[Zawgyi]

ေန႔စဥ္ေန႔တိုင္း ဆံပင္ေတြကို ဆံပင္အတြက္သုံးတဲ့ ကိရိယာေတြနဲ႔ ျပင္ဆင္ေနရေတာ့ အပူဒဏ္ေတြေၾကာင့္ ဆံသားေတြကအေႏွးနဲ႔ အျမန္ပ်က္စီးေစႏိုင္ပါတယ္။ ဒီလိုမ်ိဳး ဆံပင္ေတြကိုျပဳျပင္ေနတဲ့အခါေတြမွာ ဆံသားပ်က္စီးတာမ်ိဳးေတြမရွိေစဖို႔အတြက္ဆိုရင္ေတာ့ ဒီအခ်က္ေတြကို လုပ္ေပးမွရမယ္ေနာ္။ ဆံပင္ပုံစံေတြမေျပာင္းလို႔ ဆံပင္ပ်က္စီးစရာမလိုဘူးလို႔ေတာ့ မေတြးလိုက္ပါနဲ႔ေနာ္။ ေခါင္းေလွ်ာ္တဲ့အခါမွာ ဆံပင္ေတြကိုေျခာက္ေအာင္ ေလမႈတ္တဲ့အခါမွာလည္း အပူဒဏ္ေတြက သင့္ဆံသားေတြကို ပ်က္စီးလာေစႏိုင္တယ္ေနာ္။

အပူခ်ိန္ကိုေလ်ာ့ထားလိုက္ပါ

မတက္သာေတာ့လို႔ မျဖစ္မေနသုံးရေတာ့မယ္ဆိုရင္လည္း အပူခ်ိန္ကိုအနည္းဆုံးထားထားဖို႔ေတာ့ လိုအပ္ပါတယ္ေနာ္။ အပူခ်ိန္အရမ္းမ်ားလြန္းရင္ ဆံသားေတြကိုေျခာက္ေသြ႕လာၿပီး ပ်က္စီးတာမ်ိဳးေတြ ျဖစ္လာေစႏိုင္တာကိုေတာ့ သတိထားဖို႔လိုပါတယ္။

ျမန္ျမန္လုပ္ေပးဖို႔လိုပါတယ္

အသုံးျပဳတဲ့အခါမွာလည္း အခ်ိန္အၾကာႀကီးအသုံးျပဳတာက ပ်က္စီးေစႏိုင္တယ္ဆိုေတာ့ ျမန္ျမန္ၿပီးေအာင္သုံးေပးသင့္ပါတယ္ေနာ္။ ေခါင္းေလွ်ာ္ၿပီးသြားတဲ့အခါ ဆံေတြကိုေျခာက္ေအာင္ ေလနဲ႔မႈတ္တဲ့အခ်ိန္မွာလည္း အခ်ိန္အၾကာႀကီးအသုံးမျပဳေလ အေကာင္းဆုံးျဖစ္ေလပါ။

အရည္အေသြးေကာင္းတာမ်ိဳးကိုေ႐ြးခ်ယ္ပါ

အရည္အေသြးေကာင္းမြန္တဲ့ ပစၥည္းမ်ိဳးအခ်ိန္အရမ္းၾကာၿပီးေနတဲ့ ပစၥည္းမ်ိဳးေတြကိုသုံးတာကေတာ့ ဆံသားေတြအတြက္ပိုစိတ္ခ်ရၿပီး၊ မေကာင္းတဲ့အနံ႔ထြက္တာလည္း ေလ်ာ့နည္းေစမွာပဲျဖစ္ပါတယ္။

တိုးတက္လာတဲ့ေခတ္ႀကီးဆိုေတာ့လည္း အခ်ိန္ကုန္သက္သာေစဖို႔ ဒီလိုမ်ိဳး ဆံပင္အတြက္ကိရိယာေတြကို သုံးဖို႔ႀကဳံလာတဲ့အခါမွာ ဆံပင္ပ်က္စီးတာေတြကေန သက္သာေအာင္ ဒီလိုမ်ိဳးေတြလုပ္ဖို႔က လိုအပ္ပါတယ္ေနာ္။

[Unicode]

နေ့စဉ်နေ့တိုင်း ဆံပင်တွေကို ဆံပင်အတွက်သုံးတဲ့ ကိရိယာတွေနဲ့ ပြင်ဆင်နေရတော့ အပူဒဏ်တွေကြောင့် ဆံသားတွေကအနှေးနဲ့ အမြန်ပျက်စီးစေနိုင်ပါတယ်။ ဒီလိုမျိုး ဆံပင်တွေကိုပြုပြင်နေတဲ့အခါတွေမှာ ဆံသားပျက်စီးတာမျိုးတွေမရှိစေဖို့အတွက်ဆိုရင်တော့ ဒီအချက်တွေကို လုပ်ပေးမှရမယ်နော်။ ဆံပင်ပုံစံတွေမပြောင်းလို့ ဆံပင်ပျက်စီးစရာမလိုဘူးလို့တော့ မတွေးလိုက်ပါနဲ့နော်။ ခေါင်းလျှော်တဲ့အခါမှာ ဆံပင်တွေကိုခြောက်အောင် လေမှုတ်တဲ့အခါမှာလည်း အပူဒဏ်တွေက သင့်ဆံသားတွေကို ပျက်စီးလာစေနိုင်တယ်နော်။

အပူချိန်ကိုလျော့ထားလိုက်ပါ

မတက်သာတော့လို့ မဖြစ်မနေသုံးရတော့မယ်ဆိုရင်လည်း အပူချိန်ကိုအနည်းဆုံးထားထားဖို့တော့ လိုအပ်ပါတယ်နော်။ အပူချိန်အရမ်းများလွန်းရင် ဆံသားတွေကိုခြောက်သွေ့လာပြီး ပျက်စီးတာမျိုးတွေ ဖြစ်လာစေနိုင်တာကိုတော့ သတိထားဖို့လိုပါတယ်။

မြန်မြန်လုပ်ပေးဖို့လိုပါတယ်

အသုံးပြုတဲ့အခါမှာလည်း အချိန်အကြာကြီးအသုံးပြုတာက ပျက်စီးစေနိုင်တယ်ဆိုတော့ မြန်မြန်ပြီးအောင်သုံးပေးသင့်ပါတယ်နော်။ ခေါင်းလျှော်ပြီးသွားတဲ့အခါ ဆံတွေကိုခြောက်အောင် လေနဲ့မှုတ်တဲ့အချိန်မှာလည်း အချိန်အကြာကြီးအသုံးမပြုလေ အကောင်းဆုံးဖြစ်လေပါ။

အရည်အသွေးကောင်းတာမျိုးကိုရွေးချယ်ပါ

အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းမျိုးအချိန်အရမ်းကြာပြီးနေတဲ့ ပစ္စည်းမျိုးတွေကိုသုံးတာကတော့ ဆံသားတွေအတွက်ပိုစိတ်ချရပြီး၊ မကောင်းတဲ့အနံ့ထွက်တာလည်း လျော့နည်းစေမှာပဲဖြစ်ပါတယ်။

တိုးတက်လာတဲ့ခေတ်ကြီးဆိုတော့လည်း အချိန်ကုန်သက်သာစေဖို့ ဒီလိုမျိုး ဆံပင်အတွက်ကိရိယာတွေကို သုံးဖို့ကြုံလာတဲ့အခါမှာ ဆံပင်ပျက်စီးတာတွေကနေ သက်သာအောင် ဒီလိုမျိုးတွေလုပ်ဖို့က လိုအပ်ပါတယ်နော်။

Featured Image Source: curlingdiva.com