မင်္ဂလာပါ MyStyle Myanmar ကိုအားပေးကြတဲ့ ပရိတ်သတ်တို့ရေ။

ရေသောက်ခြင်းက သင့်ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာရှိတာကို သိပြီးကြမှာပါ။ ဒါပေမဲ့ လူအများစုကတော့ အလုပ်များပြီး တစ်ခါတလေ ရေသောက်ဖို့ မေ့နေတတ်ပါတယ်။ ဒီလိုမဖြစ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ရေက

၁။ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်

၂။ နုပျိုတဲ့အသားအရေကို ရရှိစေပါတယ်

၃။ ခေါင်းကိုက်တဲ့ဝေဒနာတွေကိုလည်း မဖြစ်အောင်ကာကွယ်ပေးပါတယ်

၎။ ဝိတ်ကျစေပါတယ်

၅။ ဝမ်းမှန်စေပါတယ်

ဒီလိုကောင်းကျိုးတွေများတဲ့ ရေကို သောက်ဖို့မေ့တာကတော့ အကျင့်ဆိုးတစ်ခုပါ။ ဒီတော့ သင့်ကိုနုပျိုစေတဲ့ ရေကို များများသောက်ဖြစ်ဖို့ အကျင့်လုပ်ပေးရပါမယ်။ ဒီအကျင့်ကို ဘယ်လိုပျိုးထောင်ရမလဲဆိုတော့

၁။ ရေထဲမှာ အရသာတစ်မျိုးမျိုးထည့်ပါ

Source: Recipe Geek

အဆိပ်အတောက်ဖြေပေးတဲ့ Detox Water ဆိုတာ ကြားဖူးကြမှာပါ။ ရေထဲမှာ သံပယိုသီး၊ သံပရာသီး၊ သခွားသီးနဲ့ ပန်းသီးစတာတွေကို ထည့်ထားတာပါ။ သင်ကြိုက်တဲ့အသီးတစ်မျိုးကို ရေထဲထည့်သောက်တာက သင့်ကို ရေသောက်မပျင်းစေတော့ပါဘူး။ ဥပမာ လိမ္မော်သီး၊ စတော်ဘယ်ရီခြမ်းတွေ ထည့်တာမျိုးပေါ့။

၂။ ရေဘူးတစ်ဘူးကို ကိုယ်နဲ့မကွာသယ်သွားပါ

Source: Working Mother

သင့်ဘေးမှာ ရေဘူးတစ်ဘူးထားပေးတာက သင့်ကို ရေသောက်ဖို့ သတိပေးသလိုပါပဲ။ ရေဘူးထဲရေအပြည့်ထည့်ထားဖို့တော့လိုမယ်နော်။ ရေဘူးမဝယ်ရသေးတဲ့သူတွေလည်း သွားဝယ်လိုက်တော့နော်။

၃။ တစ်ခုခုမစားခင် ရေအမြဲသောက်ပါ

Source: HealthSpectra

ဒီလိုသောက်ပေးတာက သင့်ကို အလွန်အကျွံမစားမိအောင်ကာကွယ်ပေးသလိုဖြစ်ပါတယ်။ သင်စားခါနီးတိုင်း ရေတစ်ခွက်သောက်ပေးရင်တော့ ရေများများသောက်တတ်တဲ့ အကျင့်ဖြစ်လာမှာပါ။

၎။ ရေသောက်တာကို တာဝန်အနေနဲ့သတ်မှတ်လုပ်ပါ

Source: Pinterest

တာဝန်ဆိုတာကတော့ မနက်မှာ နိုးတာနဲ့ ရေ၂ခွက်သောက်မယ်။ နေ့လည်မှာ ဘယ်နှစ်ခွက်သောက်ရမယ်ဆိုပြီး တာဝန်တစ်ခုအနေနဲ့ထားပါ။ သင်အလုပ်တွေကို ပြီးစီးအောင်ဆောင်ရွက်ရသလို ရေသောက်တာကို တာဝန်အနေနဲ့ထားတာက သင့်ကို ပိုလုပ်စေပါတယ်။

၅။ ရေသောက်ဖို့ သတိပေးတဲ့ Application တွေဖုန်းထဲထည့်ထားပါ

Source: Pinterest

Water tracker application တွေအများကြီးရှိပါတယ်။ Android အတွက်ကော IOS အတွက်ကော ရှိပါတယ်။

၆။ ခေါင်းစည်းကြိုးနည်းလမ်း

Source: Getty images

ဒီနည်းလမ်းကတော့ခေါင်းစည်းကြိုး၃ကွင်းလောက်လိုပါတယ်။ လုပ်ရတာပျော်ဖို့လည်းကောင်းပါတယ်။ နည်းလမ်းကတော့ သင်က တစ်နေ့ကို ရေသုံးလီတာသောက်မယ်ဆိုရင် ခေါင်းစည်းကြိုးသုံးကွင်းလိုပါမယ်။ စစချင်း ခေါင်းစည်းကြိုးကို သင်နှစ်သက်ရာလက်မှာ ဝတ်ပါ။ သုံးကွင်းလုံးကိုဝတ်ရမှာပါ။ တစ်လီတာသောက်ပြီးတာနဲ့ ကြိုးကို ဘယ်ဘက်မှာ ဝတ်ထားခဲ့ရင် ညာဘက်ပြောင်းပါ။ နောက်တစ်လီတာဆို နဂိုဘယ်ဘက်ကကြိုးကို ညာဘက်ပြောင်းပေးပါ။ သုံးလီတာသောက်ပြီးတာနဲ့ သုံးကွင်းလုံး နဂိုဝတ်ထားတဲ့ဘယ်ဘက်ကနေ ညာဘက်ဆီရောက်သွားပါပြီ။

ရေသောက်တာက သင့်အတွက် ကောင်းကျိုးတွေချည်းပဲမို့လို့ အပေါ်မှာပြောထားတဲ့နည်းလမ်းတွေအတိုင်း စမ်းလုပ်ကြည့်ပါ။ ရေများများသောက်တာက သင့်လုပ်နေကျ အကျင့်ဖြစ်သွားပါလိမ့်မယ်။

By MyStyle Myanmar