(Zawgyi)

မိမိကိုယ္မိမိ ဆြဲေဆာင္မႈအျပည့္ရွိဖို႔ဆိုတာ တစ္ဖက္က ေယာက်ၤားတစ္ေယာက္ကို ဆြဲေဆာင္ႏိုင္ဖို႔ေတာ့မဟုတ္ပါဘူး။ အလွကုန္ပစၥည္းေတြ ခြဲစိတ္ျပဳျပင္တာေတြ ဝတ္ေကာင္းစားလွေတြဝတ္တာမ်ိဳးမဟုတ္ဘဲ သင့္ကို သင့္ကိုယ္သင္ ယံုၾကည္မႈအျပည့္နဲ႔ ဆြဲေဆာင္မႈရွိေနေစမယ့္ နည္းလမ္းေတြကို မွ်ေဝေပးခ်င္ပါတယ္။

၁။ ၿပံဳးတတ္တဲ့သူျဖစ္ပါေစ

သင့္မ်က္ႏွာမွာ အၿမဲတမ္းလိုလို အၿပံဳးပန္းဆင္ထားလိုက္ပါ။ ေနရာတကာမွာ အရမ္းႀကီး အေလးအနက္ထားတာ တစ္ခုခုကိုဆို ေတြးတတ္လြန္းတာမ်ိဳးမဟုတ္ဘဲ တခါတေလ ေပါ့ေပါ့ပါးပါးေလး ၿပံဳးၿပီး တျခားသူေတြရဲ႕ ေပ်ာ္ရႊင္မႈကို မွ်ေဝပါ။

၂။ သင့္ရဲ႕ မိန္းမပီသမႈကို သတိရလိုက္ပါ

မိန္းကေလးဆိုတာ မိန္းမပီသဖို႔လိုအပ္ပါတယ္။ မိန္းမပီသတယ္ဆိုတာ ခ်စ္ခင္ၾကင္နာတတ္တယ္။ စာနာနားလည္တတ္တဲ့သူမ်ိဳးျဖစ္ပါတယ္။ မွ်မွ်တတ ဘက္မွ်ေအာင္ ေတြးေခၚတတ္ပါေစ။

၃။ သင့္ရဲ႕ အမူအက်င့္တခ်ိဳ႕ကို တန္ဖိုးထားပါ

မေကာင္းတဲ့အမူအက်င့္ေတြကို ျပဳျပင္ဖို႔ႀကိဳးစားလိုက္ၿပီး သင့္ဆီမွာရွိတဲ့ ေကာင္းတဲ့ အမူအက်င့္တခ်ိဳ႕ကို တန္ဖိုးထားပါ။ တျခားသူ သင့္ကို သေဘာက်ေနေအာင္ လိုက္ၿပီး ေနတာထက္ သင့္ကိုယ္သင္ ကိုယ္ပိုင္ဟန္ေလးရွိေနပါေစ။

၄။ လြတ္လပ္တဲ့ မိန္းကေလးတစ္ဦးျဖစ္ပါေစ

ဆိုလိုတာက ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ခ်ႏိုင္တဲ့ သူတစ္ဦးျဖစ္ဖို႔လိုအပ္ပါတယ္။ လြတ္လပ္တယ္ဆိုလို႔ စည္းမဲ့ကမ္းမဲ့ အခ်ိန္ျဖဳန္း ေလွ်ာက္သြားေနတာမ်ိဳးမဟုတ္ဘဲ မိမိေျခေထာက္ေပၚမိမိရပ္တည္ႏိုင္ၿပီး ရည္မွန္းခ်က္ပန္းတိုင္ ရွိတဲ့သူမ်ိဳးပါ။ တျခားသူကို မွီတြယ္လြန္းသူမျဖစ္ပါေစနဲ႔။

၅။ ဒရမ္မာမဆန္ပါနဲ႔

မိန္းကေလးေတြဟာ ကိုယ္ခ်င္းစာတတ္ၾကပါတယ္။ ဒါေပမယ့္ အရာရာတိုင္းကို လိုက္ခံစားၿပီး ဒရမ္မာဆန္မေနပါနဲ႔။

၆။ လွ်ိဳ႕ဝွက္ခ်က္အနည္းငယ္ထားပါ

အရာအားလံုးကို ပြင့္ပြင့္လင္းလင္း အကုန္ေလွ်ာက္ေျပာလို႔မရပါဘူး။ သင့္မွာ လွ်ိဳ႕ဝွက္ခ်က္ဆိုတာေတာ့ ရွိသင့္ပါတယ္။ ေလာကမွာ လူတိုင္းကို ယံုရတာမဟုတ္ပါဘူး။ သင့္ရဲ႕ တခ်ိဳ႕ အေၾကာင္းအရာေတြကို လွ်ိဳ႕ဝွက္ထားပါ။

၇။ တျခားသူကို ေလးစားမႈျပၿပီး သင့္ကိုယ္သင္လည္း ေလးစားခံရေအာင္ေနပါ

ရိုးရွင္းပါတယ္။ သင့္ကိုယ္ ေလးစားခံခ်င္ရင္ သင္ကိုယ္တိုင္ လူေလးစားေအာင္ေနပါ။ တျခားသူကိုလည္း ေလးေလးစားစား ဆက္ဆံပါ။

(Unicode)

မိမိကိုယ်မိမိ ဆွဲဆောင်မှုအပြည့်ရှိဖို့ဆိုတာ တစ်ဖက်က ယောင်္ကျားတစ်ယောက်ကို ဆွဲဆောင်နိုင်ဖို့တော့မဟုတ်ပါဘူး။ အလှကုန်ပစ္စည်းတွေ ခွဲစိတ်ပြုပြင်တာတွေ ဝတ်ကောင်းစားလှတွေဝတ်တာမျိုးမဟုတ်ဘဲ သင့်ကို သင့်ကိုယ်သင် ယုံကြည်မှုအပြည့်နဲ့ ဆွဲဆောင်မှုရှိနေစေမယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ ပြုံးတတ်တဲ့သူဖြစ်ပါစေ

သင့်မျက်နှာမှာ အမြဲတမ်းလိုလို အပြုံးပန်းဆင်ထားလိုက်ပါ။ နေရာတကာမှာ အရမ်းကြီး အလေးအနက်ထားတာ တစ်ခုခုကိုဆို တွေးတတ်လွန်းတာမျိုးမဟုတ်ဘဲ တခါတလေ ပေါ့ပေါ့ပါးပါးလေး ပြုံးပြီး တခြားသူတွေရဲ့ ပျော်ရွှင်မှုကို မျှဝေပါ။

၂။ သင့်ရဲ့ မိန်းမပီသမှုကို သတိရလိုက်ပါ

မိန်းကလေးဆိုတာ မိန်းမပီသဖို့လိုအပ်ပါတယ်။ မိန်းမပီသတယ်ဆိုတာ ချစ်ခင်ကြင်နာတတ်တယ်။ စာနာနားလည်တတ်တဲ့သူမျိုးဖြစ်ပါတယ်။ မျှမျှတတ ဘက်မျှအောင် တွေးခေါ်တတ်ပါစေ။

၃။ သင့်ရဲ့ အမူအကျင့်တချို့ကို တန်ဖိုးထားပါ

မကောင်းတဲ့အမူအကျင့်တွေကို ပြုပြင်ဖို့ကြိုးစားလိုက်ပြီး သင့်ဆီမှာရှိတဲ့ ကောင်းတဲ့ အမူအကျင့်တချို့ကို တန်ဖိုးထားပါ။ တခြားသူ သင့်ကို သဘောကျနေအောင် လိုက်ပြီး နေတာထက် သင့်ကိုယ်သင် ကိုယ်ပိုင်ဟန်လေးရှိနေပါစေ။

၄။ လွတ်လပ်တဲ့ မိန်းကလေးတစ်ဦးဖြစ်ပါစေ

ဆိုလိုတာက ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့ သူတစ်ဦးဖြစ်ဖို့လိုအပ်ပါတယ်။ လွတ်လပ်တယ်ဆိုလို့ စည်းမဲ့ကမ်းမဲ့ အချိန်ဖြုန်း လျှောက်သွားနေတာမျိုးမဟုတ်ဘဲ မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်ပြီး ရည်မှန်းချက်ပန်းတိုင် ရှိတဲ့သူမျိုးပါ။ တခြားသူကို မှီတွယ်လွန်းသူမဖြစ်ပါစေနဲ့။

၅။ ဒရမ်မာမဆန်ပါနဲ့

မိန်းကလေးတွေဟာ ကိုယ်ချင်းစာတတ်ကြပါတယ်။ ဒါပေမယ့် အရာရာတိုင်းကို လိုက်ခံစားပြီး ဒရမ်မာဆန်မနေပါနဲ့။

၆။ လျှို့ဝှက်ချက်အနည်းငယ်ထားပါ

အရာအားလုံးကို ပွင့်ပွင့်လင်းလင်း အကုန်လျှောက်ပြောလို့မရပါဘူး။ သင့်မှာ လျှို့ဝှက်ချက်ဆိုတာတော့ ရှိသင့်ပါတယ်။ လောကမှာ လူတိုင်းကို ယုံရတာမဟုတ်ပါဘူး။ သင့်ရဲ့ တချို့ အကြောင်းအရာတွေကို လျှို့ဝှက်ထားပါ။

၇။ တခြားသူကို လေးစားမှုပြပြီး သင့်ကိုယ်သင်လည်း လေးစားခံရအောင်နေပါ

ရိုးရှင်းပါတယ်။ သင့်ကိုယ် လေးစားခံချင်ရင် သင်ကိုယ်တိုင် လူလေးစားအောင်နေပါ။ တခြားသူကိုလည်း လေးလေးစားစား ဆက်ဆံပါ။

Featured Image Source: MeetMindful