်လာမှာ ဖြစ်ပါတယ်။

(၃) အတိုအထွာ စကားပြောလေးတွေ နေ့စဉ်သုံးပါ

Photo: Freepik

နေ့တိုင်း အသုံးဝင်တဲ့ အင်္ဂလိပ်စကားပြော တိုတိုထွာထွာလေးတွေကို စကားပြောတိုင်း သုံးဖြစ်အောင် သုံးပါ။ တစ်နေ့နဲ့တစ်နေ့ မတူအောင် မထပ်အောင် စကားပြောဝါကျ အသစ်အသစ်တွေ ပြောဖြစ်အောင် ပြောသွားမယ်ဆိုရင် အင်္ဂလိပ်စကားပြောရတာ ပိုပြီး အဆင်ပြေလာတာ တွေ့ရမှာပါ။

(၄) အင်္ဂလိပ်သတင်းချန်နယ်တွေ ပုံမှန်နားထောင်ပါ


Photo: Freepik

အင်္ဂလိပ်စကားကို သူများတွေ ဘယ်လိုပြောသလဲဆိုတာ သိအောင် နားထောင်တတ်တဲ့ အလေ့အကျင့်လုပ်သင့်ပါတယ်။ ရေဒီယိုမှာ အင်္ဂလိပ်ပိုင်း အစီအစဉ်တွေ နားထောင်တာ ၊ YouTube မှာ အင်္ဂလိပ်လို နောက်ခံစကားပြောတဲ့ ချန်နယ်နဲ့ ရုပ်သံဖိုင်တွေ ကြည့်တာမျိုး လုပ်သင့်ပါတယ်။ ဒါမှမဟုတ် အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေ ကြည့်ပါ။ လိုအပ်ရင်တော့ အောက်မှာ အင်္ဂလိပ်စာတန်းထိုးနဲ့လည်း ကြည့်လိုက်ပါ။