[Zawgyi]

အလုပ္တိုင္းကေတာ့ စိတ္ဖိစီးမႈေတြနဲ႔ ၾကံဳေတြ႔ရမွာပါပဲ။ ဒီအလုပ္မွာ စိတ္ဖိစီးမႈ တအားမ်ားလို႔ဆိုၿပီး ေနာက္အလုပ္တစ္ခုကို ေျပာင္းမယ္ဆိုလည္း စိတ္ဖိစီးမႈေတြကေတာ့ ထပ္ၾကံဳလာဦးမွာပါပဲ။ ဘယ္နယ္ပယ္မွာပဲလုပ္လုပ္ ကိုယ္ကၽြမ္းက်င္လွပါတယ္ဆိုတဲ႔ နယ္ပယ္ေတြမွာေတာင္ စိတ္ဖိစီးမႈေတြက ရွိစၿမဲပါ။ဒါေၾကာင့္ မိမိလုပ္ကိုင္ေနတဲ့အလုပ္ခြင္က စိတ္ဖိစီးမႈမ်ားတယ္ဆိုရင္ အခုေျပာျပမယ့္နည္းလမ္းေလးေတြလုပ္ေဆာင္ၾကည့္ဖို႔အႀကံျပဳခ်င္ပါတယ္။

(၁) အလုပ္အေပၚေစတနာထားပါ

Source : Apithano.gr

အလုပ္အေပၚ ေစတနာထားဖို႔ကလည္း အေရးႀကီးဆံုးအခ်က္ပါပဲ။ ေစတနာထားလိုက္ရင္ စိတ္မဖိစီးေတာ့ဘူးလားလို႔ ေမးခြန္းထုတ္စရာရွိပါတယ္။ ဒါေပမယ့္ ေစတနာသာတကယ္ထားၿပီး အလုပ္ကို စိတ္ပါလက္ပါ လုပ္ကိုင္မယ္ဆိုရင္ အလုပ္ရဲ႕ ရလာဒ္ကို ကိုယ္ကိုယ္တိုင္ အားရေက်နပ္ၿပီး အလုပ္နဲ႔ ပတ္သက္တဲ႔ စိတ္ဖိစီးမႈေတြနဲ႔လည္း ေဝးသြားပါလိမ္႔မယ္။

(၂) လုပ္ရမယ့္အလုပ္ေတြကို ေသခ်ာေရးဆြဲၾကည့္ပါ

Source : Wday

လုပ္ငန္းခြင္ထဲမွာ စိတ္ဖိစီးမႈေတြ မရွိေအာင္လို႔ ပထမဆံုးအေနနဲ႔ ကိုယ္လုပ္ရမယ့္အလုပ္ေတြကို အစီအစဥ္တက်ၿဖစ္ေအာင္ Plan ဆြဲပါ။ Plan ဆြဲၿပီး ၿပီးသြားတာမ်ိဴးလည္း မလုပ္ပါနဲ႔။ အဲဒီအစီအစဥ္ေတြအတိုင္း စနစ္တက် လုပ္ေဆာင္ပါ။

(၃) အလုပ္ထဲမွာ အဆင္ေျပေအာင္ ႀကိဳးစားေနထိုင္ၾကည့္ပါ

Source : stock.adobe

အလုပ္ထဲက ကိုယ္နဲ႔ အဆင္မေျပတဲ႔သူေတြနဲ႔လည္း သင့္ျမတ္ေအာင္ေနဖို႔ ၾကိဳးစားၾကည့္ပါ။ လုပ္ငန္းခြင္ဟာ တကယ္ေတာ့ တေန႔တာရဲ႕ အခ်ိန္ေတာ္ေတာ္မ်ားမ်ား ျဖတ္ေက်ာ္ရတဲ႔ ေနရာပါ။ ဒီေတာ့ လုပ္ငန္းခြင္အတြင္းမွာ ကိုယ္နဲ႔ အဆင္မေျပ မသင့္ျမတ္ဘူးဆိုကတည္းက ဒီလူေတြဟာ ကိုယ့္ကိုစိတ္အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ စိတ္အေနွာင့္အယွက္အေသးေလးကေန ႀကီးထြားလာတဲ႔အခါ စိတ္ဖိစီးမႈေတြ ျဖစ္လာပါလိမ့္မယ္။

(၄) အလုပ္ကလြဲရင္ ဘယ္သူ႔စကားကုိမွ အေလးစိုက္မေနပါနဲ႔

Source : Shutterstock

ေဘးကစကားအမွားေတြ ၊ စိတ္ဓာတ္က်ခ်င္စရာ အတင္းအဖ်င္းေတြကလည္း တကယ္ကို စိတ္ဖိစီးခ်င္စရာေတြပါ။ ဒီေတာ့ ဒီလို အတင္းအဖ်င္း နဲ႔ ဘာမဟုတ္တဲ့ ေကာလဟာလေတြကို နားေထာင္ေနမယ့္အစား အလုပ္ကိုပဲ ေသခ်ာ အာရံုစိုက္ၿပီး လုပ္ပါ။

[Unicode]

အလုပ်တိုင်းကတော့ စိတ်ဖိစီးမှုတွေနဲ့ ကြုံတွေ့ရမှာပါပဲ။ ဒီအလုပ်မှာ စိတ်ဖိစီးမှု တအားများလို့ဆိုပြီး နောက်အလုပ်တစ်ခုကို ပြောင်းမယ်ဆိုလည်း စိတ်ဖိစီးမှုတွေကတော့ ထပ်ကြုံလာဦးမှာပါပဲ။ ဘယ်နယ်ပယ်မှာပဲလုပ်လုပ် ကိုယ်ကျွမ်းကျင်လှပါတယ်ဆိုတဲ့ နယ်ပယ်တွေမှာတောင် စိတ်ဖိစီးမှုတွေက ရှိစမြဲပါ။ဒါကြောင့် မိမိလုပ်ကိုင်နေတဲ့အလုပ်ခွင်က စိတ်ဖိစီးမှုများတယ်ဆိုရင် အခုပြောပြမယ့်နည်းလမ်းလေးတွေလုပ်ဆောင်ကြည့်ဖို့အကြံပြုချင်ပါတယ်။

(၁) အလုပ်အပေါ်စေတနာထားပါ

Source : Apithano.gr

အလုပ်အပေါ် စေတနာထားဖို့ကလည်း အရေးကြီးဆုံးအချက်ပါပဲ။ စေတနာထားလိုက်ရင် စိတ်မဖိစီးတော့ဘူးလားလို့ မေးခွန်းထုတ်စရာရှိပါတယ်။ ဒါပေမယ့် စေတနာသာတကယ်ထားပြီး အလုပ်ကို စိတ်ပါလက်ပါ လုပ်ကိုင်မယ်ဆိုရင် အလုပ်ရဲ့ ရလာဒ်ကို ကိုယ်ကိုယ်တိုင် အားရကျေနပ်ပြီး အလုပ်နဲ့ ပတ်သက်တဲ့ စိတ်ဖိစီးမှုတွေနဲ့လည်း ဝေးသွားပါလိမ့်မယ်။

(၂) လုပ်ရမယ့်အလုပ်တွေကို သေချာရေးဆွဲကြည့်ပါ

Source : Wday

လုပ်ငန်းခွင်ထဲမှာ စိတ်ဖိစီးမှုတွေ မရှိအောင်လို့ ပထမဆုံးအနေနဲ့ ကိုယ်လုပ်ရမယ့်အလုပ်တွေကို အစီအစဉ်တကျဖြစ်အောင် Plan ဆွဲပါ။ Plan ဆွဲပြီး ပြီးသွားတာမျိူးလည်း မလုပ်ပါနဲ့။ အဲဒီအစီအစဉ်တွေအတိုင်း စနစ်တကျ လုပ်ဆောင်ပါ။

(၃) အလုပ်ထဲမှာ အဆင်ပြေအောင် ကြိုးစားနေထိုင်ကြည့်ပါ

Source : stock.adobe

အလုပ်ထဲက ကိုယ်နဲ့ အဆင်မပြေတဲ့သူတွေနဲ့လည်း သင့်မြတ်အောင်နေဖို့ ကြိုးစားကြည့်ပါ။ လုပ်ငန်းခွင်ဟာ တကယ်တော့ တနေ့တာရဲ့ အချိန်တော်တော်များများ ဖြတ်ကျော်ရတဲ့ နေရာပါ။ ဒီတော့ လုပ်ငန်းခွင်အတွင်းမှာ ကိုယ်နဲ့ အဆင်မပြေ မသင့်မြတ်ဘူးဆိုကတည်းက ဒီလူတွေဟာ ကိုယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ စိတ်အနှောင့်အယှက်အသေးလေးကနေ ကြီးထွားလာတဲ့အခါ စိတ်ဖိစီးမှုတွေ ဖြစ်လာပါလိမ့်မယ်။

(၄) အလုပ်ကလွဲရင် ဘယ်သူ့စကားကိုမှ အလေးစိုက်မနေပါနဲ့

Source : Shutterstock

ဘေးကစကားအမှားတွေ ၊ စိတ်ဓာတ်ကျချင်စရာ အတင်းအဖျင်းတွေကလည်း တကယ်ကို စိတ်ဖိစီးချင်စရာတွေပါ။ ဒီတော့ ဒီလို အတင်းအဖျင်း နဲ့ ဘာမဟုတ်တဲ့ ကောလဟာလတွေကို နားထောင်နေမယ့်အစား အလုပ်ကိုပဲ သေချာ အာရုံစိုက်ပြီး လုပ်ပါ။