[Zawgyi]

သြယ္လ်လွပၿပီး အဆီပိုေတြမ႐ွိတဲ့ ခႏၶာကိုယ္ကိုု လူတိုုင္း ပိုင္ဆိုင္ခ်င္ၾကတာေပါ့ေနာ္။ စိတ္အားထက္သန္ေနတဲ့ အခ်ိန္မ်ိဳးမွာေတာ့ ဝုုန္းဒိုင္းဆိုုၿပီး ျပင္းထန္တဲ့ေလ့က်င့္ခန္းေတြကိုု ျပဳလုုပ္ႏိုင္ေပမယ့္ ေကာက္႐ိုးမီးက အခ်ိန္ၾကာလာတာနဲ႔အမွ် တျဖည္းျဖည္းၿငိမ္းသြားပါေတာ့တယ္။ အဲ့ဒီလိုမျဖစ္ရေလေအာင္ ေလ့က်င့္ခန္း မွန္မွန္ျပဳလုပ္ဖို႔ စိတ္ဓာတ္စစ္ဆင္ေရးကိုု ဘယ္လိုုျပဳလုုပ္ၾကမလဲဆိုတာကိုု အတူတူဖတ္ၾကည့္ရေအာင္ေနာ္။

အားကစားျပဳလုပ္တဲ့ေန႔က်မွ ေခါင္းေလွ်ာ္ပါ

အားကစားျပဳလုုပ္ၿပီး ေခါင္းေလွ်ာ္လိုက္ျခင္းက သင့္ကိုု တက္ၾကြလန္းဆန္းေစပါတယ္။ အဲ့ဒီခံစားခ်က္ကိုု ေတာင့္တမိမွ အားကစားလုုပ္ခ်င္စိတ္ျဖစ္လာပါလိမ့္မယ္။

အားကစားဝတ္စံု ဝတ္ၾကည့္ပါ

ဒီေန႔ေတာ့ ေလ့က်င့္ခန္း မလုုပ္ေတာ့ပါဘူး။ တစ္ရက္တစ္ေလနားတာ ဘာမွမျဖစ္ပါဘူးလိုု႔ ထင္တဲ့အခ်ိန္မ်ဳိး ႀကံဳလာခဲ့ရင္ အားကစားဝတ္စံုုသာ ေကာက္ဝတ္လိုုက္ပါ။ ေလ့က်င့္ခန္းမလုုပ္တဲ့ရက္ေတြမ်ားလာရင္ အက်င့္ပါသြားၿပီး လံုုးဝမလုပ္မိဖို႔က ရာခိုုင္ႏႈန္းမ်ားေနလိုု႔ပါပဲ။

ေလ့က်င့္ခန္းျပဳလုုပ္ၿပီးေနာက္မွာ ခံစားရတဲ့စိတ္ခံစားခ်က္ကိုု ခ်ေရးထားပါ

ေလ့က်င့္ခန္းမလုုပ္ခ်င္တဲ့ေန႔ေတြ ႀကံဳလာခဲ့ရင္ ကိုုယ္ေရးထားတဲ့ အေၾကာင္းအရာေလးေတြကိုု ဖြင့္ဖတ္ၾကည့္ပါ။

ဘာ့ေၾကာင့္ စခဲ့လဲဆိုုတာ သတိရပါ

ေဘာင္းဘီတိုု၊ စကပ္တိုုေလးေတြ ဝတ္ရတာ ယံုုၾကည္ခ်က္ေလ်ာ့နည္းလာလိုု႔ အဝတ္အစားဝတ္လိုုက္တိုုင္းလည္း ဟိုုေနရာ၊ ဒီေနရာက အဆီပိုုေတြေၾကာင့္ စိတ္ညစ္လာလိုု႔ ေလ့က်င့္ခန္းလုုပ္လာၾကတာပါ။ ဒါ့ေၾကာင့္ မိမိလက္ေလ်ာ့ခ်င္တဲ့အခ်ိန္မ်ိဳးေရာက္လာရင္ ဘာေၾကာင့္ စခဲ့သလဲဆိုုတာကိုုသာ သတိရလိုုက္ပါ။

အေဖာ္အေပါင္းေတြနဲ႔ ေလ့က်င့္ခန္းျပဳလုုပ္ပါ

အုုပ္စုုလိုုက္ ေလ့က်င့္ခန္းျပဳလုုပ္ျခင္းကလည္း သင့္ကိုု အၿမဲတမ္း စိတ္အားထက္သန္ေအာင္ ျပဳလုုပ္ေပးပါလိမ့္မယ္။

ကိုယ့္ကိုအားေပးေနတဲ့ ပရိသတ္အေျမာက္အျမား႐ွိတယ္လိုု႔ မွတ္ယူပါ

ျပင္းထန္တဲ့အားကစားျပဳလုပ္ဖို႔ စိတ္မပါေတာ့ဘူးဆိုရင္ မိမိကိုုယ္ကိုု တကယ့္ဝါရင့္အားကစားသမားတစ္ေယာက္၊ ၾကည့္႐ႈအားေပးတဲ့ ပရိတ္သတ္ေတြကလည္း ကိုယ့္ကိုႏိုင္ေစခ်င္တယ္ဆိုုတဲ့ ပံုရိပ္ကိုု ပံုေဖာ္ၾကည့္လိုုက္ပါ။

အေသးစားစိန္ေခၚမႈေလးေတြ ျပဳလုုပ္ပါ

မိမိကိုယ္ကို စိန္ေခၚျခင္းကလည္း ေလ့က်င့္ခန္းျပဳလုုပ္ရာမွာ အေရးပါ ပါတယ္။

သင့္ကိုု အားေပးႏိုင္မယ့္ သူငယ္ခ်င္းနဲ႔ အတူတူေလ့က်င့္ခန္း ျပဳလုုပ္ပါ

သီခ်င္းနားေထာင္ပါ

သီခ်င္းနားေထာင္ရင္း ေလ့က်င့္ခန္း ျပဳလုုပ္ျခင္းက သင့္ကိုုအာ႐ံုုစူးစိုုက္ႏိုုင္ေအာင္ ကူညီေပးပါလိမ့္မယ္။

က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အစားအေသာက္စားသံုုးေပးဖို႔လည္း မေမ့ပါနဲ႔

ေလ့က်င့္ခန္းျပဳလုုပ္ျခင္းနဲ႔ အစားအေသာက္ဆင္ျခင္ျခင္းက  နတ္ဖက္တဲ့စံုတြဲေတြပါပဲ။

မိမိႏွစ္သက္တဲ့ ကိုုယ္လက္လႈပ္႐ွားအားကစား တစ္ခုုခုုကိုုလည္း ျပဳလုုပ္ေပးပါ

တစ္ေယာက္ေယာက္နဲ႔ ယွဥ္ၿပိဳင္ပါ

Gym မွာ သြားေဆာ့တယ္ဆိုုရင္ ကိုယ့္ေဘးနားက ေလ့က်င့္ခန္းျပဳလုုပ္တဲ့သူနဲ႔ တိတ္တိတ္ေလး ၿပိဳင္လုုပ္ၾကည့္ပါ။ ယွဥ္ၿပိဳင္ျခင္းေလာက္ စိတ္အားထက္သန္မႈကိုု ေပးစြမ္းႏိုုင္တဲ့အရာမ႐ွိပါဘူး။

Source: www.buzzfeed.com

[Unicode]

သွယ်လျလှပပြီး အဆီပိုတွေမရှိတဲ့ ခန္ဓာကိုယ်ကို လူတိုင်း ပိုင်ဆိုင်ချင်ကြတာပေါ့နော်။ စိတ်အားထက်သန်နေတဲ့ အချိန်မျိုးမှာတော့ ဝုန်းဒိုင်းဆိုပြီး ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ပေမယ့် ကောက်ရိုးမီးက အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းငြိမ်းသွားပါတော့တယ်။ အဲ့ဒီလိုမဖြစ်ရလေအောင် လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ဖို့ စိတ်ဓာတ်စစ်ဆင်ရေးကို ဘယ်လိုပြုလုပ်ကြမလဲဆိုတာကို အတူတူဖတ်ကြည့်ရအောင်နော်။

အားကစားပြုလုပ်တဲ့နေ့ကျမှ ခေါင်းလျှော်ပါ

အားကစားပြုလုပ်ပြီး ခေါင်းလျှော်လိုက်ခြင်းက သင့်ကို တက်ကြွလန်းဆန်းစေပါတယ်။ အဲ့ဒီခံစားချက်ကို တောင့်တမိမှ အားကစားလုပ်ချင်စိတ်ဖြစ်လာပါလိမ့်မယ်။

အားကစားဝတ်စုံ ဝတ်ကြည့်ပါ

ဒီနေ့တော့ လေ့ကျင့်ခန်း မလုပ်တော့ပါဘူး။ တစ်ရက်တစ်လေနားတာ ဘာမှမဖြစ်ပါဘူးလို့ ထင်တဲ့အချိန်မျိုး ကြုံလာခဲ့ရင် အားကစားဝတ်စုံသာ ကောက်ဝတ်လိုက်ပါ။ လေ့ကျင့်ခန်းမလုပ်တဲ့ရက်တွေများလာရင် အကျင့်ပါသွားပြီး လုံးဝမလုပ်မိဖို့က ရာခိုင်နှုန်းများနေလို့ပါပဲ။

လေ့ကျင့်ခန်းပြုလုပ်ပြီးနောက်မှာ ခံစားရတဲ့စိတ်ခံစားချက်ကို ချရေးထားပါ

လေ့ကျင့်ခန်းမလုပ်ချင်တဲ့နေ့တွေ ကြုံလာခဲ့ရင် ကိုယ်ရေးထားတဲ့ အကြောင်းအရာလေးတွေကို ဖွင့်ဖတ်ကြည့်ပါ။

ဘာ့ကြောင့် စခဲ့လဲဆိုတာ သတိရပါ

ဘောင်းဘီတို၊ စကပ်တိုလေးတွေ ဝတ်ရတာ ယုံကြည်ချက်လျော့နည်းလာလို့ အဝတ်အစားဝတ်လိုက်တိုင်းလည်း ဟိုနေရာ၊ ဒီနေရာက အဆီပိုတွေကြောင့် စိတ်ညစ်လာလို့ လေ့ကျင့်ခန်းလုပ်လာကြတာပါ။ ဒါ့ကြောင့် မိမိလက်လျော့ချင်တဲ့အချိန်မျိုးရောက်လာရင် ဘာကြောင့် စခဲ့သလဲဆိုတာကိုသာ သတိရလိုက်ပါ။

အဖော်အပေါင်းတွေနဲ့ လေ့ကျင့်ခန်းပြုလုပ်ပါ

အုပ်စုလိုက် လေ့ကျင့်ခန်းပြုလုပ်ခြင်းကလည်း သင့်ကို အမြဲတမ်း စိတ်အားထက်သန်အောင် ပြုလုပ်ပေးပါလိမ့်မယ်။

ကိုယ့်ကိုအားပေးနေတဲ့ ပရိသတ်အမြောက်အမြားရှိတယ်လို့ မှတ်ယူပါ

ပြင်းထန်တဲ့အားကစားပြုလုပ်ဖို့ စိတ်မပါတော့ဘူးဆိုရင် မိမိကိုယ်ကို တကယ့်ဝါရင့်အားကစားသမားတစ်ယောက်၊ ကြည့်ရှုအားပေးတဲ့ ပရိတ်သတ်တွေကလည်း ကိုယ့်ကိုနိုင်စေချင်တယ်ဆိုတဲ့ ပုံရိပ်ကို ပုံဖော်ကြည့်လိုက်ပါ။

အသေးစားစိန်ခေါ်မှုလေးတွေ ပြုလုပ်ပါ

မိမိကိုယ်ကို စိန်ခေါ်ခြင်းကလည်း လေ့ကျင့်ခန်းပြုလုပ်ရာမှာ အရေးပါ ပါတယ်။

သင့်ကို အားပေးနိုင်မယ့် သူငယ်ချင်းနဲ့ အတူတူလေ့ကျင့်ခန်း ပြုလုပ်ပါ

သီချင်းနားထောင်ပါ

သီချင်းနားထောင်ရင်း လေ့ကျင့်ခန်း ပြုလုပ်ခြင်းက သင့်ကိုအာရုံစူးစိုက်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်စားသုံးပေးဖို့လည်း မမေ့ပါနဲ့

လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ အစားအသောက်ဆင်ခြင်ခြင်းက  နတ်ဖက်တဲ့စုံတွဲတွေပါပဲ။

မိမိနှစ်သက်တဲ့ ကိုယ်လက်လှုပ်ရှားအားကစား တစ်ခုခုကိုလည်း ပြုလုပ်ပေးပါ

တစ်ယောက်ယောက်နဲ့ ယှဉ်ပြိုင်ပါ

Gym မှာ သွားဆော့တယ်ဆိုရင် ကိုယ့်ဘေးနားက လေ့ကျင့်ခန်းပြုလုပ်တဲ့သူနဲ့ တိတ်တိတ်လေး ပြိုင်လုပ်ကြည့်ပါ။ ယှဉ်ပြိုင်ခြင်းလောက် စိတ်အားထက်သန်မှုကို ပေးစွမ်းနိုင်တဲ့အရာမရှိပါဘူး။

Source: www.buzzfeed.com

Featured Image Source: freepik.es