ကိုယ့်ဘက်က တစ်ဖက်သတ် Crush နေပေမယ့် သူ့ဘက်က ပြန်ချေနေရင် တိုက်စစ်တစ်မျိုးပြောင်းရပါမယ်။ လူတစ်ယောက်က ကိုယ့်ကိုစိတ်ဝင်စားနေပြီ ဆိုတာ သိလိုက်တော့ နည်းနည်းတော့ မာန်တက်ချင်တာပေါ့။ ကိုယ်ကြိုက်နေတာ သိနေလို့ ချေနေတဲ့ Crush ဖြစ်ဖြစ်/ ကိုယ်ကြိုက်တာကို မသိချင်ယောင်ဆောင်နေတဲ့ Crush ပဲဖြစ်ဖြစ်/ ကိုယ်ကြိုက်နေတာကို လုံးဝမသိလို့ သူသိအောင် အရိပ်အကဲပြချင်တာ ဖြစ်ဖြစ် ဒီနည်းလေးတွေနဲ့ စမ်းကြည့်လို့ရပါတယ်။

1. Facebook Account ထဲကတွေ့လို့ Crush မိတာဆိုရင် သူသတိထားမိအောင် အရင်လုပ်ရပါမယ်။ ကိုယ့် Crush ရဲ့ သူငယ်ချင်းတွေကိုပါ Friend List ထဲမှာ ရှိနေအောင် လုပ်ထားပါ။

Source: eyecomm.org

2. သူတင်သမျှ Post ကို react ပေးပါ။ react က သူများနဲ့မတူအောင် ပေးရပါမယ်။ ချစ်စရာကောင်းတဲ့ သူ့ Selfie ဆို Sad react ပေးတာမျိုး။ ဒါမှမဟုတ် သူ့သူငယ်ချင်းတွေနဲ့ အပြင်သွားနေတဲ့ပုံဆိုရင် Angry react ပေးတာမျိုး။ Status တွေတင်ရင် Wow react ပေးတာမျိုး။ သူများနဲ့မတူတာတွေ ပေးရင်း သင့်ကို သူသတိထားမိပါလိမ့်မယ်။

3. Cmt တွေမှာ ဝင်ယောင်ပါ။ ပွင့်ပွင့်လင်းလင်း မိန်းကလေးဆိုရင် သင့်ကို လာမေးပါလိမ့်မယ်။ ရှင်ဒါ ဘာသဘောလား ပေါ့။ မင်းလေးရဲ့အလှက ပန်းပွင့်လေးတွေကိုတောင် ဖုံးလွှမ်းသွားလို့ ပန်းလေးတွေအစားဝမ်းနည်းပြီး Sad react ပေးမိတာပါ ဘလာ ဘလာ အဲ့ဒီမှာ ဆက်ပြီး မီးစင်ကြည့်ကတော့။ ကဗျာဆန်ဆန် မရေးတတ်ရင် မအေးသောင်းပုံများအောက်တွင် လေ့လာပါ။

Source: wikiHow

4. အပြင်မှာ Crush မိတာဆိုရင် သူဘာကြိုက်သလဲ လေ့လာပါ။ စာကြမ်းပိုးဆိုရင် စာအုပ်ဆိုင်သွားလိုက်ဦးမယ်ပြောပါ။ ကော်ဖီချိုး ဆိုရင် ကော်ဖီဆိုင်သွားထိုင်မည့်အကြောင်း အရိပ်အမြွက်ပြောပါ။ သူစိတ်ဝင်စားနိုင်လောက်တဲ့ အရာကနေ စတင်ချဉ်းကပ်ပါ။

5. Online က ဖြစ်စေ အပြင်မှာဖြစ်စေ Crush ပြီဆိုတာနဲ့ မသိချင်ယောင်ဆောင်ပါ။ တချို့အရာတွေကို ဂရုမစိုက်ဟန်ပြုပါ။

သူ့အတွက် အရာရာပေးဆပ်နိုင်တဲ့ ပုံစံမျိုးထက် ကိုယ်လုပ်စရာရှိတာ လုပ်နေရင်းကမှ သူ့အတွက် အချိန်ပေးထားဟန် ပြုမူပါ။ လိုင်းပေါ်မှာဆိုလည်း စကားအကြာကြီးမပြောဘဲ အလုပ်ရှိသေးတယ် နောက်မှ တွေ့မယ် ပြောပြီး out လိုက်တာမျိုးလုပ်ပါ။ ကိုယ်ပြန်တက်လာမယ့်အချိန်ကို သူ့ကို မပြောပါနဲ့။

6. သူ့ကို ဂရုစိုက်ကြောင်းပြပါ။

Source: richformula.info

သူမရှိတဲ့အချိန် Message လေး သုံးလေးကြောင်း ပို့ထားတာမျိုး။ ညနေကျ ဖုန်းဆက်လိုက်မယ်ဆိုပြီး ပြောခဲ့တာမျိုးလေးတွေ လုပ်ပေးပါ။ အသေးအမွှားလေးတွေကို လုပ်နေရင်း သူအမှတ်ပေးချင်လာအောင် နေပြပါ။

7. သူ့ပတ်ဝန်းကျင်ကို အလေးအနက်ထားပါ။

ကျောင်းမှာ ရုံးမှာ အိမ်မှာ ဘာတွေဖြစ်လဲ။ အဆင်ပြေလားမေးပါ။ စိတ်ပူကြောင်းပြပါ။ ချစ်တယ်လို့ တဖွဖွပြောနေတာထက် မိုးမမိစေနဲ့။ အိပ်ရေးဝအောင်အိပ် စတဲ့စကားတွေက အချစ်ကို ပြသရာ ရောက်ပါတယ်။

8. သူပျော်အောင်ထားပါ။

Source: The Independent

Surprise ဆိုတာ လက်ဆောင်အကြီးကြီးမှ မဟုတ်ပါဘူး။ သူမထင်ထားတာလေးတွေ လက်ဆောင်ပေးကြည့်ပါ။ တစ်မျိုးတစ်မည်တော့ ပျော်စရာကောင်းမှာပါ။ ကိုယ်စိတ်ကူးကောင်းရင် ကောင်းသလို ပေးလို့ရပါတယ်။

(ကျွန်မဆိုရင် ကျွန်မချစ်သူကို ဖန်ပုလင်း အလွတ်တစ်လုံး ပေးဖူးပါတယ်။ သူက အူကြောင်ကြောင်နဲ့ ကြည့်ပြီး ပုလင်းက ဘာလုပ်ဖို့လဲ ဆိုပြီး မေးပါတယ်။ ကျွန်မကို မကျေနပ်တာ ကျွန်မအပေါ် စိတ်အလိုမကျတာ ရှိရင် ချက်ချင်းရန်မဖြစ်ဘဲ စာရွက်နဲ့ ချရေးခိုင်းပါတယ်။ စာရွက်ကို လိပ်ပြီး ပုလင်းလေးထဲ ထည့်ခိုင်းတာပါ။ ကျွန်မလည်း ပုလင်းတစ်လုံးနဲ့ ထိုနည်းတူစွာလုပ်ပါတယ်။ ပုလင်းပြည့်ရင် ပုလင်းချင်းလဲပြီး စာတွေ ဖောက်ဖတ်တာ ရီစရာကြီး

သူများတွေလုပ်သလို လိုက်လုပ်ရင်း အဆင်မပြေတာထက် ကိုယ့်နည်းကိုယ့်ဟန်လေး သုံးပြီး သူများနဲ့မတူအောင် Crush ကို ဆွဲဆောင်ကြတာပေါ့။ အပေါ်ကနည်းတွေအတိုင်း အဆင်ပြေပြီဆိုတာနဲ့ သူ့အချစ်ရဖို့က မဝေးတော့ပါဘူး။ သူကိုယ်တိုင်က ကိုယ့်ကို အမှတ်တွေ ပေးပြီးသားဖြစ်နေလို့ပါ။

Featured Image Source: Sweety High