[Zawgyi]

လက္ေတြ႕က်က် ရင္ဆိုင္လိုက္ပါ။ တခါတေလ ဘ၀ကအခက္အခဲေတြနဲ႕ ျပည့္ေနတတ္သလို ေမွ်ာ္လင့္မထားတာေတြ နဲ႕လည္း ႀကံဳေတြ႕လာရႏိုင္ပါတယ္။ လူတေယာက္ႏွင့္တေယာက္ နာက်င္မႈေတြကိုျဖစ္ေစႏိုင္သလို ေတြ႕ဆံုႀကံဳ ကြဲေတြကိုလည္း ရင္ဆိုင္လာႏိုင္ပါတယ္။ ဒါ့ေႀကာင့္ တခါတေလမွာ ဘ၀ဟာ မိမိကိုင္တြယ္ႏိုင္တာထက္ ပိုမိုခက္ခဲ၊ ႀကမ္းတမ္းတာကို ေတြ႕ျမင္ႏုိင္ပါတယ္။

Source: salomonazzi.com.br

ဒါေပမယ့္ အခက္အခဲအမ်ားစုဟာ သင္ခန္းစာနဲ႕ တြဲဖက္လာတတ္ၿပီး သိျမင္နားလည္သြားသည့္ အခါမွာေတာ့ အလြယ္တကူေက်ာ္လႊားသြားႏိုင္ၿပီး ကိုယ့္အနာဂတ္အတြက္ေတာင္ အေထာက္အကူျပဳႏိုင္ပါတယ္။ ဘ၀မွာအခက္အ ခဲမ်ား ႀကံဳေတြ႕လာသည့္အခ်ိန္၊ မိမိအေရွ႕မွာ အတားအဆီးတို႕ ပိတ္ပင္ေနသည္ဟု ခံစားမိသည့္အခ်ိန္မ်ားတြင္ ေအာက္ပါအခ်က္တို႕ကို အသံုးျပဳၿပီး ျဖတ္ေက်ာ္သြားႏိုင္ရန္ ေမွ်ာ္လင့္ၿပီး ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ အၿမဲတေစ ျဖစ္ေပၚေနမွာမဟုတ္ပါဘူး။

Source: Fluxus.tv

ေျပာင္းလဲမႈဆိုတာ ဘ၀ရဲ႕အစိတ္အပိုင္း တစ္ခုျဖစ္ၿပီးဘယ္လိုမွ မေျပာင္းလဲႏိုင္သည့္အတြက္ အရွိကိုအရွိအတိုင္း လက္ခံတတ္ဖို႕လုိပါတယ္။ ဒါေပမယ့္ အရာအားလံုးက အခ်ိန္ၿပည့္မေျပာင္းမလဲ၊ တသမတ္တည္းျဖစ္ေပၚေနမွာ မဟုတ္သည့္အတြက္ အေကာင္းေတြလည္းျဖစ္လာႏိုင္တာကို နားလည္သတိရဖို႕ လိုေပသည္။

၁။ သင္ယူတတ္ပါ။

Source: Boing Boing

ယေန႕ႀကံဳေတြ႕ရတဲ့အခက္အခဲေတြဟာ ေနာက္ေန႕အတြက္ အားအင္ကိုျဖစ္ေစတယ္ဆိုၿပီး လူႀကီးေတြ ေျပာစမွတ္ရွိပါ တယ္။ ေလာကမွာဘယ္သူမွ ၿပီးၿပည့္စံုတယ္ဆိုတာ မရွိပါဘူး။ လူတိုင္းလူတိုင္းမွာ ၿပင္ဆင္ညိုယူရမည့္ အခ်က္ေတြ ရွိတဲ့အတြက္ ကိုယ့္ကိုယ္ကို အျပစ္တင္၊ ရႈံ႕ခ်ေနမည့္အစား အေကာင္းဘက္ကေန သင္ယူတတ္ဖို႕ လိုအပ္ပါတယ္။ ကိုယ့္အျပစ္ကုိကိုယ္သိနားလည္ဖို႕ မလြယ္ကူေသာ္လည္း သိသြားသည့္အခါမွာ ပိုမိုထူးျခားေကာင္းမြန္သည့္လမ္းကို ေလွ်ာက္လွမ္းသြားႏိုင္မွာ ျဖစ္ပါတယ္။

၃။ ခြင့္လႊတ္ေပးပါ သို႕မဟုတ္ ခြင့္လႊတ္မႈကိုရယူပါ။

Source: fatherbroom.com

လူတစ္ေယာက္ကို ခြင့္လႊတ္ေပးလိုက္ျခင္းက ထုိလူျပဳလုပ္ခဲ့သမွ်ကိုိ လက္ခံေပးလိုက္ျခင္းမဟုတ္ဘဲ မိမိရဲ႕စိတ္ကို သက္သာမႈရေစရန္အတြက္ျဖစ္ေပသည္။ သူတပါးအေပၚ အမွားလုပ္မိသည့္အခါမွာလည္း ခြင့္လႊတ္မႈကို ေတာင္းခံ တတ္ ရန္လိုအပ္ေပသည္။ ခြင့္လႊတ္မႈဆိုသည္မွာ ျဖစ္စဥ္တစ္ခုပင္ျဖစ္ေသာ္ျငား ကာယကံရွင္က ခြင့္လႊတ္ရန္စိတ္အား ထက္သန္ပါက ဘ၀က အဆေပါင္းမ်ားစြာ ပိုမိုေကာင္းမြန္လာမွာပါ။

၄။ ပစၥဳပၸန္တြင္ ေနထုိင္ပါ။

Source: The Writing Cooperative

အတိတ္တြင္ျဖစ္ခဲ့သမွ်ကို ေမ့ေပ်ာက္ၿပီး အနာဂတ္မွာလည္း ဘာေတြျဖစ္လာမလဲကို ေတြးပူေနမည့္အစား လက္ရွိ ပစၥဳပၸန္ကိုပဲ အဓိပၸာယ္ရွိရွိေနထုိင္ပါ။ လက္ရွိအခ်ိန္ကို အာရံုစိုက္လိုက္ျခင္းျဖင့္ ကိုယ္လုပ္ႏိုင္သမွ် အားလံုးကိုအတတ္ ႏိုင္ဆံုး ႀကိဳးစားလုပ္ေဆာင္လုိက္ပါ။

၆။ အံ့ႀသဖြယ္ရာမ်ား ျဖစ္ေပၚလာႏိုင္သည္ကို ယံုႀကည္ပါ။

Source: International Sri Krishna Mandir

အခက္အခဲေတြႀကားတြင္ေတာင္မွ အိပ္မက္မ်ားႏွင့္ ေမွ်ာ္လင့္ခ်က္ လုိအပ္သည့္အတြက္ တခါတေလမွာမျဖစ္ႏိုင္သည့္ အရာမ်ားကတကယ္ျဖစ္လာႏိုင္ပါသည္။ အခ်ိန္ျပည့္မေကာင္းဖက္ကခ်ည္း ေတြးျမင္ေနပါက မိမိတို႕၏ဘ၀တြင္လည္း မေကာင္းမႈေတြကို ျဖစ္ေပၚေစႏိုင္ပါသည္။ ကိုယ့္အတြက္ ဒီေလာက္သာျဖစ္ႏုိင္သည္ဆိုၿပီး မိမိကိုယ္ကိုကန္႕ သတ္ထားပါက ဘ၀မွာမည္သည့္အရာကိုမွ ပိုင္ဆိုင္ႏိုင္ေတာ့မည္မဟုတ္ေပ။

[Unicode]

လက်တွေ့ကျကျ ရင်ဆိုင်လိုက်ပါ။ တခါတလေ ဘဝကအခက်အခဲတွေနဲ့ ပြည့်နေတတ်သလို မျှော်လင့်မထားတာတွေ နဲ့လည်း ကြုံတွေ့လာရနိုင်ပါတယ်။ လူတယောက်နှင့်တယောက် နာကျင်မှုတွေကိုဖြစ်စေနိုင်သလို တွေ့ဆုံကြုံ ကွဲတွေကိုလည်း ရင်ဆိုင်လာနိုင်ပါတယ်။ ဒါ့ကြောင့် တခါတလေမှာ ဘဝဟာ မိမိကိုင်တွယ်နိုင်တာထက် ပိုမိုခက်ခဲ၊ ကြမ်းတမ်းတာကို တွေ့မြင်နိုင်ပါတယ်။

Source: salomonazzi.com.br

ဒါပေမယ့် အခက်အခဲအများစုဟာ သင်ခန်းစာနဲ့ တွဲဖက်လာတတ်ပြီး သိမြင်နားလည်သွားသည့် အခါမှာတော့ အလွယ်တကူကျော်လွှားသွားနိုင်ပြီး ကိုယ့်အနာဂတ်အတွက်တောင် အထောက်အကူပြုနိုင်ပါတယ်။ ဘဝမှာအခက်အ ခဲများ ကြုံတွေ့လာသည့်အချိန်၊ မိမိအရှေ့မှာ အတားအဆီးတို့ ပိတ်ပင်နေသည်ဟု ခံစားမိသည့်အချိန်များတွင် အောက်ပါအချက်တို့ကို အသုံးပြုပြီး ဖြတ်ကျော်သွားနိုင်ရန် မျှော်လင့်ပြီး ဖော်ပြပေးလိုက်ရပါတယ်။

၁။ အမြဲတစေ ဖြစ်ပေါ်နေမှာမဟုတ်ပါဘူး။

Source: Fluxus.tv

ပြောင်းလဲမှုဆိုတာ ဘဝရဲ့အစိတ်အပိုင်း တစ်ခုဖြစ်ပြီးဘယ်လိုမှ မပြောင်းလဲနိုင်သည့်အတွက် အရှိကိုအရှိအတိုင်း လက်ခံတတ်ဖို့လိုပါတယ်။ ဒါပေမယ့် အရာအားလုံးက အချိန်ပြည့်မပြောင်းမလဲ၊ တသမတ်တည်းဖြစ်ပေါ်နေမှာ မဟုတ်သည့်အတွက် အကောင်းတွေလည်းဖြစ်လာနိုင်တာကို နားလည်သတိရဖို့ လိုပေသည်။

၁။ သင်ယူတတ်ပါ။

Source: Boing Boing

ယနေ့ကြုံတွေ့ရတဲ့အခက်အခဲတွေဟာ နောက်နေ့အတွက် အားအင်ကိုဖြစ်စေတယ်ဆိုပြီး လူကြီးတွေ ပြောစမှတ်ရှိပါ တယ်။ လောကမှာဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ လူတိုင်းလူတိုင်းမှာ ပြင်ဆင်ညိုယူရမည့် အချက်တွေ ရှိတဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်၊ ရှုံ့ချနေမည့်အစား အကောင်းဘက်ကနေ သင်ယူတတ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်အပြစ်ကိုကိုယ်သိနားလည်ဖို့ မလွယ်ကူသော်လည်း သိသွားသည့်အခါမှာ ပိုမိုထူးခြားကောင်းမွန်သည့်လမ်းကို လျှောက်လှမ်းသွားနိုင်မှာ ဖြစ်ပါတယ်။

၃။ ခွင့်လွှတ်ပေးပါ သို့မဟုတ် ခွင့်လွှတ်မှုကိုရယူပါ။

Source: fatherbroom.com

လူတစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်ခြင်းက ထိုလူပြုလုပ်ခဲ့သမျှကို လက်ခံပေးလိုက်ခြင်းမဟုတ်ဘဲ မိမိရဲ့စိတ်ကို သက်သာမှုရစေရန်အတွက်ဖြစ်ပေသည်။ သူတပါးအပေါ် အမှားလုပ်မိသည့်အခါမှာလည်း ခွင့်လွှတ်မှုကို တောင်းခံ တတ် ရန်လိုအပ်ပေသည်။ ခွင့်လွှတ်မှုဆိုသည်မှာ ဖြစ်စဉ်တစ်ခုပင်ဖြစ်သော်ငြား ကာယကံရှင်က ခွင့်လွှတ်ရန်စိတ်အား ထက်သန်ပါက ဘဝက အဆပေါင်းများစွာ ပိုမိုကောင်းမွန်လာမှာပါ။

၄။ ပစ္စုပ္ပန်တွင် နေထိုင်ပါ။

Source: The Writing Cooperative

အတိတ်တွင်ဖြစ်ခဲ့သမျှကို မေ့ပျောက်ပြီး အနာဂတ်မှာလည်း ဘာတွေဖြစ်လာမလဲကို တွေးပူနေမည့်အစား လက်ရှိ ပစ္စုပ္ပန်ကိုပဲ အဓိပ္ပာယ်ရှိရှိနေထိုင်ပါ။ လက်ရှိအချိန်ကို အာရုံစိုက်လိုက်ခြင်းဖြင့် ကိုယ်လုပ်နိုင်သမျှ အားလုံးကိုအတတ် နိုင်ဆုံး ကြိုးစားလုပ်ဆောင်လိုက်ပါ။

၆။ အံ့သြဖွယ်ရာများ ဖြစ်ပေါ်လာနိုင်သည်ကို ယုံကြည်ပါ။

Source: International Sri Krishna Mandir

အခက်အခဲတွေကြားတွင်တောင်မှ အိပ်မက်များနှင့် မျှော်လင့်ချက် လိုအပ်သည့်အတွက် တခါတလေမှာမဖြစ်နိုင်သည့် အရာများကတကယ်ဖြစ်လာနိုင်ပါသည်။ အချိန်ပြည့်မကောင်းဖက်ကချည်း တွေးမြင်နေပါက မိမိတို့၏ဘဝတွင်လည်း မကောင်းမှုတွေကို ဖြစ်ပေါ်စေနိုင်ပါသည်။ ကိုယ့်အတွက် ဒီလောက်သာဖြစ်နိုင်သည်ဆိုပြီး မိမိကိုယ်ကိုကန့် သတ်ထားပါက ဘဝမှာမည်သည့်အရာကိုမှ ပိုင်ဆိုင်နိုင်တော့မည်မဟုတ်ပေ။