အားလုံးပဲမင်္ဂလာပါနော်။ ရုံးနေ့တိုင်း တက်ရတာ သူတွေရှိမယ်ထင်ပါတယ်။

ရုံးတက်တဲ့အခါ အပြင်အလည်သွားသလို ပိုက်ဆံအိတ်တစ်လုံးထဲထည့်ပြီး သွားလို့အဆင်မပြေပါဘူး။

ဆိုတော့ အလုပ်လုပ်နေတဲ့ ကောင်မလေးတွေ၊ မိန်းမပျိုလေးတွေ     အတွက် ရုံးနဲ့အဆင်ပြေစေမယ့် အိတ်လှလှလေးကို ရွေးချယ်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။

၁။ အမျိုးမျိုးသုံးလို့ရတဲ့ အိတ်ကိုရွေးချယ်ပါ

လက်ဆွဲလို့ရတာတစ်ခုတည်းမဟုတ်ဘဲ လွယ်လို့လည်းရတဲ့ အိတ်မျိုးကိုရွေးချယ်ပါ။ ပစ္စည်းထည့်စရာများတဲ့အခါ ထည့်လို့ရတယ်။ အိတ်အကန့်တွေအများကြီးပါတဲ့ အိတ်မျိုးကိုရွေးချယ်သင့်ပါတယ်။

၂။ အရွယ်အစား

အရွယ်အစား ပိုကြီးတဲ့ အိတ်ကို ရွေးချယ်ပါ။ နေရာကျယ်ကျယ်လေးနဲ့ဆို ပိုပြီး ပစ္စည်းတွေ ပိုပြိးထည့်လို့ရသလို သက်သောင့်သက်သာရှိစေမှာပါ။

၃။ သင့်ကြိုက်တဲ့ ပုံစံ စတိုင်လ်အတိုင်းရွေးချယ်ပါ

အိတ်အသစ်တွေပေးတိုင်း အသစ်ဝယ်စရာမလိုပါဘူး။ သင့်အလုပ်နဲ့ လိုက်ဖက်ပြီး သက်သောင့်သက်သာလည်းဖြစ်တယ်၊ အလွယ်တကူလည်း သယ်သွားလို့ရတဲ့ အိတ်မျိုးကိုရွေးချယ်ပါ။

၎။ သဘာဝဆန်တဲ့အရောင်ကိုရွေးချယ်ပါ

အလုပ်သွားတဲ့အခါ အရောင်ရင့်ရင့်၊ အရောင်တောက်တောက်တွေအစား သဘာဝကျတဲ့အရောင် နုနုလေတွေ၊ အရောင်ငြိမ်ငြိမ်လေးတွေ ကိုရွေးချယ်ပါ။

Source: www.fabhow.com

By: MyStyle Myanmar