(Zawgyi Version)

မဂၤလာပါ MyStyle Myanmar ပရိတ္သတ္တို႔ေရ။ ဒီတစ္ေခါက္မွာေတာ့ ဖက္ရွင္ပိုင္းမွာ ပံုမွန္နဲ႔ မတူတဲ့ အေၾကာင္းအရာတစ္ခုကို မိတ္ဆက္ေပးခ်င္ပါတယ္။ အခု လူငယ္ေတြၾကားထဲမွာ Aesthetic Style, Aesthetic ျဖစ္တယ္ဆိုၿပီး အေျပာမ်ားလာၾကပါတယ္။ Aesthetic ဆိုတဲ့အဓိပၸာယ္ကေတာ့ ဖက္ရွင္အျမင္ရွိတာ၊ ဘယ္လိုလုပ္ရင္ ပိုလိုက္ဖက္တယ္ဆိုတာသိတဲ့သူ၊ တီထြင္ႏိ္ုင္စြမ္းျမင့္မားတဲ့သူ လို႔ ဆိုလိုပါတယ္။ ပ်ိဳေမတို႔အေနနဲ႔ Aesthetic ျဖစ္ခ်င္တယ္ဆိုရင္ ကိုယ့္ရဲ႕ စတိုင္က ဘယ္လိုမ်ိဳးလဲ သိဖို႔လိုပါတယ္။ ဒီေတာ့ ကိုယ့္ရဲ႕ Aesthetic Style ကဘယ္လိုမ်ိဳးလဲ ရွာေဖြၾကည့္ရေအာင္ေနာ္။

၁။ Hypebeast Style

Hypebeast ရဲ႕ အဓိပၸာယ္ကေတာ့ အထာက်က်စတိုင္မ်ိဳးပါ။ မ်ားေသာအားျဖင့္ Streetstyle ေတြပါ။ လြတ္လြတ္လပ္လပ္ေနရတာႀကိဳက္ၿပီး Trend ေနာက္လိုက္ခ်င္ရင္ေတာ့ Hypebeast နဲ႔သင့္ေတာ္ပါတယ္။ ဒီစတိုင္ကို သင္ႀကိဳက္မႀကိဳက္ ေအာက္မွာျပထားတဲ့ Hypebeast နမူနာေတြကို ၾကည့္လိုက္ပါေနာ္။

၂။ Neutral Classy

ဒီစတိုင္ကေတာ့ အေရာင္ေဖ်ာ့ေဖာ်႕ေတြပါ။ မ်ားေသာအားျဖင့္ အျဖဴ၊ အညိဳနဲ႔ မီးခိုးေရာင္၊ ႏို႔ႏွစ္ေရာင္၊ အသားေရာင္ေတြက Neutral Classy ဘက္သြားပါတယ္။ က်က္သေရရွိၿပီး တည္ၿငိမ္တဲ့ဖက္ရွင္ကို သေဘာက်တဲ့ ပ်ိဳေမတို႔အဖို႔ေတာ့ ဒီစတိုင္ကို အႀကိဳက္ေတြ႕မွာပါ။ ပံုေတြကို နမူနာၾကည့္ၿပီး ကိုယ့္စတိုင္ဟုတ္မဟုတ္ ဆံုးျဖတ္ၾကည့္ပါ။

၃။ Soft Girl

Soft Girl ဆိုတဲ့ စတိုင္ကေတာ့ ႏူးညံ့တယ္။ အေကာင္းျမင္စိတ္ရွိတယ္။ ၾကင္နာတယ္။ ဂ႐ုစိုက္တယ္။ စတာေတြကို ရည္ၫႊန္းပါတယ္။ မ်ားေသာအားျဖင့္ ပန္းေရာင္နဲ႔ အေရာင္ႏုေလးေတြက Soft Girl စတိုင္ပါ။ မ်က္လံုးျခယ္ရင္လည္း ပန္းေရာင္ႏုႏုေလး၊ ကလစ္ဆိုရင္လည္း ပန္းေရာင္၊ အျပာအႏုေလးေတြ ဝတ္တတ္ပါတယ္။ သင္က ခ်စ္စရာေကာင္းၿပီး ကေလးဆန္တာမ်ိဳးကို သေဘာက်ရင္ေတာ့ Soft Girl က သင့္စတိုင္ပါ။

၄။ Y2K Style\

Y2K ဆိုတာကေတာ့ ၂၀၀၀ ခုႏွစ္ကို ရည္ၫႊန္းတာပါ။ အေရာင္လက္လက္ေလးေတြ၊ ပန္းေရာင္ေတြက Y2K Style ပါ။ Soft Girl နဲ႔ ဆင္တူပါတယ္။ Y2K ကေကာ သင့္စတိုင္လား ၾကည့္လိုက္ပါဦး။

၅။ Skater girl

ဒီဖက္ရွင္ကေတာ့ စကိတ္စီးတဲ့မိန္းကေလးေတြဝတ္တတ္တဲ့ ဖက္ရွင္ပါ။ အမ်ားစုက Vintage စတိုင္ျဖစ္ၿပီး ပြပြယယနဲ႔ ေယာက်ာ္းဆန္ဆန္ပံုစံပါ။ သင္က ေယာက်ာ္းဆန္ဆန္ဝတ္တာႀကိဳက္ရင္ေတာ့ Skater Girl စတိုင္က သင္နဲ႔လိုက္ဖက္မွာပါ။ နမူနာပံုေတြနဲ႔ ဆန္းစစ္ၾကည့္ပါ။

၆။ Angel Babygirl

ဒီစတိုင္ကေတာ့ ေခါင္းစဥ္အဓိပၸာယ္အတိုင္းပါပဲ။ နတ္သမီးေလးလည္းျဖစ္ရမယ္။ ကေလးေလးလိုလည္းခ်စ္ဖို႔ေကာင္းရပါမယ္။ ဒီလိုမိန္းကေလးေတြက သူတို႔ကိုယ္သူတို႔ Angel လို႔ခဏခဏေျပာတတ္ၿပီး Angel စာလံုးပါတဲ့ ဆြဲႀကိဳးေတြ၊ Accessories ေတြအစံုအလင္ရွိတတ္ပါတယ္။

၇။ Korean Grunge

Korean Grunge ဆိုတဲ့အဓိပၸာယ္ကေတာ့ ကိုးရီးယားေရာ့ခ္စတိုင္ဘက္သြားတာပါ။ ဂ်စ္ကန္ကန္ပံုစံနဲ႔ Streestyle မ်ိဳးပါပဲ။ အနက္ေရာင္မ်ားပါတယ္။ ဘယ္လိုမ်ိဳးလဲ နမူနာပံုေတြကို ၾကည့္လိုက္ပါေနာ္။

ကဲ..ဒီေတာ့ နမူနာပံုေတြကို ၾကည့္ျ့ပီး ကိုယ့္ရဲ႕ Aesthetic စတိုင္က ဘယ္လိုမ်ိဳးလဲ ခြဲျခားႏိုင္ၿပီထင္ပါတယ္။ ကိုယ့္စတိုင္က ဘယ္ထဲမွာပါလဲ Comment ေပးခဲ့ပါဦးေနာ္။

(Unicode Version)

မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ဒီတစ်ခေါက်မှာတော့ ဖက်ရှင်ပိုင်းမှာ ပုံမှန်နဲ့ မတူတဲ့ အကြောင်းအရာတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ အခု လူငယ်တွေကြားထဲမှာ Aesthetic Style, Aesthetic ဖြစ်တယ်ဆိုပြီး အပြောများလာကြပါတယ်။ Aesthetic ဆိုတဲ့အဓိပ္ပာယ်ကတော့ ဖက်ရှင်အမြင်ရှိတာ၊ ဘယ်လိုလုပ်ရင် ပိုလိုက်ဖက်တယ်ဆိုတာသိတဲ့သူ၊ တီထွင်နိ်ုင်စွမ်းမြင့်မားတဲ့သူ လို့ ဆိုလိုပါတယ်။ ပျိုမေတို့အနေနဲ့ Aesthetic ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ စတိုင်က ဘယ်လိုမျိုးလဲ သိဖို့လိုပါတယ်။ ဒီတော့ ကိုယ့်ရဲ့ Aesthetic Style ကဘယ်လိုမျိုးလဲ ရှာဖွေကြည့်ရအောင်နော်။

၁။ Hypebeast Style

Hypebeast ရဲ့ အဓိပ္ပာယ်ကတော့ အထာကျကျစတိုင်မျိုးပါ။ များသောအားဖြင့် Streetstyle တွေပါ။ လွတ်လွတ်လပ်လပ်နေရတာကြိုက်ပြီး Trend နောက်လိုက်ချင်ရင်တော့ Hypebeast နဲ့သင့်တော်ပါတယ်။ ဒီစတိုင်ကို သင်ကြိုက်မကြိုက် အောက်မှာပြထားတဲ့ Hypebeast နမူနာတွေကို ကြည့်လိုက်ပါနော်။

၂။ Neutral Classy

ဒီစတိုင်ကတော့ အရောင်ဖျော့ဖောျ့တွေပါ။ များသောအားဖြင့် အဖြူ၊ အညိုနဲ့ မီးခိုးရောင်၊ နို့နှစ်ရောင်၊ အသားရောင်တွေက Neutral Classy ဘက်သွားပါတယ်။ ကျက်သရေရှိပြီး တည်ငြိမ်တဲ့ဖက်ရှင်ကို သဘောကျတဲ့ ပျိုမေတို့အဖို့တော့ ဒီစတိုင်ကို အကြိုက်တွေ့မှာပါ။ ပုံတွေကို နမူနာကြည့်ပြီး ကိုယ့်စတိုင်ဟုတ်မဟုတ် ဆုံးဖြတ်ကြည့်ပါ။

၃။ Soft Girl

Soft Girl ဆိုတဲ့ စတိုင်ကတော့ နူးညံ့တယ်။ အကောင်းမြင်စိတ်ရှိတယ်။ ကြင်နာတယ်။ ဂရုစိုက်တယ်။ စတာတွေကို ရည်ညွှန်းပါတယ်။ များသောအားဖြင့် ပန်းရောင်နဲ့ အရောင်နုလေးတွေက Soft Girl စတိုင်ပါ။ မျက်လုံးခြယ်ရင်လည်း ပန်းရောင်နုနုလေး၊ ကလစ်ဆိုရင်လည်း ပန်းရောင်၊ အပြာအနုလေးတွေ ဝတ်တတ်ပါတယ်။ သင်က ချစ်စရာကောင်းပြီး ကလေးဆန်တာမျိုးကို သဘောကျရင်တော့ Soft Girl က သင့်စတိုင်ပါ။

၄။ Y2K Style

Y2K ဆိုတာကတော့ ၂၀၀၀ ခုနှစ်ကို ရည်ညွှန်းတာပါ။ အရောင်လက်လက်လေးတွေ၊ ပန်းရောင်တွေက Y2K Style ပါ။ Soft Girl နဲ့ ဆင်တူပါတယ်။ Y2K ကကော သင့်စတိုင်လား ကြည့်လိုက်ပါဦး။

၅။ Skater girl

ဒီဖက်ရှင်ကတော့ စကိတ်စီးတဲ့မိန်းကလေးတွေဝတ်တတ်တဲ့ ဖက်ရှင်ပါ။ အများစုက Vintage စတိုင်ဖြစ်ပြီး ပွပွယယနဲ့ ယောကျာ်းဆန်ဆန်ပုံစံပါ။ သင်က ယောကျာ်းဆန်ဆန်ဝတ်တာကြိုက်ရင်တော့ Skater Girl စတိုင်က သင်နဲ့လိုက်ဖက်မှာပါ။ နမူနာပုံတွေနဲ့ ဆန်းစစ်ကြည့်ပါ။

၆။ Angel Babygirl

ဒီစတိုင်ကတော့ ခေါင်းစဉ်အဓိပ္ပာယ်အတိုင်းပါပဲ။ နတ်သမီးလေးလည်းဖြစ်ရမယ်။ ကလေးလေးလိုလည်းချစ်ဖို့ကောင်းရပါမယ်။ ဒီလိုမိန်းကလေးတွေက သူတို့ကိုယ်သူတို့ Angel လို့ခဏခဏပြောတတ်ပြီး Angel စာလုံးပါတဲ့ ဆွဲကြိုးတွေ၊ Accessories တွေအစုံအလင်ရှိတတ်ပါတယ်။

၇။ Korean Grunge

Korean Grunge ဆိုတဲ့အဓိပ္ပာယ်ကတော့ ကိုးရီးယားရော့ခ်စတိုင်ဘက်သွားတာပါ။ ဂျစ်ကန်ကန်ပုံစံနဲ့ Streestyle မျိုးပါပဲ။ အနက်ရောင်များပါတယ်။ဘယ်လိုမျိုးလဲ နမူနာပုံတွေကို ကြည့်လိုက်ပါနော်။

ကဲ..ဒီတော့ နမူနာပုံတွေကို ကြည့်ြ့ပီး ကိုယ့်ရဲ့ Aesthetic စတိုင်က ဘယ်လိုမျိုးလဲ ခွဲခြားနိုင်ပြီထင်ပါတယ်။ ကိုယ့်စတိုင်က ဘယ်ထဲမှာပါလဲ Comment ပေးခဲ့ပါဦးနော်။

Photo Source: Pinterest

By MyStyle Myanmar