[Zawgyi]

မဂၤလာပါပ်ိဳေမတို႔ေရ… မိန္းကေလးတစ္ေယာက္ရဲ႕ မွန္တင္ခံုေပၚမွာ ႏႈတ္ခမ္းနီကမရွိမျဖစ္ အလွျပင္ပစၥည္းတစ္ခုအေနနဲ႔ ပါဝင္ေနတာကိုသတိထားမိၾကမယ္လို႔ထင္ပါတယ္။ အလွအပေတြကလည္း တိုးတက္ေျပာင္းလဲလာတာနဲ႔အမ ွ် ဆန္းသစ္တဲ့ႏႈတ္ခမ္းနီေတြကလည္း ေစ်းကြက္ထဲမွာအမ်ားအျပားေရာက္ရွိလို႔လာပါၿပီ။ ဒါေပမယ့္ ႏႈတ္ခမ္းနီမဆိုးပဲ သဘာဝအတိုင္းလွပေနတဲ့ ႏႈတ္ခမ္းသားေလးေတြကိုလည္း မိန္းကေလးတိုင္းပိုင္ဆိုင္ထားသင့္တယ္ေလ။

ႏႈတ္ခမ္းနီအေရာင္ေလးေတြနဲ႔ ႏႈတ္ခမ္းေလးေတြကိုလွပေနေအာင္ ျပင္ဆင္လို႔ရတယ္ဆိုတာေတာ့ မွန္ပါတယ္။ ႏႈတ္ခမ္းနီပ်က္သြားတဲ့အခ်ိန္ေတြမွာလည္း သဘာဝအတိုင္းလွပတဲ့ ႏႈတ္ခမ္းအေရာင္ေလးေၾကာင့္ ပ်ိဳေမတို႔ကိုအလွမပ်က္ပဲရွိေနေစမွာပဲျဖစ္ပါတယ္။

Lip Blam ကမရွိမျဖစ္ပါ

ႏႈတ္ခမ္းသားေတြလွပၿပီး ႏူးည့ံေနေစဖို႔ဆိုတာက အေရးႀကီးဆံုးအခ်က္ျဖစ္တာေၾကာင့္ ပ်ိဳေမတို႔ရဲ႕ လြယ္အိတ္ထဲမွာေရာ၊ မွန္တင္ခံုေပၚမွာပါ မျဖစ္မေနကိုေဆာင္ထားသင့္တဲ့ အရာတစ္ခုပါပဲ။ ႏႈတ္ခမ္းသားေလးေတြကို ႏူးညံ့ေစၿပီး ေျခာက္ေသြ႔ၾကမ္းတမ္းတာမ်ိဳးေတြ မျဖစ္ေအာင္ကာကြယ္ေပးႏိုင္တာေၾကာင့္ Matte ႏႈတ္ခမ္းနီမ်ိဳးကိုႀကိဳက္တတ္တဲ့ ပ်ိဳေမေတြကိုေဆာင္ကိုေဆာင္ထားသင့္ပါတယ္။

ႏႈတ္ခမ္းေတြေခ်ာေမြ႔လာေစဖို႔

ညအိပ္ယာဝင္ခါနီးအခ်ိန္တိုင္းမွာ လူတိုင္းကေတာ့ ပံုမွန္သြားတိုက္ၾကပါတယ္။ သြားတိုက္ေနရင္းနဲ႔ ႏႈတ္ခမ္းသားေတြကို ႏူးညံ့ေအာင္တစ္ခါထဲလုပ္ေပးလို႔လည္း ရပါေသးတယ္။ သြားတိုက္တံႏုႏုေလးနဲ႔ ႏႈတ္ခမ္းသားေတြကို ေသခ်ာပြတ္တိုက္ေပးတာမ်ိဳးလုပ္မယ္ဆိုရင္လည္း ေျခာက္ေသြ႔တာေၾကာင့္ျဖစ္တဲ့ ႏႈတ္ခမ္းကြဲတာေတြကို ေလ်ာ့နည္းသြားေစမွာပါ။

ေရဓာတ္ျပည့္ဝေနေအာင္ေနထိုင္ပါ

ေရမ်ားမ်ားေသာက္ေပးျခင္းက တကယ္ကိုေကာင္းမြန္တဲ့ အေလ့က်င့္ေလးတစ္ခုပါ။ ခႏၶာကိုယ္ထဲမွာေရဓာတ္ျပည့္ဝေနဖို႔က တကယ္ကိုလိုအပ္ၿပီး က်န္းမာေရးအတြက္ေရာ၊ အသားအေရအတြက္ပါ ထိေရာက္မႈရွိေစပါတယ္။ ဒီလိုပါပဲ ႏႈတ္ခမ္းသားေတြ စိုေျပၿပီးေကာင္းမြန္ေနေစဖို႔အတြက္ ေရမ်ားမ်ားေသာက္ေပးဖို႔လိုပါတယ္။

[Unicode]

မင်္ဂလာပါပျိုမေတို့ရေ… မိန်းကလေးတစ်ယောက်ရဲ့ မှန်တင်ခုံပေါ်မှာ နှုတ်ခမ်းနီကမရှိမဖြစ် အလှပြင်ပစ္စည်းတစ်ခုအနေနဲ့ ပါဝင်နေတာကိုသတိထားမိကြမယ်လို့ထင်ပါတယ်။ အလှအပတွေကလည်း တိုးတက်ပြောင်းလဲလာတာနဲ့အမ ျှ ဆန်းသစ်တဲ့နှုတ်ခမ်းနီတွေကလည်း ဈေးကွက်ထဲမှာအများအပြားရောက်ရှိလို့လာပါပြီ။ ဒါပေမယ့် နှုတ်ခမ်းနီမဆိုးပဲ သဘာဝအတိုင်းလှပနေတဲ့ နှုတ်ခမ်းသားလေးတွေကိုလည်း မိန်းကလေးတိုင်းပိုင်ဆိုင်ထားသင့်တယ်လေ။

နှုတ်ခမ်းနီအရောင်လေးတွေနဲ့ နှုတ်ခမ်းလေးတွေကိုလှပနေအောင် ပြင်ဆင်လို့ရတယ်ဆိုတာတော့ မှန်ပါတယ်။ နှုတ်ခမ်းနီပျက်သွားတဲ့အချိန်တွေမှာလည်း သဘာဝအတိုင်းလှပတဲ့ နှုတ်ခမ်းအရောင်လေးကြောင့် ပျိုမေတို့ကိုအလှမပျက်ပဲရှိနေစေမှာပဲဖြစ်ပါတယ်။

Lip Blam ကမရှိမဖြစ်ပါ

နှုတ်ခမ်းသားတွေလှပပြီး နူးညံ့နေစေဖို့ဆိုတာက အရေးကြီးဆုံးအချက်ဖြစ်တာကြောင့် ပျိုမေတို့ရဲ့ လွယ်အိတ်ထဲမှာရော၊ မှန်တင်ခုံပေါ်မှာပါ မဖြစ်မနေကိုဆောင်ထားသင့်တဲ့ အရာတစ်ခုပါပဲ။ နှုတ်ခမ်းသားလေးတွေကို နူးညံ့စေပြီး ခြောက်သွေ့ကြမ်းတမ်းတာမျိုးတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်တာကြောင့် Matte နှုတ်ခမ်းနီမျိုးကိုကြိုက်တတ်တဲ့ ပျိုမေတွေကိုဆောင်ကိုဆောင်ထားသင့်ပါတယ်။

နှုတ်ခမ်းတွေချောမွေ့လာစေဖို့

ညအိပ်ယာဝင်ခါနီးအချိန်တိုင်းမှာ လူတိုင်းကတော့ ပုံမှန်သွားတိုက်ကြပါတယ်။ သွားတိုက်နေရင်းနဲ့ နှုတ်ခမ်းသားတွေကို နူးညံ့အောင်တစ်ခါထဲလုပ်ပေးလို့လည်း ရပါသေးတယ်။ သွားတိုက်တံနုနုလေးနဲ့ နှုတ်ခမ်းသားတွေကို သေချာပွတ်တိုက်ပေးတာမျိုးလုပ်မယ်ဆိုရင်လည်း ခြောက်သွေ့တာကြောင့်ဖြစ်တဲ့ နှုတ်ခမ်းကွဲတာတွေကို လျော့နည်းသွားစေမှာပါ။

ရေဓာတ်ပြည့်ဝနေအောင်နေထိုင်ပါ

ရေများများသောက်ပေးခြင်းက တကယ်ကိုကောင်းမွန်တဲ့ အလေ့ကျင့်လေးတစ်ခုပါ။ ခန္ဓာကိုယ်ထဲမှာရေဓာတ်ပြည့်ဝနေဖို့က တကယ်ကိုလိုအပ်ပြီး ကျန်းမာရေးအတွက်ရော၊ အသားအရေအတွက်ပါ ထိရောက်မှုရှိစေပါတယ်။ ဒီလိုပါပဲ နှုတ်ခမ်းသားတွေ စိုပြေပြီးကောင်းမွန်နေစေဖို့အတွက် ရေများများသောက်ပေးဖို့လိုပါတယ်။