မျက်နှာအသားအရေလေးက ဖြူစင်ပြီးချောမွေ့နေတာကို မိန်းကလေးတိုင်း ပိုင်ဆိုင်ချင်ကြတာပဲလေ။ ဒါကြောင့်လည်း ညဘက်တွေမှာ Skin Care တွေလိမ်း၊ မျက်နှာပေါင်းတင်တာတွေလုပ်နဲ့ အလုပ်တွေရှုပ်နေတတ်တာပေါ့။ ကုန်ကျစရိတ်လည်း သက်သာပြီး၊ အလွယ်တကူရရှိနိုင်တဲ့ ပစ္စည်းလေးတွေနဲ့ပဲ မျက်နှာအသားအရေကို ဖြူစင်အောင်လုပ်လို့ရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်နော်။

သင်္ဘောသီးက အလှအပအတွက်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့အတွက်ဆိုရင် အရမ်းကိုအဆင်ပြေတဲ့ အသီးတစ်မျိုးလို့လည်း ဆိုလို့ရပါတယ်နော်။ သင်္ဘောသီးကိုနေ့တိုင်းစားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်လည်းအဆိပ်အတောက်တွေ ကင်းရှင်းစေပြီး အသားအရေကိုလည်း ကြည်လင်လာစေပါတယ်။ သင်္ဘောသီးအတွင်းပိုင်းနဲ့ သန့်စင်ပြီးသွားတဲ့ မျက်နှာအသားအရေပေါ်မှာ ၁၅ မိနစ်လောက် သေချာပွတ်တိုက်ပေးပြီး ရေပြန်ဆေးပေးလိုက်ပါ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင် အသားအရေကို သိသိသာသာကြည်လင်ပြီး စိုပြေချောမွေ့လာစေမှာပဲဖြစ်ပါတယ်။

သခွားသီးကလည်း ပျိုမေတို့ရဲ့အသားအရေကို လှပစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ သခွားသီးနဲ့ ပျားရည်ကိုသေချာရောစပ်ပြီး အနှစ်ဖြစ်အောင် ကြိတ်ထားလိုက်ပါ။ ရလာတဲ့အနှစ်တွေကို သန့်စင်ထားပြီးတဲ့မျက်နှာပေါ်မှာ သေချာနှံ့စပ်အောင်လိမ်းထားပေးပြီး အချိန်ခဏလောက်ထားထားပေးလိုက်ပါ။ တစ်ပတ်တစ်ခါလောက် ပုံမှန်လေးလုပ်သွားပေးမယ်ဆိုရင်တော့ ကျေနပ်စရာကောင်းတဲ့ အသားအရေမျိုးကိုရရှိလာမှာပဲဖြစ်ပါတယ်။

Photo Source: Pinterest