ခေါင်းကိုက်ရလောက်အောင် ဦးနှောက်ခြောက်စရာကောင်းတဲ့ Relationship ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါသလား။ ထွက်ပေါက်မတွေ့တဲ့ ဝင်္ကပါထဲမှာပဲ နေ့စဉ်ရက်ဆက် ငိုကြွေးနေရပါသလား။

ဒါတွေအားလုံးကို ဖြေရှင်းပေးနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကကူညီပေးပါလိမ့်မယ်။ ဘယ်လောက်လွယ်ကူတဲ့နည်းလမ်းလေးတွေဖြစ်နေမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ အစကိုပြန်သွားပါ

Source: more.com

ဖောင်ဒေးရှင်းခိုင်မှ အပေါ်ကိုဆက်တက်လို့ရမှာပါ။ သင်တို့နှစ်ယောက်စတင်တွေ့ခဲ့ကြတဲ့ ရင်ခုန်စရာအချိန်တွေဆီပြန်သွားပါ။ နှစ်ယောက်သားဘယ်လိုစချစ်ခဲ့ကြပြီး သူရဲ့ဘယ်လိုအချက်လေးတွေက သင့်ရင်ထဲရောက်စေခဲ့တယ်ဆိုတာ ပြန်စဉ်းစားပါ။ သင်တို့နှစ်ယောက်ရဲ့ ရင်ခုန်သံတွေကို တစ်ဖန်ပြန်နွေးထွေးလာစေနိုင်ပါတယ်။

၂။ ပစ္စုန်ပ္ပန်မှာပဲနေထိုင်ပါ

Source: bustle.com

သင်တို့နှစ်ယောက်ကြားမှာဖြစ်ခဲ့တဲ့ အတိတ်ကအမှားတွေဆီကနေ သင်ခန်းစာယူပါ။ ပြီးရင်တော့ အကောင်းဆုံးဖြစ်အောင် နှစ်ယောက်အတူပြန်ကြိုးစားကြပြီး ပစ္စုန်ပ္ပန်မှာပဲပြန်နေထိုင်ကြပါ။ အနာဂတ်တွေကိုလည်း အဆိုးဘက်ကမတွေးဘဲ အလှဆုံးဖြစ်အောင် ဘယ်လိုဖန်တီးနိုင်ကြမလဲလို့သာ တွေးပြီးရှင်သန်ပါ။

၃။ ပြောဆိုပေးပါ

Source: Bustle

ပြဿနာဖြစ်ရတဲ့အဓိကအကြောင်းရင်းကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပါ။ အမြစ်ကိုမဖြတ်ဘဲထားလိုက်ရင် အမြစ်ကနေအပင်ကြီးဖြစ်သွားတဲ့အခါ ပိုလှဲရခတ်တတ်ပါတယ်။

၎။ အပြစ်တင်နေတာတွေရပ်လိုက်ပါတော့

Source: Business Insider

လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာပါ။ တစ်ဖက်တည်းကိုပဲ အပြစ်တင်နေတာမျိုးတွေမလုပ်ပါနဲ့တော့။ အဲဒီအစား လေချိုလေးသွေးပြီးတော့ပဲ သေချာရှင်းပြပါ။

၅။ အထောက်အပံ့ဖြစ်ပါစေ

Source: Business Insider

သူ့အတွက်သင်ဆိုတာ အားဆေးတစ်ခွက်ဖြစ်နေဖို့ လိုပါတယ်။ တစ်ချိန်ကသူဘာလုပ်ခဲ့တယ်ဆိုတာတွေကို ပြန်တွေးပြီးစိတ်ထဲမှာ မှတ်မထားပါနဲ့တော့။ အဆိုးမြင်စိတ်တွေကို ဖျောက်ပစ်ပြီး သူ့အတွက် လက်တွဲဖော်ကောင်းဖြစ်နိုင်အောင်သာ ကြိုးစားပါ။

၆။ အရေးကြီးတာတွေပြောဖို့ မမေ့ပါနဲ့

Source: elitedaily.com<

ချစ်သူနှစ်ဦးကြားက အရေးကြီးဆုံးအရာကတော့ တစ်ဦးအပေါ်တစ်ဦး သွေးမအေးသွားကြဖို့ပဲ ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ Relationship တိုင်းမေ့လျော့လာကြတာကတော့ ချစ်စကားတွေပြောဖို့ပါပဲ။ ငါ့အပိုင်ဖြစ်သွားပြီဆိုပြီး စိတ်ချလက်ချနေလိုက်ခြင်းက သင်တို့နှစ်ယောက်ရဲ့စိတ်တွေကို ဝေးသွားစေနိုင်ပါတယ်။ ဒါကြောင့် နေ့ရက်တိုင်းမှာ ‘ချစ်တယ်’ လို့ပြောဖို့ မမေ့ပါနဲ့။

၇။ ကတိတည်ပါ

Source: elitedaily.com

မတည်နိုင်ရင် မပေးပါနဲ့။ ပေးပြီးရင်တော့ တည်အောင်လုပ်ဖို့လိုပါမယ်။ ပေးပြီးသားကတိတွေကို ကြိမ်ဖန်များစွာ ချိုးဖောက်နေခြင်းက တစ်ဖက်လူရဲ့ဖြစ်တည်မှုကို စော်ကားရာရောက်သလို သင့်ရဲ့ Image ကိုလည်း သင်ကိုယ်တိုင် ဖျက်ဆီးနေရာရောက်ပါတယ်။