မင်္ဂလာပါနော်။ အခုတလော စာရေးသူကိုယ်တိုင် အလုပ်တွေများ စိတ်ပင်ပန်းလို့ ညညသိပ်အိပ်လို့မရပါဘူး။ ဒါ့ကြောင့် မနက်မိုးလင်းရင် မျက်တွင်းချိုင့်ပြီး မျက်ကွင်းညိုနေတော့တာပါပဲ။

စာဖတ်သူတို့ထဲမှာလည်း မျက်ကွင်းညိုလို့ စိတ်ညစ်နေသူတွေရှိမှာပါနော်။ မျက်ကွင်းညိုနေလို့ မျက်အိတ်ဖောင်းနေလို့ မျက်လုံးမှာ အရေးကြောင်းဖြစ်နေလို့ မှန်ကြည့်လိုက်တိုင်း စိတ်ညစ်နေသူတွေ အတွက် နည်းလမ်းကောင်းတွေကို စဉ်းစားထားပါတယ်။

ဒါ့ကြောင့် ဒီတခါမှာတော့ မျက်တွင်းညိုတာ မျက်အိတ်ဖောင်းတာတွေကို သက်သာစေမယ့် သဘာဝနည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

ဇွန်းအေးအေးကပ်မယ်

ဇွန်းကို ရေခဲရေထဲစိမ်ပေးပြီး မျက်လုံးမှာကပ်ပေးလို့ရပါတယ်။ ဒါမှမဟုတ်ရင်လည်း ရေခဲသေတ္တာထဲ ထည့်ပေးထားပြီး မျက်လုံးတစ်ဖက်ဆီကို ၁၀ မိနစ်ဆီ ကပ်ပေးပါ။

ရေခဲကပ်မယ်

ရေခဲတုံးတွေကို ပိတ်စအသန့်ထဲထည့်လိုက်ပါ။ ပြီးရင် မျက်လုံးမှာ ၂ မိနစ် ၃ မိနစ်ခန့် ကပ်ပေးလိုက်ပါ။ တစ်ဖက်ချင်းဆီကို ပြောင်းလုပ်ပေးပါ။

လက်ဖက်အိတ်

လက်ဖက်အိတ်ကို ရေနွေးနဲ့စိမ်လိုက်ပါ။ ၁၀ မိနစ်လောက်စိမ်ပြီးရင် ပြန်ထုတ်လိုက်ပြီး ရေခဲသေတ္တာထဲ ၁၀ မိနစ်လောက်ထည့်ထားပါ။ အဲဒီနောက် မျက်လုံးမှာ ကပ်ပေးလိုက်ပါ။

သခွားသီး

သခွားသီးကို ပါးပါးလှီးလိုက်ပါ။ ပြီးရင် မျက်လုံးပေါ်မှာ ၅ မိနစ်မှ ၁၀ မိနစ်အထိကပ်ပေးလို့ရပါတယ်။

အာလူး

အာလူး တစ်လုံး

ခြစ်တဲ့ပစ္စည်း

ပိတ်စအသန့်

ပြုလုပ်နည်း

အာလူးကို အခွံနွှာပြီး ခြစ်လိုက်ပါ။ ပြီးရင် ပိတ်စထဲထည့်လိုက်ပြီး အရည်ညှစ်ထုတ်ပေးပါ။

အဲဒီအာလူးရေကို ဝါဂွမ်းနဲ့တို့ပြီး မျက်ကွင်းအောက်မှာ လိမ်းပေးလိုက်ပါ။ ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။

အခုဖော်ပြခဲ့တဲ့နည်းလမ်းတွေထဲက တစ်ခုခုကို နေ့စဉ်လုပ်နိုင်ပါတယ်နော်။