(Zawgyi Version)

မဂၤလာပါ MyStyle Myanmar ပရိတ္သတ္တုိ႔ေရ။ အခ်ိဳးအစားက်တဲ့ ခႏၶာကိုယ္ပံုစံရဖို႔ ေခါင္းအစေျခအဆံုး ဂရုစိုက္ရပါတယ္း ကိုယ္နဲ႔လိုက္ဖက္တဲ့အိတ္တစ္လံုးက ကိုယ့္ခႏၶာကိုယ္ပံုစံကို ပိုေပၚလြင္သြားေစတာ သင္သိပါသလား? အိတ္ဝယ္တဲ့ေနရာမွာလည္း ခႏၶာကိုယ္အခ်ိဳးအစားပိုလွဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ေရြးဝယ္သင့္ပါတယ္။

၁။ပထမဆံုး ကိုယ့္ခႏၶာကိုယ္အခ်ိဳးအစားက ဘယ္ထဲပါလဲ သိပါေစ

  • သင့္ပခံုးအက်ယ္က တင္ပါးထက္ ပိုက်ယ္တယ္ဆိုရင္ေတာ့ သင့္ခႏၶာကိုယ္က Inverted Triangle ပါ။
  • သင့္ရဲ႕ခါးနဲ႔ ပခံုးအတိုင္းက သင့္တင္ပါးအတိုင္းထက္ ပိုေသးရင္ေတာ့ သင့္ခႏၶာကိုယ္က Pear ပါ။
  • သင့္ရဲ႕ပခံုး၊ ခါးနဲ႔ တင္ပါးအတုိင္းက တစ္ဆက္တည္းျဖစ္ေနရင္ Rectangle ပါ။

  • ခါးေသးျပီး ပခံုးနဲ႔ တင္ပါးအတိုင္းက အတူတူပဲဆိုရင္ သင့္ခႏၶာကိုယ္က Hourglass ပါ။
  • သင့္ခါးအတိုင္းက ပခံုးနဲ႔ တင္အတိုင္းထက္ ပိုက်ယ္ရင္ေတာ့ သင္က Apple Shape ပါ။

ဒါကေတာ့ ကိုယ့္ခႏၶာကိုယ္ Shape ကို သိႏုိင္တဲ့နည္းလမ္းပါ။ အိတ္ေရြးတ့ဲအခ်ိန္က်ရင္ ကိုယ့္ Shape နဲ႔ဆန္႔က်င္ဘက္ျဖစ္တာကို ေရြးရပါမယ္။

1. Inverted Triangle ခႏၶာကိုယ္ပိုင္ရွင္ေတြအတြက္

ခါးေနရာကို သတိထားေပးပါ။အိတ္ရဲ႕ ၾကိဳးအရွည္ကို သတိထားေရြးပါ။ ကိုယ့္ရဲ႕ ရင္ဘတ္တစ္ဝိုက္မွာ အျပင္အဆင္မမ်ားေစဖို႔ ၾကိဳးတိုတဲ့အိတ္ေတြ၊ အိတ္ၾကီးၾကီးေတြကို မေရြးပါနဲ႔။ ၾကိဳးရွည္တဲ့အိတ္မ်ိဳးေရြးေပးပါ။ ခႏၶာကိုယ္ကန္႔လတ္ျဖတ္ပံုစံ အိတ္လြယ္တာမ်ိဳးျပဳလုပ္ႏုိ္င္ပါတယ္။

2.Rectangular ခႏၶာကိုယ္ပိုင္ရွင္ေတြအတြက္

ကိုယ့္ခႏၶာကိုယ္ Shape ေပၚဖို႔ အိတ္ဒီဇိုင္းဆန္းေတြလြယ္ေပးရပါမယ္။ ၾကိဳးအရွည္ကို တိုတုိတုတ္တုတ္နဲ႔ အိတ္အဆံုးက တင္ပါးနားေရာက္တဲ့အိတ္မ်ိဳးေရြးေပးပါ။ အိတ္အခ်ိဳးအစားဆန္းသစ္ထားတဲ့ ပံုစံကို ေရးပါ။ Oversize အိတ္မ်ိဳးနဲ႔လိုက္ဖက္ပါတယ္။

3. Pear shape ခႏၶာကိုယ္ပိုင္ရွင္ေတြအတြက္

ခါးေအာက္ပိုင္းဘက္ကို ရႈပ္ယွက္ခတ္ေအာင္ မလုပ္သင့္ပါဘူး။ ကိုယ့္ရဲ႕ ရင္ဘတ္နဲ႔ ပခံုးအပုိင္းကိုပဲ အာရံုစိုက္ရပါမယ္။ အိတ္ၾကိဳးအရွည္ကို သတိထားေရြးခ်ယ္ရပါမယ္။ အိတ္အဆံုးက တင္ေအာက္ဘက္ဆံုးအထိ သြားတဲ့ အိတ္မ်ိဳးေရွာင္ေပးပါ။

Should Bag ေတြ Bucket Bag ေတြေရြးခ်ယ္သင့္ပါတယ္။

4. Apple Shape ခႏၶာကိုယ္ပိုင္ရွင္ေတြအတြက္

ခႏၶာကိုယ္အခ်ိဳးအစားကို တစ္သမတတ္တည္းျဖစ္ေအာင္ ဖန္တီးရပါမယ္။ အိတ္ေသးေသးေလးေတြ၊ ၾကိဳးတိုတာမ်ိဳးေတြကို ေရွာင္ေပးပါ။

အိတ္ၾကီးၾကီးေလးလြယ္ေပးပါ။

5.Hourglass ခႏၶာကိုယ္ပိုင္ရွင္ေတြအတြက္

သင္က ကံအေကာင္းဆံုးခႏၶာကိုယ္ပိုင္ရွင္ပါပဲ။ အိတ္တုိငး္နဲ႔လုိက္ဖက္ပါတယ္။ ဒါေပမဲ့ ကိုယ့္ခႏၶာကိုယ္အလွကို မဖံုးကြယ္သြားတဲ့အိတ္မ်ိဳးျဖစ္ဖို႔ေတာ့လိုအပ္ပါတယ္။

ေတြ႕ရာအိတ္ဝယ္တတ္တဲ့ အက်င့္ကိုေဖ်ာက္ျပီး ကိုယ့္ခႏၶာကိုယ္နဲ႔လိုက္ဖက္တဲ့အိတ္ကို ေရြးခ်ယ္ေပးပါ။ သင္ပိုစတုိင္က်လာပါလိမ့္မယ္။

(Unicode Version)

မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ အချိုးအစားကျတဲ့ ခန္ဓာကိုယ်ပုံစံရဖို့ ခေါင်းအစခြေအဆုံး ဂရုစိုက်ရပါတယ်း ကိုယ်နဲ့လိုက်ဖက်တဲ့အိတ်တစ်လုံးက ကိုယ့်ခန္ဓာကိုယ်ပုံစံကို ပိုပေါ်လွင်သွားစေတာ သင်သိပါသလား? အိတ်ဝယ်တဲ့နေရာမှာလည်း ခန္ဓာကိုယ်အချိုးအစားပိုလှဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရွေးဝယ်သင့်ပါတယ်။

၁။ပထမဆုံး ကိုယ့်ခန္ဓာကိုယ်အချိုးအစားက ဘယ်ထဲပါလဲ သိပါစေ

  • သင့်ပခုံးအကျယ်က တင်ပါးထက် ပိုကျယ်တယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်က Inverted Triangle ပါ။
  • သင့်ရဲ့ခါးနဲ့ ပခုံးအတိုင်းက သင့်တင်ပါးအတိုင်းထက် ပိုသေးရင်တော့ သင့်ခန္ဓာကိုယ်က Pear ပါ။
  • သင့်ရဲ့ပခုံး၊ ခါးနဲ့ တင်ပါးအတိုင်းက တစ်ဆက်တည်းဖြစ်နေရင် Rectangle ပါ။

  • ခါးသေးပြီး ပခုံးနဲ့ တင်ပါးအတိုင်းက အတူတူပဲဆိုရင် သင့်ခန္ဓာကိုယ်က Hourglass ပါ။
  • သင့်ခါးအတိုင်းက ပခုံးနဲ့ တင်အတိုင်းထက် ပိုကျယ်ရင်တော့ သင်က Apple Shape ပါ။

ဒါကတော့ ကိုယ့်ခန္ဓာကိုယ် Shape ကို သိနိုင်တဲ့နည်းလမ်းပါ။ အိတ်ရွေးတဲ့အချိန်ကျရင် ကိုယ့် Shape နဲ့ဆန့်ကျင်ဘက်ဖြစ်တာကို ရွေးရပါမယ်။

1.Inverted Triangle ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက်

ခါးနေရာကို သတိထားပေးပါ။အိတ်ရဲ့ ကြိုးအရှည်ကို သတိထားရွေးပါ။ ကိုယ့်ရဲ့ ရင်ဘတ်တစ်ဝိုက်မှာ အပြင်အဆင်မများစေဖို့ ကြိုးတိုတဲ့အိတ်တွေ၊ အိတ်ကြီးကြီးတွေကို မရွေးပါနဲ့။ ကြိုးရှည်တဲ့အိတ်မျိုးရွေးပေးပါ။ ခန္ဓာကိုယ်ကန့်လတ်ဖြတ်ပုံစံ အိတ်လွယ်တာမျိုးပြုလုပ်နို်င်ပါတယ်။

2.Rectangular ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက်

ကိုယ့်ခန္ဓာကိုယ် Shape ပေါ်ဖို့ အိတ်ဒီဇိုင်းဆန်းတွေလွယ်ပေးရပါမယ်။ ကြိုးအရှည်ကို တိုတိုတုတ်တုတ်နဲ့ အိတ်အဆုံးက တင်ပါးနားရောက်တဲ့အိတ်မျိုးရွေးပေးပါ။ အိတ်အချိုးအစားဆန်းသစ်ထားတဲ့ ပုံစံကို ရေးပါ။ Oversize အိတ်မျိုးနဲ့လိုက်ဖက်ပါတယ်။

3. Pear shape ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက်

ခါးအောက်ပိုင်းဘက်ကို ရှုပ်ယှက်ခတ်အောင် မလုပ်သင့်ပါဘူး။ ကိုယ့်ရဲ့ ရင်ဘတ်နဲ့ ပခုံးအပိုင်းကိုပဲ အာရုံစိုက်ရပါမယ်။ အိတ်ကြိုးအရှည်ကို သတိထားရွေးချယ်ရပါမယ်။ အိတ်အဆုံးက တင်အောက်ဘက်ဆုံးအထိ သွားတဲ့ အိတ်မျိုးရှောင်ပေးပါ။

Should Bag တွေ Bucket Bag တွေရွေးချယ်သင့်ပါတယ်။

4. Apple Shape ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက်

ခန္ဓာကိုယ်အချိုးအစားကို တစ်သမတတ်တည်းဖြစ်အောင် ဖန်တီးရပါမယ်။ အိတ်သေးသေးလေးတွေ၊ ကြိုးတိုတာမျိုးတွေကို ရှောင်ပေးပါ။

အိတ်ကြီးကြီးလေးလွယ်ပေးပါ။

5. Hourglass ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက်

သင်က ကံအကောင်းဆုံးခန္ဓာကိုယ်ပိုင်ရှင်ပါပဲ။ အိတ်တိုငး်နဲ့လိုက်ဖက်ပါတယ်။ ဒါပေမဲ့ ကိုယ့်ခန္ဓာကိုယ်အလှကို မဖုံးကွယ်သွားတဲ့အိတ်မျိုးဖြစ်ဖို့တော့လိုအပ်ပါတယ်။

တွေ့ရာအိတ်ဝယ်တတ်တဲ့ အကျင့်ကိုဖျောက်ပြီး ကိုယ့်ခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့အိတ်ကို ရွေးချယ်ပေးပါ။ သင်ပိုစတိုင်ကျလာပါလိမ့်မယ်။

Source: Brightside.me

By MyStyle Myanmar