ဟယ်လို… အားလုံးပဲ မင်္ဂလာပါနော်။ စွဲမက်ဖို့ကောင်းတဲ့ ဓာတ်ပုံတစ်ပုံက သင့်ရဲ့ အလှကို ပံ့ပိုးပေးပါတယ်။ သင်က ဘယ်လိုမိန်းကလေးမျိုးလဲ၊ ရင့်ကျက်တည်ငြိမ်ပြီး မိန်းကလေးဆန်တဲ့ သူတစ်ယောက်လား စတာတွေကို ဆွဲဆောင်မှုရှိတဲ့ ပုံတွေက ဖော်ပြနေပါတယ်။ မိန်းကလေးအများစု ရိုက်နေကျပုံစံက လက်နှစ်ချောင်းထောင်မယ်၊ Cute ပုံစံလေးလုပ်မယ်။ ဒီနည်းလမ်းတွေပါပဲ။ ချစ်စရာကောင်းတာမဟုတ်ဘဲ ဆွဲဆောင်မှုရှိတဲ့ပုံမျိုး မရိုက်ချင်ဘူးလား။

ကိုယ့်ကို လမ်းခွဲသွားတဲ့ လူတစ်ယောက်ကို နောင်တရစေချင်ရင် သင့်ရဲ့ ဆွဲဆောင်မှုရှိတဲ့ ဓာတ်ပုံက လက်နက်တစ်ခုပါပဲ။ ကိုယ့်ရဲ့ ဂန္တဝင်ဆန်တဲ့ အလှကို ပုရိသတွေမြင်အောင် မပြောပြချင်ဘူးလား။ ကဲ အများကြီးပြောမနေတော့ပါဘူး။ ဘယ်လိုနေလိုက်ရင် နန်းဆန်တဲ့ပုံစံလေးရမလဲ ကြည့်လိုက်ရအောင်နော်။

ဆွဲဆောင်မှုရှိတဲ့ ပုံတစ်ပုံရဖို့အရေးကြီးတဲ့အချက်သုံးချက်ကတော့

၁။ နှုတ်ခမ်းနီရင့်ရင့်လေးဖြစ်ရမယ်

၂။ ဆံပင်က သပ်သပ်ရပ်ရပ်ရှိရမယ်

၃။ Bare Face မဟုတ်ဘဲ ပြင်ဆင်ထားတဲ့မျက်နှာပုံစံဖြစ်ရပါမယ်။

ဒီလိုမှ ကိုယ်လိုချင်တဲ့ပုံစံမျိုးရမှာပါ။ ဆက်ကြည့်လိုက်ရအောင်နော်။

Photo Source: Pinterest

By MyStyle Myanmar