(Zawgyi Version)

လမ္းခြဲလိုက္တယ္ဆိုေပမယ့္ သင့္အေပၚသူ႕ရဲ႕ခံစားခ်က္ေတြ ကုန္ဆံုးသြားျပီဆုိတာက မွန္ခ်င္မွမွန္မွာပါ။ သင္တို႔ႏွစ္ေယာက္ရဲ႕ လမ္းခြဲျပတ္စဲမႈကို သင္လက္မခံႏိုင္တာက အဓိပၸာယ္ရွိပါတယ္။ သူကကိုယ့္ကို စိတ္မဝင္စားေတာ့လို႔ ကိုယ့္ဘက္က ခ်စ္လ်က္နဲ႔လမ္းခြဲလိုက္တာကလည္း ျဖစ္ႏိုင္ပါတယ္။ ဘယ္လိုအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ သင့္ကိုသူ႕ဘက္ကစျပီး ျပန္လုိက္ေအာင္၊ ျပန္စိတ္ဝင္စားေအာင္ ျပဳလုပ္ႏို္င္တဲ့အရာေတြရွိပါတယ္။ ဒါေတြကေတာ့-

၁။ ကိုယ့္ဘက္စျပီး လံုးဝမဆက္သြယ္ပါနဲ႔

Source: motion array

ကိုယ့္ကိုျပန္စိတ္ဝင္စားေစခ်င္တာကို ဘာလို႔မဆက္သြယ္ခုိငး္တာလဲလို႔ ေမးစရာပါပဲ။ သင္က သူနဲ႔လံုးဝအဆက္အဆံမလုပ္ခ်င္ေတာ့တဲ့ ပံုစံမ်ိဳးေနပါ။ သူ႕ဘက္က ထူးဆန္းေနပါလိမ့္မယ္။ သူထင္ထားတာက သင္ကသူ႕ကိုျပန္ေတာင္းပန္မယ္။ ျပန္အဆင္ေျပဖို႔ ၾကိဳးစားမယ္လို႔ထင္ထားလို႔ပါ။ လူေတြက လြယ္လြယ္ရတာမ်ိဳးကို တန္ဖိုးမထားတတ္ၾကပါဘူး။

၂။ သူကသင့္ကို ဆက္သြယ္လာရင္လည္း မအားတဲ့ပံုစံေနပါ

Source: Shutterstock

သူက စေခၚတာနဲ႔ တစ္စကၠန္႔ေတာင္မၾကာလုိက္ဘူး။ သင့္ဘက္ Reply ျပန္ျပီးတာမ်ိဳးမျဖစ္ပါေစနဲ႔။ သူ႔ဘက္က ဆက္သြယ္ခဲ့ရင္လည္း အခ်ိန္အနည္းငယ္ၾကာျပီးမွ ျပန္ေျပာပါ။ ကုိုယ့္ရဲ႕ေျပာခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးပါ။ သူ႕စာကို သင္က ေစာင့္ေနပါတယ္ဆိုတဲ့ အေတြးမ်ိဳး သူမေတြးရေအာင္ သင့္ဘက္က ေနျပပါ။ သူမရွိလည္း သင့္ဘဝက ပံုမွန္ပဲဆိုတာ ျမင္လာေအာင္ျပပါ။

၃။ Social Media ေပၚမွာအလွဆံုးျဖစ္ေအာင္ေနျပပါ

Source: Style.pk

သင့္ရည္းစားေဟာင္းျပန္လာတာကုိ ထိုင္ေစာင့္မေနပါနဲ႔။ သူငယ္ခ်ငး္ေတြနဲ႔အျပင္သြားပါ။ လွလွပပျပင္ဆင္ေနထုိင္ပါ။ Social Media ေပၚမွာ သင့္ရဲ႕အလွပံုေတြ၊ သူငယ္ခ်င္းေတြနဲ႔အျပင္သြားေနတဲ့ပံုေတြကို တင္ပါ။

၄။ သင့္ရည္းစားေဟာင္းရဲ႕ Message ကိုမျပန္ခင္ တစ္နာရီေစာင့္ပါ

Source: The Mirror

ဒီလိုလုပ္တာက သူ႕စိတ္ထဲမွာ သင္ဘာေတြမ်ားလုပ္ေနလဲဆိုတဲ့ အေတြးမ်ိဳးဝင္သြားေစပါတယ္။ သင္က သူ႕အတြက္အခ်ိန္တုိင္းမရွိေပးႏုိင္ဘူးဆိုတာ သူျမင္လာေအာင္ျပပါ။

၅။ သင့္ရဲ႕နဂိုပံုစံအတုိင္း ေနထုိင္ပါ

Source: Pinterest

သူကသင့္ကိုထားသြားလို႔ဆိုျပီး သင့္ပံုစံကို ေျပာင္းလဲပစ္ဖို႔မလုိပါဘူး။ သင့္ရဲ႕ရွိရင္းစြဲအလွကိုပဲ ပိုလွေအာင္လုပ္ပါ။ ကိုယ္ေနထုိင္ခ်င္တဲ့ဘဝပံုစံအတိုင္းပဲေနထိုင္ပါ။ သူသင့္ကို လြမ္းေနမွာ မလြဲဧကန္ပါပဲ။

သင့္ရည္းစားေဟာင္းက သင့္ဆီျပန္မလာခဲ့ရင္ေတာင္ သင္ၾကိဳးစားေနတာပဲ။ သင့္မွာရည္မွန္းခ်က္ပန္းတုိင္ေတြရွိေသးတာပဲ။ ဒီထက္ေကာင္းမြန္တဲ့အရာေတြ သင့္ဆီလာမွာမို႔ အေဟာင္းေတြေဆးေၾကာလိုက္တယ္လို႔ သေဘာထားလုိက္ပါ။

(Unicode Version)

လမ်းခွဲလိုက်တယ်ဆိုပေမယ့် သင့်အပေါ်သူ့ရဲ့ခံစားချက်တွေ ကုန်ဆုံးသွားပြီဆိုတာက မှန်ချင်မှမှန်မှာပါ။ သင်တို့နှစ်ယောက်ရဲ့ လမ်းခွဲပြတ်စဲမှုကို သင်လက်မခံနိုင်တာက အဓိပ္ပာယ်ရှိပါတယ်။ သူကကိုယ့်ကို စိတ်မဝင်စားတော့လို့ ကိုယ့်ဘက်က ချစ်လျက်နဲ့လမ်းခွဲလိုက်တာကလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် သင့်ကိုသူ့ဘက်ကစပြီး ပြန်လိုက်အောင်၊ ပြန်စိတ်ဝင်စားအောင် ပြုလုပ်နို်င်တဲ့အရာတွေရှိပါတယ်။ ဒါတွေကတော့-

၁။ ကိုယ့်ဘက်စပြီး လုံးဝမဆက်သွယ်ပါနဲ့

Source: motion array
ကိုယ့်ကိုပြန်စိတ်ဝင်စားစေချင်တာကို ဘာလို့မဆက်သွယ်ခိုငး်တာလဲလို့ မေးစရာပါပဲ။ သင်က သူနဲ့လုံးဝအဆက်အဆံမလုပ်ချင်တော့တဲ့ ပုံစံမျိုးနေပါ။ သူ့ဘက်က ထူးဆန်းနေပါလိမ့်မယ်။ သူထင်ထားတာက သင်ကသူ့ကိုပြန်တောင်းပန်မယ်။ ပြန်အဆင်ပြေဖို့ ကြိုးစားမယ်လို့ထင်ထားလို့ပါ။ လူတွေက လွယ်လွယ်ရတာမျိုးကို တန်ဖိုးမထားတတ်ကြပါဘူး။

၂။ သူကသင့်ကို ဆက်သွယ်လာရင်လည်း မအားတဲ့ပုံစံနေပါ

Source: Shutterstock
သူက စခေါ်တာနဲ့ တစ်စက္ကန့်တောင်မကြာလိုက်ဘူး။ သင့်ဘက် Reply ပြန်ပြီးတာမျိုးမဖြစ်ပါစေနဲ့။ သူ့ဘက်က ဆက်သွယ်ခဲ့ရင်လည်း အချိန်အနည်းငယ်ကြာပြီးမှ ပြန်ပြောပါ။ ကိုုယ့်ရဲ့ပြောချင်စိတ်ကို ထိန်းချုပ်ပေးပါ။ သူ့စာကို သင်က စောင့်နေပါတယ်ဆိုတဲ့ အတွေးမျိုး သူမတွေးရအောင် သင့်ဘက်က နေပြပါ။ သူမရှိလည်း သင့်ဘဝက ပုံမှန်ပဲဆိုတာ မြင်လာအောင်ပြပါ။

၃။ Social Media ပေါ်မှာအလှဆုံးဖြစ်အောင်နေပြပါ

Source: style.pk
သင့်ရည်းစားဟောင်းပြန်လာတာကို ထိုင်စောင့်မနေပါနဲ့။ သူငယ်ချငး်တွေနဲ့အပြင်သွားပါ။ လှလှပပပြင်ဆင်နေထိုင်ပါ။ Social Media ပေါ်မှာ သင့်ရဲ့အလှပုံတွေ၊ သူငယ်ချင်းတွေနဲ့အပြင်သွားနေတဲ့ပုံတွေကို တင်ပါ။

၄။ သင့်ရည်းစားဟောင်းရဲ့ Message ကိုမပြန်ခင် တစ်နာရီစောင့်ပါ

Source: the mirror
ဒီလိုလုပ်တာက သူ့စိတ်ထဲမှာ သင်ဘာတွေများလုပ်နေလဲဆိုတဲ့ အတွေးမျိုးဝင်သွားစေပါတယ်။ သင်က သူ့အတွက်အချိန်တိုင်းမရှိပေးနိုင်ဘူးဆိုတာ သူမြင်လာအောင်ပြပါ။

၅။ သင့်ရဲ့နဂိုပုံစံအတိုင်း နေထိုင်ပါ

Source: Pinterest
သူကသင့်ကိုထားသွားလို့ဆိုပြီး သင့်ပုံစံကို ပြောင်းလဲပစ်ဖို့မလိုပါဘူး။ သင့်ရဲ့ရှိရင်းစွဲအလှကိုပဲ ပိုလှအောင်လုပ်ပါ။ ကိုယ်နေထိုင်ချင်တဲ့ဘဝပုံစံအတိုင်းပဲနေထိုင်ပါ။ သူသင့်ကို လွမ်းနေမှာ မလွဲဧကန်ပါပဲ။

သင့်ရည်းစားဟောင်းက သင့်ဆီပြန်မလာခဲ့ရင်တောင် သင်ကြိုးစားနေတာပဲ။ သင့်မှာရည်မှန်းချက်ပန်းတိုင်တွေရှိသေးတာပဲ။ ဒီထက်ကောင်းမွန်တဲ့အရာတွေ သင့်ဆီလာမှာမို့ အဟောင်းတွေဆေးကြောလိုက်တယ်လို့ သဘောထားလိုက်ပါ။

By MyStyle Myanmar