(Zawgyi Version)

ခႏၶာကိုယ္က ေခၽြးနံ႔ထြက္တဲ့သူေတြနဲ႔ Body အနံ႔ဆိုးထြက္တတ္တဲ့သူေတြအတြက္ကေတာ့ တစ္ကိုယ္ရည္သန္႔ရွင္းမႈနဲ႔ ကိုယ့္ကိုယ္ကို ဂရုစိုက္ဖို႔က အေရးႀကီးပါတယ္။ ဒီလိုခႏၶာကိုယ္ အနံ႔ဆိုးထြက္တာမ်ိဳးကို ေပ်ာက္ေအာင္လုပ္ဖို႔က အရမ္းလြယ္ပါတယ္။ ဒါေၾကာင့္ ခႏၶာကိုယ္ကထြက္တဲ့အနံ႔ဆိုးေတြကို သဘာဝအတိုင္းေပ်ာက္ေအာင္ လုပ္ေပးႏုိင္မယ့္နည္းလမ္းေတြကို ေျပာျပေပးလိုက္ပါတယ္။

ေန႔တိုင္းေရခ်ိဳးပါ

ေခၽြးနံ႔အရမ္းထြက္တဲ့သူေတြနဲ႔ ခႏၶာကိုယ္အနံ႔ဆိုးထြက္တတ္တဲ့သူေတြက ေန႔တိုင္းေရခ်ိဳးေပးဖို႔ လိုပါတယ္။ ေန႔တိုင္းေရေသခ်ာခ်ိဳးေပးျခင္းက ဘတ္တီးရီးယားနဲ႔ ေခၽြးနံ႔ဆိုးေတြကို ဖယ္ရွားေပးဖို႔အတြက္ ကူညီေပးပါတယ္။

ဂ်ိဳင္းကိုေန႔တိုင္းသန္႔ရွင္းေရးလုပ္ေပးပါ

အဓိကေခၽြးနံ႔နံတဲ့ေနရာက ဂ်ိဳင္းပါ။ ဒါေၾကာင့္ ေန႔တိုင္း ဂ်ိဳင္းေနရာကို ေရစိုဝတ္နဲ႔ ပြတ္ေပးပါ။ ဂ်ိဳင္းေခၽြးထြက္တတ္ရင္ တစ္ေန႔ ႏွစ္ႀကိမ္ လုပ္ေပးပါ။ Roll On သံုးေပးျခင္းျဖင့္လည္း ဂ်ိဳင္းနံ႔မထြက္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ေပါင္ဒါလိမ္းတာကိုေတာ့ ေရွာင္ေပးရပါမယ္။ ေခၽြးထြက္ရင္ အနံ႔ထြက္ေစပါတယ္။ ဒါ့အျပင္ လက္ေမာင္းနဲ႔ ေပါင္ၾကားကလည္း ေခၽြးနံ႔ထြက္ေစတဲ့ေနရာေတြ ျဖစ္တာေၾကာင့္ ဒီႏွစ္ေနရာကိုလည္း ေရစိုဝတ္နဲ႔ပြတ္ၿပီး သန္႔ရွင္းေပးပါ။

အဝတ္အစားကိုသန္႔သန္႔ရွင္းရွင္းဝတ္ပါ

အဝတ္အစားတစ္ထည္ကို တစ္ရက္ပဲဝတ္ပါ။ ေနာက္ေန႔ျပန္ဝတ္တာမ်ိဳး မလုပ္ပါနဲ႔။ ဒါက ခႏၶာကိုယ္ကို အနံ႔ဆိုးပိုထြက္ေစပါတယ္။ အဝတ္အစားေတြကို ဝတ္ၿပီးတိုင္း ေသခ်ာေလွ်ာ္ၿပီး သိမ္းပါ။ သန္႔သန္႔ရွင္းရွင္းထားပါ။ ေရေမႊးသံုးေပးရင္ေတာ့ ပိုေကာင္းပါတယ္။

ဖိနပ္ကိုသန္႔ရွင္းပါ

တခ်ိဳ႔က်ေတာ့ ေျခဆီအရမ္းထြက္ပါတယ္။ ေျခဆီအရမ္းထြက္ရင္ နံတာသိသာပါတယ္။ ဒါေၾကာင့္ ကိုယ္အၿမဲစီးေနတဲ့ဖိနပ္ကို တစ္ပတ္တစ္ခါ ေလွ်ာ္တာမ်ိဳး၊ ေနပူထဲထုတ္လွန္းတာမ်ိဳး လုပ္ေပးပါ။ ေခၽြးစုပ္တဲ့ဖိနပ္ေတြ၊ ကတၱီပါေတြဆိုရင္ေတာ့ ေလွ်ာ္ေပးတာ ပိုေကာင္းပါတယ္။

ေရမ်ားမ်ားေသာက္ပါ

ေရမ်ားမ်ားေသာက္ေပးတာကလည္း အပူအပုပ္ကင္းေစတဲ့အတြက္ ခႏၶာကိုယ္အနံ႔ဆိုးထြက္တာကို ေလ်ာ့က်ေစပါတယ္။ ဝမ္းမွန္ေအာင္လည္း ဂရုစိုက္ေပးဖို႔ လိုပါတယ္။

အနံ႔ဆိုးထြက္ေစတဲ့ အစားအေသာက္ေတြကိုေရွာင္ပါ

ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ တညင္းသီး၊ ဆီေၾကာ္မုန္႔နဲ႔ အျခား အနံ႔ဆိုးထြက္ေစတဲ့ အစားအေသာက္ေတြကို ေရွာင္ေပးပါ။ ဒီအစားအေသာက္ေတြက ခႏၶာကိုယ္ေခၽြးနံ႔ဆိုးထြက္တာကို ပိုဆိုးေစၿပီး ခံတြင္းနံ႔လည္းနံေစလို႔ ေရွာင္ေပးတာေတာ့ အေကာင္းဆံုးပါ။

အသီးအရြက္မ်ားမ်ားစားပါ

အစိမ္းေရာင္ရွိတဲ့ အသီးအရြက္ေတြကို မ်ားမ်ားစားေပးျခင္းကလည္း ခႏၶာကိုယ္အနံ႔ဆိုးထြက္တာကို ေလ်ာ့က်ေစပါတယ္။

Photo Source: www.wikihow.com

(Unicode Version)

ခန္ဓာကိုယ်က ချွေးနံ့ထွက်တဲ့သူတွေနဲ့ Body အနံ့ဆိုးထွက်တတ်တဲ့သူတွေအတွက်ကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့က အရေးကြီးပါတယ်။ ဒီလိုခန္ဓာကိုယ် အနံ့ဆိုးထွက်တာမျိုးကို ပျောက်အောင်လုပ်ဖို့က အရမ်းလွယ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကထွက်တဲ့အနံ့ဆိုးတွေကို သဘာဝအတိုင်းပျောက်အောင် လုပ်ပေးနိုင်မယ့်နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

နေ့တိုင်းရေချိုးပါ

ချွေးနံ့အရမ်းထွက်တဲ့သူတွေနဲ့ ခန္ဓာကိုယ်အနံ့ဆိုးထွက်တတ်တဲ့သူတွေက နေ့တိုင်းရေချိုးပေးဖို့ လိုပါတယ်။ နေ့တိုင်းရေသေချာချိုးပေးခြင်းက ဘတ်တီးရီးယားနဲ့ ချွေးနံ့ဆိုးတွေကို ဖယ်ရှားပေးဖို့အတွက် ကူညီပေးပါတယ်။

ဂျိုင်းကိုနေ့တိုင်းသန့်ရှင်းရေးလုပ်ပေးပါ

အဓိကချွေးနံ့နံတဲ့နေရာက ဂျိုင်းပါ။ ဒါကြောင့် နေ့တိုင်း ဂျိုင်းနေရာကို ရေစိုဝတ်နဲ့ ပွတ်ပေးပါ။ ဂျိုင်းချွေးထွက်တတ်ရင် တစ်နေ့ နှစ်ကြိမ် လုပ်ပေးပါ။ Roll On သုံးပေးခြင်းဖြင့်လည်း ဂျိုင်းနံ့မထွက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပေါင်ဒါလိမ်းတာကိုတော့ ရှောင်ပေးရပါမယ်။ ချွေးထွက်ရင် အနံ့ထွက်စေပါတယ်။ ဒါ့အပြင် လက်မောင်းနဲ့ ပေါင်ကြားကလည်း ချွေးနံ့ထွက်စေတဲ့နေရာတွေ ဖြစ်တာကြောင့် ဒီနှစ်နေရာကိုလည်း ရေစိုဝတ်နဲ့ပွတ်ပြီး သန့်ရှင်းပေးပါ။

အဝတ်အစားကိုသန့်သန့်ရှင်းရှင်းဝတ်ပါ

အဝတ်အစားတစ်ထည်ကို တစ်ရက်ပဲဝတ်ပါ။ နောက်နေ့ပြန်ဝတ်တာမျိုး မလုပ်ပါနဲ့။ ဒါက ခန္ဓာကိုယ်ကို အနံ့ဆိုးပိုထွက်စေပါတယ်။ အဝတ်အစားတွေကို ဝတ်ပြီးတိုင်း သေချာလျှော်ပြီး သိမ်းပါ။ သန့်သန့်ရှင်းရှင်းထားပါ။ ရေမွှေးသုံးပေးရင်တော့ ပိုကောင်းပါတယ်။

ဖိနပ်ကိုသန့်ရှင်းပါ

တချို့ကျတော့ ခြေဆီအရမ်းထွက်ပါတယ်။ ခြေဆီအရမ်းထွက်ရင် နံတာသိသာပါတယ်။ ဒါကြောင့် ကိုယ်အမြဲစီးနေတဲ့ဖိနပ်ကို တစ်ပတ်တစ်ခါ လျှော်တာမျိုး၊ နေပူထဲထုတ်လှန်းတာမျိုး လုပ်ပေးပါ။ ချွေးစုပ်တဲ့ဖိနပ်တွေ၊ ကတ္တီပါတွေဆိုရင်တော့ လျှော်ပေးတာ ပိုကောင်းပါတယ်။

ရေများများသောက်ပါ

ရေများများသောက်ပေးတာကလည်း အပူအပုပ်ကင်းစေတဲ့အတွက် ခန္ဓာကိုယ်အနံ့ဆိုးထွက်တာကို လျော့ကျစေပါတယ်။ ဝမ်းမှန်အောင်လည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။

အနံ့ဆိုးထွက်စေတဲ့ အစားအသောက်တွေကိုရှောင်ပါ

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ တညင်းသီး၊ ဆီကြော်မုန့်နဲ့ အခြား အနံ့ဆိုးထွက်စေတဲ့ အစားအသောက်တွေကို ရှောင်ပေးပါ။ ဒီအစားအသောက်တွေက ခန္ဓာကိုယ်ချွေးနံ့ဆိုးထွက်တာကို ပိုဆိုးစေပြီး ခံတွင်းနံ့လည်းနံစေလို့ ရှောင်ပေးတာတော့ အကောင်းဆုံးပါ။

အသီးအရွက်များများစားပါ

အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေကို များများစားပေးခြင်းကလည်း ခန္ဓာကိုယ်အနံ့ဆိုးထွက်တာကို လျော့ကျစေပါတယ်။

Photo Source: www.wikihow.com