ဘယ်သူမဆို အောင်မြင်ပျော်ရွှင်ပြီး စိတ်ချမ်းသာကောင်းမွန်တဲ့ ဘ၀လေးကိုတော့ ရချင်ကြတာပဲမဟုတ်လား။ အောင်မြင်မှု ကိုယ်လိုချင်တဲ့ဘ၀ပန်းတိုင်ကို ရရှိအောင် ကြိုးစားနေတဲ့ အချိန်မှာကိုယ့်ဘဝကို ကောင်းအောင်လုပ်ပေးတဲ့အရာတွေက တကယ်တော့ နည်းလမ်းသိထားရင် အဖိုးစိုက်ထုတ်စရာတောင် မလိုပါဘူး။<

ကျန်းမာရေးကောင်းနေတယ်၊ ကိုယ့်ချစ်သူနဲ့အတူရှိတယ်၊ အားလပ်ရက်အိမ်မွေးတိရစ္ဆာန်ရဲ့ အချိန်ဖြိုန်းမယ်၊ တနင်္ဂနွေပိတ်ရက်မှာ ရိုးရှင်းနဲ့ကော်ဖီခွက်လေးနဲ့ စာကြည့်ခုံပေါ် စာထိုင်ဖတ်မယ်။ ဒါတွေပေါ့။ အမှန်တော့ ဒီလောက်ပြည့်စုံနေမှ ဘဝကြီးက သာယာမယ်ဆိုရင်လည်း သိပ်သဘာဝမကျပါဘူး။ ဒါတွေမရှိလည်း သင့်ဘဝပိုကောင်းအောင် လုပ်ပေးမယ့် အရာတွေရှိပါတယ်။ အောက်မှာ ရေးသားဖော်ပြထားတဲ့ အလေ့အထလေးတွေကို သင့်ဘဝမှာ အသုံးချမယ်ဆိုလည် သင့်ဘဝဟာ တစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်ပါတယ်လို့ အာမခံပါရစေ။

၁။ အသိအမှတ်ပြုကျေးဇူးတင်တတ်ပါစေ။ 

အသိအမှတ်ပြုတတ်တဲ့ စိတ်ထားဟာ ပိုပြီး ကျန်းမာစေတယ်၊ နှစ်ခြိုက်စွာအိပ်ပျော်စေတယ်၊ စိုးရိမ်ကြောင့်ကျမှုနည်းစေတယ်၊ အလုပ်တွင်စေတယ်၊ ရေရှည်စိတ်ချမ်းသာစေတယ် ပြီးတော့ ဘဝကို တိုးတက်အောင်မြင်စေတယ်လို့ နယူးယောက်တိုမ်းမဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။

အဲဒီတော့ ကိုယ့်ကိုကိုယ် တစ်နေ့တာပြုလုပ်ခဲ့တာတွေအတွက် အသိမှတ်ပြုလိုက်ပါ၊ ကိုယ့်ကိုကိုယ် ကျေးဇူးတင်ပါ။ ရေနွေးငဲ့ပေးတာကအစ အလုပ်မှာကူလုပ်ပေးတာအဆုံး ကိုယ့်ကိုကူညီခဲ့တဲ့သူတွေအတွက် ဖေဖေနဲ့ မေမေပါမကျန် ကျေးဇူးတင်ကြောင်းပြပါ။ အသိအမှတ်ပြုပါ။

၂။ လေးငါးမိနစ်လောက် အချိန်ပေးပြီး တရားထိုင်ပါ။

သင့်မှာရှိနေတဲ့ သောကတွေကို ဘယ်လောက်များများပျောက်ကွယ်သွားစေချင်ပါသလဲ။ သည်းခံတတ်တဲ့ စိတ်ထားတွေ၊ ဖန်တီးပုံဖော်မှုစွမ်းရည်ကောင်းတွေ၊ မှတ်ဥာဏ်ကောင်းတွေကို ဘာဘေးထွက်ဆိုးကျိုးမှမရှိဘဲ တိုးတက်စေလိုပါသလား။ ဒါဆိုရင်တော့ ဒါတွေအားလုံးဟာ တရားထိုင်ပြီဆိုတာနဲ့ သင်မလွဲမသွေ ရရှိနိုင်မယ့် အရာတွေပါပဲ။ တစ်နေ့ကို အချိန် ငါးမိနစ်လောက်ကနေစပြီး လေ့ကျင့်ယူကြည့်ပါ။ ဒီငါးမိနစ်လေးဟာ သင့်ဘ၀ကို လုံးဝပြောင်းလဲသွားစေပါလိမ့်မယ်။

တရားထိုင်တာဟာ အချိန်အကြာကြီးယူတဲ့ ကိစ္စမဟုတ်ပါဘူး။ ခက်ခက်ခဲခဲ လုပ်ရတဲ့အရာလည်း မဟုတ်ပြန်ပါဘူး။ ခန္ဓာကိုယ်ကို သက်သောက်သက်သာထားပြီး တစ်စက္ကန့်ချင်း နှာသီးဝကနေ အသက်ကိုဝအောင် ဖြေးဖြေးချင်း ရှူသွင်းရှူထုတ် လုပ်ယုံလေးပါ။ မိမိစိတ်ကို ငြိမ်သက်စွာထားနိုင်တာဟာ Concentration (အာရုံစူးစိုက်မှု)နဲ့ စိတ်ကြည်လင်မှုရှိနေတာပါပဲ။ စိတ်ကြည်လင်နေပြီဆိုတာနဲ့ ဘာတွေလုပ်ရမယ်၊ ဘယ်လိုလုပ်မယ်။ ဘာတွေကိုတော့ သတိထားရမယ် စသည့်ဖြင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်လာပါလိမ်မယ်။ ဒါဟာ သင်တရားထိုင်ဖို့ ပေးလိုက်တဲ့ အနည်းငယ်သောအချိန်ရဲ့ ကျေးဇူးတရားပါ။ တန်ပြန်သက်ရောက်မှုကတော့အံ့မခန်းပါနော်။

၃။ မှန်မှန်အိပ်ရာကနိုးထ၊ မှန်မှန်စား၊ မှန်မှန်လေ့ကျင့်ခန်းလုပ်ပါ။

ဒါတွေဟာ အသေးအဖွဲကိစ္စလေးတွေဆိုပေမယ့် သင့်ရဲ့တစ်နေတာ စိတ်ကျေနပ်စေမှုအတွက်ကတော့ ကြီးစွာသော ဆက်နွယ်မှုရှိနေပါတယ်။ ဘယ်သူမဆို ကလေးကလူကြီးအဆုံး ကိုယ့်အလုပ်နဲ့ကိုယ်ပါ။ အိပ်ယာထနောက်ကျပြီဆိုရင် မှန်မှန်မစားနိုင်၊ ရုံးပြေးရ ကျောင်းပြေးရ၊ လေ့ကျင့်ခန်းဆိုရင် ဝေလားဝေးဖြစ်ရပေါ့။ လန်းလန်းဆန်းဆန်း ဘယ်မှာရှိပါတော့မလဲ။ မလန်းဆန်းတော့ အလုပ်မတွင်။ အလုပ်မတွင်တော့ ထုတ်ကုန်ကျပြီပေါ့။ နောက်ထပ်ဘယ်မှာကျန်းမာရေးဂစိုက်နိုင်ပါတော့မလဲ။ ဒါကြောင့်လဲအိပ်ယာထတာလေးကအစ မှန်နေတယ်ဆိုရင် သင့်ဘဝ ပြောင်းလဲသွားဖို့ အများကြီးသေချာသလောက်ရှိပါတယ်။ ဘာတွေလုပ်မယ်၊ ဘယ်လေ့ခန်းလုပ်မယ်၊ ဘာတွေစားမယ်ဆိုတာကတော့ သင်ကိုယ်တိုင်ရွေးချယ်ပေါ့။

၎။ ဘာပဲလုပ်လုပ်စိတ်အားထက်သန်မှုဖြင့် မြင့်မားစွာ တွေးတောပါ။

စိတ်ကူးစိတ်သန်းဟာ ဗဟုသုတတွေထက် ပိုပြီးအရေးကြီးတဲ့အကြောင်း အေဗရာဟန်လင်ကွင်းက ပြောခဲ့ပါတယ်။ ကိုယ်ရချင်တဲ့ ပန်းတိုင်ဆိုတာ စိတ်ကူးအိမ်မက်တွေကတဆင့် ဖြစ်လာတာပဲမဟုတ်လား။ ကိုယ့်မှာသေသေချာချာ တွေးခေါ်ချမှတ်ထားတဲ့ ရည်မှန်းချက်ရှိနေပြီဆိုရင် သင့်အသက်က အိုတယ်မရှိပါဘူး။ တဖြည်းဖြည်း မှန်မှန်ကန်ကန် လုပ်သွားရင်ရလာမှာပဲဖြစ်တယ်။ ဒီလို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဘယ်အလုပ်ကိုမဆို သေချာတွေးတောပြီးမှ လုပ်တယ်ဆိုရင် ရည်မှန်းချက်ပန်းတိုင်ကို လွယ်လွယ်နဲ့အရောက်လှန်းနိုင်လို့ ပိုမိုပျော်စရာကောင်းတဲ့ ဘ၀ကို ရရှိမှာပဲဖြစ်ပါတယ်။

ဒီအလေ့အထလေးတွေကို အသုံးချခြင်းအားဖြင့် ကျန်းမာချမ်းသာတဲ့ဘဝကို ပိုင်ဆိုင်ပါစေ။