မင်္ဂလာပါရှင်။ လှပတဲ့မျက်ဝန်းတစ်စုံဟာ လူတစ်ယောက်ရဲ့ သွင်ပြင်အတွက် အရေးပါပါတယ်။ မျက်ကပ်မှန်တပ်စရာမလိုဘဲ သဘာဝနည်းတွေနဲ့ တောက်ပတဲ့မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်နိုင်ပါတယ် ပျိုမေတို့ရေ။ ကဲ နည်းလမ်းတွေကို ဖတ်ကြည့်လိုက်ပါဦးနော်။

၁။ နှင်းဆီရည်

Source: Medical News Today

နှင်းဆီရည်ကတော့ မျက်လုံးကိုတောက်ပစေတဲ့ သဘာဝအရည်တစ်မျိုးပါ။ မအိပ်ခင် နှင်းဆီရည်စစ်စစ်ကို ၁စက်ကနေ ၂ စက်ထိ မျက်လုံးထဲခတ်နိုင်ပါတယ်။

၂။ ရေစက်ဖြန်းခြင်း

ရေဟာ အကောင်းဆုံးသန့်စင်ဆေးရည်ဖြစ်ပါတယ်။ ရေအေးလေးနဲ့ မျက်လုံးထဲဖြန်းလိုက်တာက အေးမြပြီး လန်းဆန်းတဲ့မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်စေပါတယ်။

၃။ ရေခဲစိမ်လက်ဖက်ရည်အိတ်

Source: Special Tea Company

ရေခဲစိမ်လက်ဖက်ရည်အိတ်တွေက မျက်ကွင်းညိုခြင်းကို လျှော့ချနိုင်ပါတယ်။ မျက်ရစ်ဖောင်းတာကို ကာကွယ်ပေးပြီး မျက်လုံးအရေပြားကို လန်းဆန်းစေပါတယ်။ ပြုလုပ်ပုံကတော့ လက်ဖက်ရည်အိတ်နှစ်အိတ်ယူပြီး ရေခဲသေတ္တာထဲထည့်လိုက်ပါ။ အေးလာတဲ့အချိန်မှာ လက်ဖက်ရည်အိတ်ကို မျက်လုံးပေါ် ၁၅ မိနစ် ကနေ မိနစ် ၂၀ ထိထားလိုက်ပါ။

၎။ သခွားသီး

source: Wikihow

သခွားသီးဟာ မျက်ကွင်းညိုခြင်းကို သိသိသာသာလျှော့ချပေးပါတယ်။ ဒါ့အပြင် မျက်လုံးခြောက်သွေ့တာကိုလည်း ကာကွယ်ပေးပါတယ်။ နေ့စဉ် သခွားသီးနှစ်ခြမ်းလောက်ကို မျက်လုံးမှိတ်ပြီး ၁၅-၂၀ မိနစ်ထိကပ်ထားလိုက်ပါ။ ပြီးတာနဲ့ ရေအေးနဲ့ဆေးပါ။ သခွားရေမျက်လုံးထဲမဝင်ဖို့တော့ ဂရုစိုက်ရပါမယ်။

၅။ ဗီတာမင် အေ၊ စီ၊ အီးကြွယ်ဝတဲ့ အစားအသောက်များ

ဗီတာမင်အေ၊ စီ၊ အီးပါဝင်တဲ့ ပန်းသီး ငှက်ပျောသီး အစေ့အဆံစတာတွေကို စားသုံးပေးရပါမယ်။

၆။ မုန်လာဥနီဖျော်ရည်

Source: Vaya.in

မုန်လာဥနီမှာမျက်လုံးကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်အေကိုပြောင်းလဲစေတဲ့ ဘီတာကယ်ရိုတင်းဓာတ်ပါဝင်ပါတယ်။ မုန်လာဥနီဖျော်ရည်တစ်နေ့တစ်ခွက်သောက်တာက မျက်လုံးတောက်ပမှုမှာ ကူညီပေးနိုင်ပါတယ်။

၇။ မျက်တောင်ခတ်ခြင်း

ကွန်ပြူတာနဲ့အလုပ်လုပ်ရသူတွေအနေနဲ့ ၁၀စက္ကန့်ကနေ ၁၅ စက္ကန့်ပြည့်တိုင်း မျက်တောင်ခတ်ပေးရပါမယ်။ မျက်တောင်ခတ်တာက မျက်လုံးကိုအစိုဓာတ်ပေးပါတယ်နော်။

၈။ နို့အေး

ဝါဂွမ်းလုံးနှစ်လုံးကို နို့အေးထဲ နှစ်လိုက်ပါ။ ပြီးနောက် မျက်လုံးမှိတ်ပြီး ထိုဝါဂွမ်းနှစ်လုံးကို ၁၀-၁၅ မိနစ်ကြာတင်ထားလိုက်ပါ။ နွားနို့က သဘာဝသန့်စင်ဆေးရည်ပါ။ ဒါကြောင့်မျက်လုံးနားက အရေပြားကို သန့်စင်ပေးပြီး မျက်ကွင်းညိုခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၉။ နေကာမျက်မှန်

အပြင်မထွက်ခင် နေကာမျက်မှန်ဝတ်ပေးတာက UV ရောင်ခြည်တွေရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ရေကူးတဲ့အချိန်မှာတော့ ရေကူးမျက်မှန်ယူဖို့မမေ့ပါနဲ့။ ဘာလို့လဲဆိုတော့ ရေကူးကန်ထဲမှာ မျက်လုံးခြောက်သွေ့စေတဲ့ ကလိုရင်းဓာတ်ပါဝင်တာကြောင့်ပါ။

၁၀။ အိပ်စက်ချိန်မှန်ကန်ခြင်း

အိပ်ရေးပျက်ခံပြီး အလုပ်လုပ်တာက မျက်လုံးကြွက်သားတွေကို အားနည်းစေပါတယ်။ပုံမှန် အနည်းဆုံး ၇ နာရီ ၈နာရီကြာ အိပ်စက်သင့်ပါတယ်။