လူတိုင်းကတော့ လောကဓံဆိုတဲ့စကားလုံးကို ကြားဖူးမြင်မူးကြတာချည်းပါပဲ။ အသက်တစ်ရာမနေရပေမယ့် အမှုပေါင်းသောင်းခြောက်ထောင် ရင်ဆိုင်ကြုံတွေ့ရတယ်ဆိုတဲ့အရှေ့တိုင်းအယူအဆတစ်ခုရှိပါတယ်။ ကြောက်ရွံ့ပူပန်တတ်တဲ့အရာကိုလျှော့ကျသွားစေပြီးတော့ ပျော်ရွင်စရာတွေဖြစ်အောင် ပြုလုပ်ဖန်းတီးပေးနိုင်တဲ့နည်းကတော့ စနစ်တကျ တွေးခေါ်မျှော်မြင်တတ်ခြင်းပဲ့ ဖြစ်ပါတယ်။
အရာရာကိုဆိုးတဲ့အရာတစ်ခုအနေနဲ့ ဦးနှောက်ထဲရောက်ရှိလာပြီဆိုတာနဲ့ စိုးရိမ်ပူပန်စိတ်က စတင်ဖြစ်ပေါ်ပါတယ်။ တစ်ခါခါကျရင် ကိုယ်စိုးရိမ်တဲ့အရာက ဘာမှကိုစိုးရိမ်စရာမဟုတ်တဲ့ အရာတွေဖြစ်နေတက်ပါတယ်။
စိုးရိမ်ပူပန်နေတာဟာဖြစ်နေတဲ့ ဆိုးရွားတဲ့အခြေအနေကို မတားဆီးနိုင်တဲ့အပြင် ပျော်နေတက်တဲ့စိတ်ကိုတောင် ရပ်တန့်စေပါလိမ်မယ်။ စိုးရိမ်တယ်ဆိုတာမျိုးကာဆေးလေးဘာလေးသောက်ပြီးပျောက်အောင်ကုလို့ရတဲ့အရာမဟုတ်ပေမယ့် ကိုယ့်ဘဝကို စိုးရိမ်နေတာတွေ့လျှော့ပါးပြီး တစ်စထက်တစ်စပျော်ရွင်အောင်နေနိုင်မယ့်နည်းလမ်းတွေရှိပါတယ်။
၁။မိမိကိုယ်မိမိ စိုးရိမ်ပူပန်နေပါလားလို့သိလိုက်ပါ။
စိုးရိမ်တတ်တဲ့အလေ့အထရဲ့ နောက်ဆက်တွဲအကျိုးကတော့ လုံခြုံတဲ့ကိုယ့်ဘဝကိုပျက်စီးသွားအောင် အန္တရာယ်ဖြစ်စေပါတယ်။ ဦးနှောက်ထဲမှာ စိုးရိမ်စိတ်ကြီးစိုးနေပြီဆိုရင်လုပ်ဆောင်မှုတိုင်းကို ကြောက်ရွံ့တဲ့စိတ်နဲ့ လုပ်ဆောင်နေရပါပြီ။ ဆိုလိုတာက ကြောက်ရွံ့တဲ့စိတ်ကြီးထွားလာရတဲ့အကြောင်းရင်းဟာ စိုးရိမ်ပူပန်တတ်တဲ့စိတ်ကြောင့်ပါပဲ။ဒါကြောင့်တစ်အချက်အနေနဲ့ မိမိဟာ စိုးရိမ်စိတ်ရှိနေပြီဆိုရင် ငါစိုးရိမ်နေမိတာပါလားလို့ ကိုယ့်ကိုယ်ကိုအရင်သိအောင် လုပ်ဖိုလိုအပ်ပါတယ်။
၂။မိမိစိုးရိမ်နေတာကိုလက်ခံပေးလိုက်ပါ။ နားလည်ပေးလိုက်ပါ။
စိုးရိမ်တတ်ခြင်းဟာ ကြောက်ရွံတဲ့စိတ်ကို အမြဲနိုးထစေပါတယ်။ ဒါကြောင့် မိမိကိုယ်တွင်းမှာ စိုးရိမ်စိတ်ရှိနေပါလားဆိုတာကို ပထမအနေနဲ့သိထားဖို့ လိုအပ်ပါတယ်။ ငါ ဘာကြောင့်စိုးရိမ်နေရတာလဲ၊ စိုးရိမ်တာဟာ မကောင်းဘူးဆိုပြီးတော့ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ မိမိရဲ့စိတ်ကို ကိစ္စမရှိဘူး၊ အဆင်ပြေသွားလိမ်မယ် စသည့်ဖြင့် မိမိကိုယ်မိမိနှစ်သိမ့်ပေးလိုက်ပါ။ လက်ခံပေးလိုက်ပါ။
၃။မိမိရဲ့စိုးရိမ်စိတ်ကို သနားကြင်နာပေးလိုက်ပါ။
မိမိရဲ့စိုးရိမ်ပူပန်နေတဲ့စိတ်ကိုအသိအမှတ်ပြု လက်ခံပေးလိုက်ပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ် ပိုပြီးသိမြင်လာပြီးတော့ ဖြစ်နေရတဲ့အကြောင်းရင်းကို စိတ်အေးအေးနဲ့ ဖော်ထုတ်နိုင်လာပါလိမ့်မယ်။ ဖော်ထုတ်လာနိုင်တာနဲ့အမျှ မိမိကိုယ်မိမိပိုပြီးသနားကြင်နာပေးပါ။ ခွင့်လွတ်ပေးပါ။ မိမိကိုမိမိစိတ်ဆင်းရဲခြင်းမှကင်းပါစေ၊ စိတ်သောကရောက်ခြင်းမှကင်းပါစေ စသည့်ဖြင့် မေတ္တာပို့ပေးပါ။
၄။တစ်ခြားသူတွေကလည်း စိုးရိမ်စိတ်တွေရှိကြတယ်ဆိုတာကို စာနာပေးပါ။
ဘယ်လိုမျိုး စိုးရိမ်ပူပန်မှုတွေပဲဖြစ်နေနေ တစ်ခြားသောသူတွေကလဲ သင်လို့ပဲ စိုးရိမ်တတ်ကြတယ်ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ဒီစိတ်မျိုးဟာ လူတစ်ဦးချင်းမှာတင်မဟုတ်ပဲ သောင်း၊သိန်းချီတဲ့လူတွေမှာလည်း တူညီကြတဲ့စိုးရိမ်စိတ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအားနည်းချက်ပဲဖြစ်ဖြစ်၊ စိုးရိမ်ချက်ပဲဖြစ်ဖြစ် အားလုံးဟာ ကျွန်တော်တို့ရဲ့ ခံယူချက်အပေါ်မှာပဲ မူတည်ပါတယ်။ မိမိကိုယ်ကိုယ်ရှုမြင်ပြီး အဲဒီခံစားချက်ကို အသိအမှတ်ပြုပြီးတော့ ဖယ်ရှားလိုက်ဖို့ ဖြစ်ပါတယ်။
အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ။