မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေက တစ်ခါတလေ သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဂျိုင်းမွှေးဆိုရင် ပိုဆိုးပါတယ်။ အင်္ကျီလက်ပြတ်လေး ဝတ်မယ့်နေ့ဆို ဂျိုင်းမွှေးရှိမယ်ဆိုရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းစေပါတယ်။ အမွှေးအမျှင်တွေကို ဖယ်ရှားနည်းတွေက အများအပြားရှိပါတယ်။ အမွှေးရိတ်နိုင်ပါတယ်။ နှုတ်နိုင်ပါတယ်။

နောက်တစ်နည်းကတော့ အခုနောက်ပိုင်း လူပြောများလာတဲ့ Laser နဲ့အမွှေးဖယ်ရှားနည်းပါ။ အမွှေးနှုတ်တဲ့နေရာမှာ အမွှေးနှုတ်ဇာဂနာနဲ့ နှုတ်နိုင်သလို အခုမိန်းကလေးတွေ အလုပ်များလာတာကတော့ Waxing ပါ။ Waxing က ဈေးအသင့်အတင့်ရှိပြီး ပြုလုပ်ပြီးနောက် အမွှေးတွေ လုံးဝရှင်းသွားပါတယ်။

ဒီတစ်ခေါက်မှာတော့ဆိုင်လည်း သွားစရာမလိုဘဲ ကိုယ့်အိမ်မှာပဲ အန္တရာယ်ကင်းကင်းလုပ်နိုင်တဲ့ Waxing နည်းလမ်းကို ပြောပြပေးလိုက်ပါတယ်။ သဘာဝနည်းမို့ စိတ်သန့်သန့်နဲ့ လုပ်နိုင်ပါတယ်။ ဆိုင်မှာ Waxing သွားလုပ်တာထက် ပိုပြီးအကုန်အကျသက်သာပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့

  • သကြား ၂ ခွက်
  • သံပယိုရည် လေးပုံပုံ တစ်ပုံ
  • ရေ လေးပုံပုံ တစ်ပုံ

Source: Honestly Natural

သင်မြင်တဲ့အတိုင်းပဲ ပါဝင်ပစ္စည်းအားလုံးက မီးဖိုချောင်သုံးသဘာဝပစ္စည်းတွေပါပဲ။

ပြုလုပ်ပုံ

Source: StyleTips101.com

ပါဝင်ပစ္စည်းအားလုံးကို အိုးတစ်အိုးထဲထည့်ပြီး မွှေပေးပါ။ ဒီအိုးကို မီးဖိုပေါ်တင်ပြီး အရည် အမြုပ်ထွက်လာတဲ့အထိ ကျိုပေးပါ။

ဒီအချိန်မှာ မီးအပူချိန်ကို လျှော့ပေးပါ။ ဒီမှာအရေးအကြီးဆုံးအချက်က မွှေပြီးရင်း မွှေဖို့ပါ။ အရောက မာသွားပြီဆိုရင် ပြန်လုပ်ရပါလိမ့်မယ်။

သကြားအရောရည်အရောင် ရွှေအိုရောင်သန်းလာတဲ့အချိန်ထိ မွှေပေးပါ။ မွှေပေးရမယ့်အချိန်က ၅ မိနစ်ကနေ ၁၀ မိနစ်အထိပါ။

ပြီးတာနဲ့ မီးဖိုပေါ်က ချလိုက်ပြီး ၅ မိနစ်ထားလိုက်ပါ။ ပြီးနောက် ကိုယ်လိုချင်သလောက်ပမာဏကို ခွက်တစ်ခွက်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်လိုက်ပါ။ ပုံထဲကလို မရရင် အပူပြန်ပေးရပါမယ်။

အရောပုံစံက ပျစ်ပျစ်လေးနဲ့ ဆိုင်မှာလုပ်ဖူးတဲ့ Wax ပုံစံမျိုးဖြစ်ရပါမယ်။ အနည်းဆုံး မိနစ်သုံးဆယ်အအေးခံလိုက်ပါ။ အေးတာနဲ့ ခွက်တစ်ခွက်ထဲထည့်ပါ။

အသုံးပြုပုံ

Source: Stylecraze

သစ်သားချောင်းတစ်ချောင်း၊ ဒါမှမဟုတ် လက်နဲ့ ခွက်ထဲက Sugar wax ကိုယူလိုက်ပါ။ တကယ်လို့ လက်နဲ့ယူရင် အလုံးလေးဖြစ်အောင် လုံးလိုက်ပါ။

သင် Waxing လုပ်ချင်တဲ့ နေရာပေါ်မှာ တင်လိုက်ပါ။ Wax လုပ်တဲ့နေရာမှာ Wax paper ကိုလည်း အသုံးပြုနိုင်ပါတယ်။ အသက်ဝဝရှူပြီး အမွှေးပေါက်ရာ ဆန့်ကျင်ဘက်ဦးတည်ရာကို ခွာလိုက်ပါ။ ဥပမာ အမွှေးကအပေါ်ထောင်ပေါက်ရင် ကပ်ခွာကို အောက်ဆွဲခွာရပါမယ်။

Wax ကို ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာသုံးနိုင်ပါတယ်။ ဂျိုင်းအောက်၊ မျက်နှာပေါ်က အမွှေးလေးတွေ၊ ခြေသလုံးနဲ့ Bikini Line တွေမှာအသုံးပြုနိုင်ပါတယ်။

Sugar Wax လုပ်တာက သင့်ရဲ့ အမွှေးပေါက်နှုန်းပေါ်မူတည်ပြီး တစ်ပတ်နှစ်ပတ် ခံပါတယ်။

By MyStyle Myanmar