၂၀၁၇ ခုနှစ်အတွင်းက ပြသသွားခဲ့တဲ့ ‘While You Were Sleeping’ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲထဲမှ Suzy ရဲ့ ဇာတ်ကောင်ဟာဆိုရင် အင်မတန်ထက်ထက်မြက်မြက်နဲ့ သူတပါးကို ကူညီလိုစိတ်အပြည့်ရှိသူတစ်ဦးလဲဖြစ်ပါတယ်။

မင်းသား Lee Jong Suk နဲ့ အတွဲညီညီသရုပ်ဆောင်နိုင်ခဲ့တာထက် သူမရဲ့ဖက်ရှင်ဒီဇိုင်းလေးတွေ၊ မိတ်ကပ်အပြင်အဆင်လေးတွေကြောင့် မိန်းကလေးအများစု သဘောကျနှစ်ခြိုက်ခဲ့ကြတာပါ။ ယခင်သရုပ်ဆောင်နေကျ ဇာတ်ရုပ်များနှင့် တမူကွဲပြားပြီး ဆံပင်တိုတို၊ စတိုင်မိမိရှပ်အင်္ကျီလေးတွေကို ၀တ်ဆင်ထားတဲ့ Suzy ဟာဆိုရင် ယောကျာ်းလေးတိုင်းရဲ့ အသည်းကို ပုံစံတစ်မျိုးနဲ့ ဆွဲကိုင်လှုပ်နိုင်ပါတယ်နော်။

ဒါကြောင့် ‘While You Were Sleeping’ ဇာတ်လမ်းတွဲထဲမှ Suzy ရဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

ကုတ္အက်ႌမ်ား

ထက်ထက်မြက်မြက်ပုံစံဒီဇိုင်းကို အမိအရယူနိုင်ဖို့ ရှပ်အင်္ကျီအဖြူကို အောက်ခံဝတ်ပြီး အပေါ်မှ ကုတ်အင်္ကျီများကို ထပ်ပေါင်းဝတ်ထားတဲ့ Suzy ရဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေပါ။

ဒီဇိုင်းအစုံနဲ့ ဘေးလွယ်အိတ်များ

အသေးစိတ်အထိ သတိထားတတ်တဲ့ Suzy ဟာဆိုရင် မိန်းကလေးအများစု ကိုင်ဆောင်နေကျ ပုံစံဒီဇိုင်းမဟုတ်သော်လည်း လူများ၏အကြည့်ကို ဖမ်းစားနိုင်တဲ့ အိတ်ဒီဇိုင်းလေးတွေကို ရွေးချယ်အသုံးပြုထားတာပါ။

သတင်းထောက်ဒီဇိုင်း ဂျာကင်အင်္ကျီများ

သတင်းသမားတစ်ယောက်ရဲ့ ဇာတ်ရုပ်ကိုပေါ်လွင်စေဖို့ ကော်လံအပြားအကြီးကြီးတွေ၊ အိတ်ကပ်တွေပါဝင်တဲ့ ကုတ်အင်္ကျီအရှည်၊ ဂျာကင်အင်္ကျီတွေကို ၀တ်ဆင်ထားတဲ့ Suzy ဟာဆိုရင် အလွန်ကိုမှ ချစ်စရာကောင်းလွန်းပါတယ်။

တီရှပ်အဖြူသန့်သန့်လေးတွေ

တီရှပ်အဖြူလောက် ဘယ်ဖက်ရှင်က အလန်းဆုံးဖြစ်နိုင်အုံးမှာလဲဆိုတာနဲ့ ဘယ်လိုအရာနဲ့ပဲတွဲဝတ်ဝတ် အချိန်တိုင်းလှနေတယ်ဆိုတာကို Suzy က သက်သေပြထားတာပါ။

Wrap စကပ်ဒီဇိုင်းအလှ

ယခင်တုန်းက A-line နဲ့စကပ်အတိုလေးတွေကို ၀တ်လေ့ရှိတဲ့ Suzy ဟာ ယခု ‘While You Were Sleeping’ မှာတော့ ဒူးအရှည်၊ အနားအရှည်နဲ့ စကပ်လေးတွေကိုသာ ရွေးချယ်ဝတ်ဆင်ထားတာကို မြင်တွေ့နိုင်မှာပါ။ မိန်းကလေးဆန်ဆန်အသွင်ရှိတဲ့ Wrap Skirt လေးတွေဟာဆိုရင် သတင်းထောက် Suzy နဲ့ ကွဲပြားပြီး တမျိုးလေးလှနေပြန်ပါရောလား။

စာဖတ်သူတို့ရော….. Admin လိုပဲ Suzy ဖက်ရှင်လေးတွေကို ကြိုက်ကြတယ်ဟုတ်…. သူမရဲ့ဝတ်ပုံစားပုံလေးတွေက ရိုးရိုးလေးတွေနဲ့ လွယ်လွယ်လေးတွေဆိုတော့ မိန်းကလေးတိုင်းလိုက်ဝတ်နိုင်ကြမှာပါနော်…….