အားလုံးပဲ မင်္ဂလာပါ။ လူရယ်လို့ဖြစ်တည်လာရင် ခက်ခဲပင်ပန်းတဲ့အချိန်တွေဆိုတာ ကြုံတွေ့ရမှာပါပဲ။ အလုပ်မှာ စိတ်ဖိစီးမှုခံစားနေရတာလား၊ ပေါင်းသင်းဆက်ဆံရေး အဆင်မပြေတာတွေလည်း ကြုံတွေ့နိုင်သလို၊ တစ်ခါတလေကျရင်လည်း မိသားစုရေး၊ အိမ်တွင်းရေး စသဖြင့် အမျိုးမျိုး ရှိကြပါတယ်။

အဆင်မပြေတာ ကြုံတွေ့တိုင်း တစ်ယောက်တည်း စိတ်ဓာတ်ကျအားငယ်နေရုံနဲ့ အခက်အခဲတွေက ပြေလည်သွားမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အဲ့ဒီလို ပင်ပန်းခက်ခဲတဲ့ အချိန်တွေ ရင်ဆိုင်ကြုံတွေ့ရတိုင်း ဘယ်လိုကျော်ဖြတ်သင့်လဲဆိုတာကို အတူတူဖတ်ကြည့်လိုက်ရအောင်နော်။

မိမိစိတ်ပျော်ရာကို ပြုလုပ်ပါ

လူတစ်ယောက်က စိတ်ညစ်လာပြီဆိုရင် ဘာကိုမှ မလုပ်ချင်မကိုင်ချင်ဖြစ်မယ်။ အဆိုးဆုံးကတော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ရကောင်းမှန်း မသိတော့တာပါ။ အဲ့ဒါဆို တစ်စုံတစ်ရာကြောင့် စိတ်ညစ်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုပဲ အရင်ဆုံးဂရုစိုက်လိုက်ပါ။ ကိုယ်က အလှကြိုက်တဲ့သူဆို အလှပြင်ဆိုင်သွားမယ်၊ မျက်နှာပေါင်းတင်မယ် စသဖြင့် မိမိစိတ်ကို ထွက်ပေါက်ပေးလိုက်ပါ။ ဒါမှမဟုတ် အပြင်ထွက်ပြီး ကိုယ်ကြိုက်တဲ့ မုန့်ထွက်စားတာတို့၊ သီချင်းနားထောင်မယ်၊ ရုပ်ရှင်ကြည့်မယ် စသဖြင့် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

ရင်ဖွင့်ပါ

တစ်ယောက်တည်း ကြိတ်ခံစားရလို့ ပင်ပန်းလာပြီဆိုရင် ကိုယ်ယုံကြည်ရတဲ့ တစ်ယောက်ယောက်ကို ရင်ဖွင့်ကြည့်ပါ။ တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်တဲ့အခါ ကိုယ်ခံစားနေရတာတွေက တစ်ဝက်လောက် သက်သာသွားပါလိမ့်မယ်။

တစ်ယောက်တည်း အချိန်ယူစဉ်းစားကြည့်ပါ

Photo Source: cantina-1910.com

အပေါ်က နည်းလမ်း ၂ မျိုးလုံး ပြုလုပ်ပြီးတာတောင်မှ စိတ်ဓာတ်ကျသလိုခံစားနေရဦးမယ်ဆိုရင် ဒီနည်းလမ်းလေးကို ပြုလုပ်ကြည့်ပါ။ ဆိုရှယ်မီဒီယာတွေနဲ့ ခဏတဖြုတ်အဆက်သွယ်ဖြတ်ထားပါ။ ဖုန်းပိတ်ထားပါ။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ခရီးထွက်ပါ။ ကိုယ့်ပြဿနာအတွက် ဖြေရှင်းနည်းကို တစ်ယောက်တည်း အချိန်ယူစဉ်းစားပါ။ ဒါပေမဲ့ သင့်ကို ချစ်ခင်တဲ့ သူငယ်ချင်းတွေ၊ သင့်မိသားစုဝင်တွေက သင်လိုအပ်တိုင်း အနားမှာရှိနေတယ်ဆိုတာတော့ သတိရပေးပါ။

အကောင်းမြင်စိတ်ရှိပါ

Photo Source: www.talentsmart.com

အကောင်းမြင်စိတ်ရှိဖို့ဆိုတာက အပြောလွယ်သလောက် လုပ်ရတာ အင်မတန်ခက်ပါတယ်။ ကိုယ်ကြုံတွေ့နေရတဲ့အရာအားလုံးကို အဆိုးဘက်ကပဲ မမြင်ဘဲ အကောင်းဘက်ကပဲ မြင်ပေးလိုက်ပါ။ အဲ့ဒါဆိုရင် ဘယ်လိုအခြေအနေမျိုးပဲ ရောက်နေပါစေ တုန်လှုပ်ကြောက်ရွံ့မှာ မဟုတ်တော့ပါဘူး။