[Zawgyi]

ေရကူးတာက ေပ်ာ္ဖို႔ေကာင္းပါတယ္။ ေရထဲမွာ အခ်ိန္ၾကာၾကာအသက္ေအာင့္ထားႏိုင္တဲ့ နည္းလမ္းကို သိရင္ ပိုေပ်ာ္ဖို႔ေကာင္းမွာပါ။ ေရကူးသင္မယ့္သူေတြအေနနဲ႔လည္း ဒီနည္းလမ္းေတြကို ႀကိဳသိထားေတာ့ ပိုၿပီးအေထာက္အကူျဖစ္ပါတယ္။

၁။ သင္ဘယ္အခ်ိန္ထိ အသက္ေအာင့္ထားႏိုင္လဲ ႀကိဳသိပါေစ

ကိုယ္ဘယ္ေလာက္ထိ အသက္ေအာင့္ထားႏိုင္လဲ သိဖို႔ Timer ယူလိုက္ပါ။ Phone ထဲမွာလည္း Timer ပါ ပါတယ္။ ၿပီးတာနဲ႔ ခုံေပၚမွာထိုင္ပါ။ ပုံမွန္ ၂ မိနစ္ၾကာ အသက္ရႉလိုက္ပါ။ ၿပီးေနာက္ အသက္အဝရႉၿပီး ရႉထုတ္ႏိုင္သေလာက္ ရႉထုတ္လိုက္ပါ။ ၿပီးေနာက္ အသက္ေအာင့္ထားပါ။

  • ဘယ္လိုမွ မထိန္းထားႏိုင္ေတာ့ရင္ ရပ္လိုက္ၿပီး ဘယ္ေလာက္ထိ ေအာင့္ႏိုင္ခဲ့လဲ Timer ၾကည့္ပါ။
  • သင္က တစ္မိနစ္ဒါမွမဟုတ္ တစ္မိနစ္ေအာက္ဆိုရင္ ေရကူးသင္ၿပီးေနာက္ ေရထဲမွာ ၃ မိနစ္နီးပါး အသက္ေအာင့္ထားႏိုင္ပါတယ္။
  • ၁ မိနစ္ေက်ာ္ေအာင့္ထားႏိုင္ရင္ ေရထဲမွာ ေလးမိနစ္နီးပါး အသက္ေအာင့္ထားႏိုင္ပါတယ္။
  • ၂ မိနစ္အထက္ေအာင့္ထားႏိုင္ရင္ ေရထဲမွာ ၅ မိနစ္နီးပါး အသက္ေအာင့္ႏိုင္ပါတယ္။

စိတ္ၿငိမ္ေအာင္ ေလ့က်င့္ပါ

ေရကူးတဲ့အခ်ိန္ အေရးပါတာက စိတ္ၿငိမ္တာပါ။ သင့္စိတ္၊ အသက္ရႉပုံနဲ႔ သင့္ႂကြက္သားေတြက လုံးဝ တည္ၿငိမ္ေနရပါမယ္။ စိတ္ေအးေအးထားမွ ေရထဲမွာ အခ်ိန္ၾကာၾကာေနႏိုင္မွာပါ။

႐ိုးရွင္းတဲ့အဆင့္ေတြ

ဒီေလ့က်င့္ခန္းက ႐ိုးရွင္းသလို ေနရာစုံမွာ ေလ့က်င့္ႏိုင္ပါတယ္။

  • ထိုင္ၿပီး စိတ္ေလွ်ာ့ကာ ၃ ခါ အသက္ရႉပါ။
  • ပထမဆုံး ေလကို သင့္အဆုတ္ရဲ႕ ၇၅ ရာခိုင္ႏႈန္းထိေရာက္ေအာင္ ရႉသြင္းပါ။
  • ၿပီးေနာက္ ရႉထုတ္ပါ။
  • ထပ္ၿပီး ရႉသြင္းပါ။ ဒီတစ္ေခါက္ အဆုတ္ အျပည့္ဝင္သြားေအာင္ ရႉပါ။
  • ဒီအေနအထားကို ထိန္းႏိုင္သေလာက္ထိန္းထားပါ။

ေရထဲမဆင္းခင္

ေရမကူးခင္ သင့္အဆုတ္ကို အေလ့အက်င့္ျဖစ္ေအာင္ လုပ္ေပးရပါမယ္။

  • သက္ေတာင့္သက္သာ ေနပါ။
  • ၂ မိနစ္ပုံမွန္အသက္ရႉပါ။ ၿပီးေနာက္ အသက္ရႉတာကို ထိန္းႏိုင္သေလာက္ ထိန္းထားပါ။
  • ၿပီးေနာက္ လႊတ္ခ်လိုက္ၿပီး ပုံမွန္အတိုင္း ၂ မိနစ္ ထပ္ရႉေပးပါ။
  • ဒါကို သုံးႀကိမ္ျပဳလုပ္ေပးပါ။

အျခားအႀကံျပဳခ်က္မ်ား

  •  ေရမ်က္ႏွာျပင္နဲ႔ နီးကပ္တယ္ဆိုရင္ သင္အသက္ေအာင့္ထားဖို႔ ပိုလြယ္ပါတယ္။
  • ေရနက္တဲ့ေနရာအထိ ကူးေလ အခ်ိန္အၾကာႀကီးအသက္ေအာင့္ထားဖို႔ ခက္ေလပါပဲ။
  • သင္အသက္မေအာင့္ခင္  ၂ နာရီ ၃ နာရီအလိုကတည္းက ဘာမွမစားပါနဲ႔။
  • အစာစားထားလို႔ အစာေခ်တဲ့အခ်ိန္ ဒီျဖစ္စဥ္က သင္လိုအပ္တဲ့ ေအာက္ဆီဂ်င္ကို ယူသြားပါတယ္။

ဒီနည္းလမ္းေတြကေတာ့ ေရထဲမွာ အခ်ိန္ၾကာၾကာ အသက္ေအာင့္ထားႏိုင္တဲ့ နည္းလမ္းေတြျဖစ္ပါတယ္။

[Unicode]

ရေကူးတာက ပျော်ဖို့ကောင်းပါတယ်။ ရေထဲမှာ အချိန်ကြာကြာအသက်အောင့်ထားနိုင်တဲ့ နည်းလမ်းကို သိရင် ပိုပျော်ဖို့ကောင်းမှာပါ။ ရေကူးသင်မယ့်သူတွေအနေနဲ့လည်း ဒီနည်းလမ်းတွေကို ကြိုသိထားတော့ ပိုပြီးအထောက်အကူဖြစ်ပါတယ်။

၁။ သင်ဘယ်အချိန်ထိ အသက်အောင့်ထားနိုင်လဲ ကြိုသိပါစေ

ကိုယ်ဘယ်လောက်ထိ အသက်အောင့်ထားနိုင်လဲ သိဖို့ Timer ယူလိုက်ပါ။ Phone ထဲမှာလည်း Timer ပါ ပါတယ်။ ပြီးတာနဲ့ ခုံပေါ်မှာထိုင်ပါ။ ပုံမှန် ၂ မိနစ်ကြာ အသက်ရှူလိုက်ပါ။ ပြီးနောက် အသက်အဝရှူပြီး ရှူထုတ်နိုင်သလောက် ရှူထုတ်လိုက်ပါ။ ပြီးနောက် အသက်အောင့်ထားပါ။

  • ဘယ်လိုမှ မထိန်းထားနိုင်တော့ရင် ရပ်လိုက်ပြီး ဘယ်လောက်ထိ အောင့်နိုင်ခဲ့လဲ Timer ကြည့်ပါ။
  • သင်က တစ်မိနစ်ဒါမှမဟုတ် တစ်မိနစ်အောက်ဆိုရင် ရေကူးသင်ပြီးနောက် ရေထဲမှာ ၃ မိနစ်နီးပါး အသက်အောင့်ထားနိုင်ပါတယ်။
  • ၁ မိနစ်ကျော်အောင့်ထားနိုင်ရင် ရေထဲမှာ လေးမိနစ်နီးပါး အသက်အောင့်ထားနိုင်ပါတယ်။
  • ၂ မိနစ်အထက်အောင့်ထားနိုင်ရင် ရေထဲမှာ ၅ မိနစ်နီးပါး အသက်အောင့်နိုင်ပါတယ်။

စိတ်ငြိမ်အောင် လေ့ကျင့်ပါ

ရေကူးတဲ့အချိန် အရေးပါတာက စိတ်ငြိမ်တာပါ။ သင့်စိတ်၊ အသက်ရှူပုံနဲ့ သင့်ကြွက်သားတွေက လုံးဝ တည်ငြိမ်နေရပါမယ်။ စိတ်အေးအေးထားမှ ရေထဲမှာ အချိန်ကြာကြာနေနိုင်မှာပါ။

ရိုးရှင်းတဲ့အဆင့်တွေ

ဒီလေ့ကျင့်ခန်းက ရိုးရှင်းသလို နေရာစုံမှာ လေ့ကျင့်နိုင်ပါတယ်။

  • ထိုင်ပြီး စိတ်လျှော့ကာ ၃ ခါ အသက်ရှူပါ။
  • ပထမဆုံး လေကို သင့်အဆုတ်ရဲ့ ၇၅ ရာခိုင်နှုန်းထိရောက်အောင် ရှူသွင်းပါ။
  • ပြီးနောက် ရှူထုတ်ပါ။
  • ထပ်ပြီး ရှူသွင်းပါ။ ဒီတစ်ခေါက် အဆုတ် အပြည့်ဝင်သွားအောင် ရှူပါ။
  • ဒီအနေအထားကို ထိန်းနိုင်သလောက်ထိန်းထားပါ။

ရေထဲမဆင်းခင်

ရေမကူးခင် သင့်အဆုတ်ကို အလေ့အကျင့်ဖြစ်အောင် လုပ်ပေးရပါမယ်။

  • သက်တောင့်သက်သာ နေပါ။
  • ၂ မိနစ်ပုံမှန်အသက်ရှူပါ။ ပြီးနောက် အသက်ရှူတာကို ထိန်းနိုင်သလောက် ထိန်းထားပါ။
  • ပြီးနောက် လွှတ်ချလိုက်ပြီး ပုံမှန်အတိုင်း ၂ မိနစ် ထပ်ရှူပေးပါ။
  • ဒါကို သုံးကြိမ်ပြုလုပ်ပေးပါ။

အခြားအကြံပြုချက်များ

  •  ရေမျက်နှာပြင်နဲ့ နီးကပ်တယ်ဆိုရင် သင်အသက်အောင့်ထားဖို့ ပိုလွယ်ပါတယ်။
  • ရေနက်တဲ့နေရာအထိ ကူးလေ အချိန်အကြာကြီးအသက်အောင့်ထားဖို့ ခက်လေပါပဲ။
  • သင်အသက်မအောင့်ခင်  ၂ နာရီ ၃ နာရီအလိုကတည်းက ဘာမှမစားပါနဲ့။
  • အစာစားထားလို့ အစာချေတဲ့အချိန် ဒီဖြစ်စဉ်က သင်လိုအပ်တဲ့ အောက်ဆီဂျင်ကို ယူသွားပါတယ်။

ဒီနည်းလမ်းတွေကတော့ ရေထဲမှာ အချိန်ကြာကြာ အသက်အောင့်ထားနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။