အားလုံးပဲမင်္ဂလာပါနော်။ ဆံကေသာဟာ သူငယ်ချင်းတို့အားလုံး ဂရုတစိုက် ထိန်းသိမ်းတဲ့အလှတရားတစ်ခုလို့ မြင်မိပါတယ်။ ဆံကေသာအလှအတွက်လည်း အလှကုန်ပစ္စည်းအမျိုးမျိုးကို အသုံးပြုကြလေ့ရှိပါတယ်။

ဆံကေသာအလှအတွက် ဆံပင်ဖြောင့်လိုက်၊ ကောက်လိုက်၊ ဆေးဆိုးလိုက်နဲ့ ဓာတုပစ္စည်းတွေ မကြာခဏ ထိတွေ့တာတွေ၊ နေဒဏ် လေထုညစ်ညမ်းမှုတွေ၊ အခုလိုမိုးရာသီရဲ့ စိုထိုင်းထိုင်းရာသီဥတုတွေက သင့်ဆံကေသာကို ပျော့ပြောင်းမှုမရှိဘဲ မွဲခြောက်ကြမ်းတမ်းစေပါတယ်။

ဒီလိုပြဿနာတွေကိုရှောင်ရှားပြီး သင့်စိတ်ကူးအိပ်မက်ထဲကအတိုင်း ဆံကေသာအလှကို ရရှိပိုင်ဆိုင်စေဖို့ ဘယ်လိုပြုလုပ်ရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

၁။ ခေါင်းမှန်မှန်လျှော်ပါ

တစ်ပတ်ကို (၃)ကြိမ်၊ (၄) ကြိမ်ခန့် ခေါင်းကို ပုံမှန်လျှော်ပေးသင့်ပါတယ်။ ခေါင်းလျှော်တဲ့အခါမှာလည်း ဆံပင်ပျော့ဆေးသုံးပေးဖို့ မမေ့သင့်ပါဘူး။

၂။ မိုးမိလာရင် ခေါင်းလျှော်ချလိုက်ပါ

မိုးမိလာရင် ခေါင်းကို သေချာပြောင်အောင်လျှော်ချပေးလိုက်ပါ။ မိုးရေတွေဟာ ဆံကေသာကို မွဲခြောက်ကြမ်းတမ်းစေပါတယ်။ ခေါင်းမလျှော်ဘဲ မိုးရေအစိုတဲ့အတိုင်း ထားမယ်ဆိုရင်တော့ ဆံကေသာကို ပျက်စီးစေမှာဖြစ်လို့ မိုးမိလာတဲ့အခါ ခေါင်းကိုသေချာပြောင်အောင်လျှော်ချပေးလိုက်ပါ။ တဘက်နဲ့ သုတ်တာနဲ့တင်မလုံလောက်ပါဘူး။

၃။ အပြင်သွားတဲ့အခါ အကာအကွယ်ယူပါ

ဒီအချိန်က မိုးရာသီိဆိုပေမယ့် အမြဲတမ်းတော့ မိုးမရွာပါဘူး။ နေပူတဲ့အခါလည်းရှိသလို မိုးရွာတဲ့အခါလည်းရှိပါတယ်။ ဒါ့ကြောင့် အပြင်သွားရင် ထီးယူသွားပါ။ သင့်ဆံကေသာက မိုးရေဆိုတဲ့အခါ၊ နေရောင်ခြည်ထိတွေ့မှုများတဲ့အခါ မွဲခြောက်ပျက်စီးစေပါတယ်။ ဒါ့ကြောင့် အကာအကွယ်ယူပြီးမှ အပြင်သွားဖို့အကြံပြုလိုပါတယ်နော်။

၎။ ရေပူပူနဲ့ခေါင်းမလျှော်ပါနဲ့

ခေါင်းလျှော်တဲ့အခါ ရေပူတာမျိုးမသုံးသင့်ပါဘူး။ ရေပူပူက ဦးရေပြားကိုခြောက်သွေ့စေနိုင်သလို ဆံကေသာကိုလည်း နူးညံ့ပျော့ပျောင်းမှုမရှိ မွဲခြောက်ကြမ်းတမ်းစေပါတယ်။ ဒါ့ကြောင့် ရိုးရိုးရေအေးအေးနဲ့ပဲခေါင်းလျှော်ပေးပါ။

၅။ ဆံပင်ကို သေချာအခြောက်ခံပါ

ဆံပင်ရေစိုနေတဲ့အခါ၊ ဒါမှမဟုတ် ခေါင်းလျှော်ထားတဲ့အခါ ဆံပင်ကို သေချာအခြောက်ခံသင့်ပါတယ်။ တဘက်နဲ့ပဲသုတ်သုတ်၊ လေမှုတ်စက်နဲ့ မှုတ်မှုတ်ရပါတယ်။ လေမှုတ်စက်ကိုသုံးတဲ့အခါ အပူချိန်ကိုလျှော့ပြီးသုံးပေးပါ။

၆။ ဆံပင်နဲ့ ဦးရေပြားအတွက် အဆီတမျိုးမျိုးနဲ့ ပေါင်းတင်ပေးပါ

အဆီဆိုတာ သဘာဝကပေးတဲ့ ဆံကေသာအတွက် ဆေးတစ်လက်ပါပဲ။ အုန်းဆီ၊ သံလွင်ဆီ၊ ဗာဒံဆီစတဲ့ သဘာဝ အဆီတစ်မျိုးမျိုးနဲ့ ဦးရေပြားနဲ့ ဆံကေသာမှာလိမ်းပေးလိုက်ပြီး ၅ မိနစ်လောက် နှိပ်နယ်ပေးလိုက်ပါ။ ပြီးရင်တော့ နာရီဝက်လောက်ထားပြီး ခေါင်းလျှော်ချပေးပါ။ တစ်ပတ်ကို တစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။ အဲ့လိုမှ အချိန်ပေးပြီးမလုပ်နိုင်ဘူးဆိုရင်တော့ အဆီတစ်မျိုးမျိုးနဲ့ ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်မျိုးကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

ဆန်းစစ်ခေါင်းလျှော်ရည်

ဆန်းစစ်ပန်းရောင်ခေါင်းလျှော်ရည်ဟာ အုန်းဆီ၊သံလွင်ဆီ၊ ဗာဒံဆီ၊ အာဂန်ဆီ၊ ကာမန်လီယာပန်းအဆီစတဲ့ သဘာဝအဆီအနှစ် (၅) မျိုးပါဝင်လို့ တစ်နေကုန် ပုံကျလှပပြီး မွှေးပျံ့တဲ့ ဆံကေသာကို ရရှိစေမှာပါ။ဒါ့အပြင် Flexishield နည်းပညာနဲ့ ထုတ်လုပ်ထားတာကြောင့် သင့်ရဲ့ ဆံကေသာ ကို အလွှာတစ်ခုအနေနဲ့ ဖုံးအုပ်ကာကွယ်ထားပြီး ဘယ်နေရာပဲသွားသွား နေဘယ်လောက်ပူပူ မိုးဘယ်လောက်ရွာရွာ ဆန်းစစ်နဲ့ဆို ပုံကျလှပပြီး   မွေးပျံ့တဲ့ ဆံကေသာရရှိပိုင်ဆိုင်ဖို့ စိုးရိမ်စရာမလိုတော့ပါဘူး။

ပုံကျလှပပြီး မွှေးပျံ့တဲ့ ဆံကေသာကို ရရှိစေတဲ့ ဆန်းစစ်ပန်းရောင်ခေါင်းလျှော်ရည်၊ ပိတုန်းရောင်လိုနက်မှောင်တောက်ပစေပြီး ထောလပတ်ရွက်လို အစွမ်းထက်တဲ့ဆန်းစစ်  အနက်ရောင်ခေါင်းလျှော်ရည်၊ Moisture Lock နည်းပညာနဲ့ ထုတ်လုပ်ထားပြီး ဆံကေသာကို ပျော့ပျောင်းနှုးညံ့စေတဲ့ ဆန်းစစ်အဝါရောင်ခေါင်းလျှော်ရည်၊ Straight Lock နည်းပညာနဲ့ထုတ်လုပ်ထားပြီး ဆံကေသာကို ဖြောင့်စင်းလှပနေစေမယ့် ဆန်းစစ်ခရမ်းရောင်ခေါင်းလျှော်ရည်ဆိုပြီး (၄) မျိုးထုတ်လုပ်ထားလို့ မိမိနှစ်သက်ရာကို ဝယ်ယူအသုံးပြုနိုင်မှာပါ။