မိတ်ကပ်အသုံးပြုတဲ့ ပျိုမေတိုင်း မိတ်ကပ်ပစ္စည်းလေးတွေကို ဂရုတစိုက်သိမ်းရုံနဲ့မပြီးပါဘူး။ နေ့စဉ်နေ့တိုင်း မိတ်ကပ်လိမ်းတဲ့အခါ အသုံးပြုတဲ့ မိတ်ကပ် Brush ကိုလည်း မကြာခဏဆေးကြောပေးဖို့လိုပါတယ်။ မိတ်ကပ်အလိမ်းလိမ်းနဲ့ညစ်ပေနဲ့ Brush တွေကို မဆေးကြောပဲ အသုံးပြုတဲ့အခါ အဆီဖု၊ ၀က်ခြံစတာတွေ ထွက်လာတာကြောင့် ကိုယ့်ရဲ့ သဘာဝအလှတရားပါ ပျက်စီးရကိန်းကြုံလာနိုင်ပါတယ်။
ဒါဆို မိတ်ကပ် Brush တွေကို စနစ်တကျကျဆေးကြောအသုံးပြုနိုင်မယ့်နည်းလမ်းလေးကို ဆက်ကြည့်ကြစို့လား။
Source: Get The Gloss
လိုအပ်သော ပစ္စည်းများ
- ခေါင်းလျှော်ရည် (ကလေး Shampoo လည်းသုံးလို့ရ)
- ပန်းကန်းလုံး အသေး (၁) လုံး
- မျက်နှာသုတ်ပုဝါ အသန့် (၁ )ထည်
ပြုလုပ်နည်း အဆင့်ဆင့်
Source: ladymakeup.com.ua
၁။ ပထမဆုံး ကြက်သီးနွေးရေလေးနဲ့ မိတ်ကပ် Brush လေးကို မိတ်ကပ်အမှုန်တွေ ပြောင်ခါနီးလောက်အထိဆေးချပေးပါ။ Brush ရဲ့အဖျားထိပ်လေးကိုပဲ အဓိကထားပြီးဆေးပေးပါ။ အရင်းနားကို ရေတွေ သိပ်မထိစေဖို့ဂရုစိုက်ပါ။ ဘာကြောင့်လည်းဆိုတော့ သံချေးတက်လာနိုင်ပြီး အမွေးစတွေဆက်ထားတဲ့နေရာက ကော်တွေကိုကွာကျစေကာ အမွေးတွေကျွတ်ထွက်လာစေနိုင်လို့ပါ။
၂။ ပန်းကန်လုံးလေးထဲ ရေနွေးဖြည့်ပြီး ခေါင်းလျှော်ရည် နည်းနည်းထည့်ပါ။ ပြီးတာနဲ့ Brush အဖျားနားလေးတွေနဲ့ သေချာမွေးပါ။ လက်ဖ၀ါးလေးနဲ့ Brush အဖျားလေးကို ဖြည်းဖြည်းချင်းပွတ်ပေးပါ။
Source: khoobsurati.com
၃။ပြီးတာနဲ့ ရေဘုံဘိုင်ခေါင်းဖွင့်ပြီး Brush ကို ခေါင်းလျှော်ရည်ပြောင်ပြီး ရေကြည်သွားတဲ့အထိဆေးပေးပါ။
၎။ရေစိုနေတဲ့ Brush လေးကို မျက်နှာသုတ်ပုဝါလေးနဲ့အုပ်ပြီး ခပ်ဖွဖွကလေး ညှစ်သုတ်ပေးပါ။
၅။ Brush အမွေးတွေ လေအ၀င်အထွက်ရှိအောင် ခုံထောင့် (သို့) စားပွဲထောင့်နားလေးမှာ တေ့ပြီးအခြောက်ခံပါ။ မျက်နှာသုတ်ပုဝါ (သို့) အ၀တ်ခြောက်တစ်ခုခုပေါ်တင်ပြီး အခြောက်မခံရပါ။မှိုတက်လာနိုင်စေလို့ပါ။
Source: Makeup Tutorials
ဒီနည်းလေးနဲ့ မိတ်ကပ်လေးတွေကို သန့်ရှင်းပေးတာ အကောင်းဆုံးနဲ့ အလွယ်ဆုံးမို့ လိုက်လုပ်ကြည့်ကြဦးနော်။ တစ်ခုရှိတာက ဆပ်ပြာနဲ့တော့မဆေးပါနဲ့။ Brush အမွေးလေးတွေကို ကြွပ်ဆတ်လာနိုင်စေလို့ပါ။