သာမန်ဘ၀ကြီးဆိုတာထက် လူတိုင်းကတော့ VIP ဖြစ်ချင်ကြတာပဲလေနော်။ အခု နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ် အမြဲ VIP တစ်ယောက်လို ခံစားရအောင် ဘာတွေ လုပ်ကြမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။ ဒီနည်းလမ်းလေးတွေက လိုက်လုပ်ဖို့ လွယ်ကူတဲ့ ငွေကုန်ကြေးကျလည်း သိပ်မရှိတဲ့ နည်းလေးတွေပါ။

၁။ ကိုယ်ပိုင်ကော်ဖီသောက်ချိန်ပေးပါ။

ကော်ဖီ (သို့) လက်ဖက်ရည် (သို့) သစ်သီးဖျော်ရည်တစ်မျိုးမျိုး သောက်သုံးပြီး တစ်ယောက်တည်း အနားယူအပန်းဖြေပါ။ တိတ်ဆိတ်တဲ့ နေရာလေးမှာ ကော်ဖီလေးသောက်၊ အကြိုက်ဆုံးစာအုပ်လေးဖတ်ပြီး ဇိမ်ယူရတာလောက်ကောင်းတဲ့ ဖီလင်ရှိနိုင်ဦးမလား။ ဒီလို အေးအေးဆေးဆေးနေနိုင်တဲ့ အခွင့်ထူးလေးကို ယူနိုင်တဲ့ ကိုယ်ကတော့ အမြဲ VIP ပါပဲ။

၂။ အသေးအဖွဲလေးတွေကအစ အောင်ပွဲခံပါ

သင့်အချစ်တော် ခွေးလေး၊ ကြောင်လေးရဲ့ မွေးနေ့ပွဲလား၊ တစ်ပျော်တစ်ပါးကြီး မွေးနေ့ပွဲကျင်းပပါ။  သင်ရည်မှန်းထားတဲ့ အရာတစ်ခုခု အောင်မြင်ထမြောက်သွားပြီလား။ ကိုယ့်ကိုကိုယ် ချီးကျူးပြီး အောင်ပွဲခံလိုက်ပါ။ အနံ့မွှေးတဲ့ ဖယောင်းတိုင်လေးထွန်းပြီး သာယာငြိမ့်ညောင်းတဲ့ သီချင်းလေးဖွင့်ကာ သင်ဘယ်လောက်တော်ကြောင်းတွေးပြီး ကိုယ့်ကိုကိုယ် ဂုဏ်ယူလိုက်ပါ။ ကိစ္စအသေးအဖွဲလေးတွေကို အကြီးအကျယ်အောင်ပွဲခံခြင်းက မိမိကိုယ်ကို အရေးကြီးပုဂ္ဂိုလ်တစ်ယောက်လို ခံစားရစေပါတယ်။

၃ ။ ပန်းလှလှလေးတွေ ဝယ်ယူပါ

အဆင်သင့် စည်းပြီးသား ပန်းစည်းတစ်စည်းလုံးဝယ်ယူတာထက်စာရင် ပန်းပွင့်တစ်ပွင့်ချင်းစီဝယ်ယူပြီး မိမိကြိုက်နှစ်သက်ရာ ဒီဇိုင်းလှလှလေးတွေနဲ့ စည်းနှောင်ထားလိုက်ပါ။ ဒီလိုပြုလုပ်ပေးခြင်းက သင့်ကို စိတ်ကို လန်းဆန်းအပန်းပြေစေတဲ့အပြင် ပန်းလေးတွေရံထားခြင်းခံရတဲ့ သင်က အလိုလို VIP ဖြစ်နေပြီပေါ့။

၎။ အမြဲလှလှပပနေပါ။

အလှပြင်ဆိုင်သွားပြီး လက်သည်း ခြေသည်းပုံဖော်မယ်၊ ပေါင်းတင်မယ်၊ ခန္ဓာကိုယ်လှပနေဖို့ Gym မှန်မှန် ဆော့မယ်။ မျက်နှာအသားအရေထိန်းသိမ်းစောင့်ရှောက်ကြမယ် စသည်ဖြင့် မိမိအလှအပအတွက်လည်း အချိန်ပေးလိုက်ပါ။ ဒါဟာ အပြင်ပိုင်းအလှအတွက်လို့ ဆိုပေမယ့် သင့်ရဲ့ စိတ်ကိုလည်း အများကြီး ရွင်လန်းစေပြီး ကိုယ့်ကိုကိုယ် VIP တစ်ယောက်လို ခံစားစေမယ့် နည်းလေးပါနော်။ အပြင်သွားတဲ့အခါလည်း အလန်းဆန်းဆုံး၊ အတက်ကြွဆုံးနဲ့ အလှပဆုံးဖြစ်နေအောင် ပြင်ဆင်ခြယ်သပါ။ အမြဲတက်ကြွရွှင်လန်းနေသူတစ်ယောက်ကို လူတိုင်းက VIP လိုဆက်ဆံကြမှာ မလွဲမသွေပါပဲ။

၅။ သစ်ပင် ပန်းမာန်လေးတွေ ကိုယ်တိုင်ကိုယ်ကျစိုက်ပျိုးပါ။

အပင်သေးလေးတွေကို အိမ်ရှေ့မှာ ချိတ်ဆွဲပြီး စိုက်ပျိုးမယ်၊  ဒါမှမဟုတ် မိမိအခန်းရဲ့ စာကြည့်စားပွဲ (သို့) အလုပ်စားပွဲမှာထားပြီး ကိုယ်တိုင် ရေလောင်းပေး၊ ပန်းလေးတွေ လန်းနေအောင် လုပ်ပေးရင်း ဥယာဉ်မှုးကြီးတစ်ယောက်လို ခံစားချက်နဲ့ အလိုလို VIP ဖြစ်နေပြီပေါ့။ ပြီးတော့ အိမ်ကို အလှဆင်ပြီးသားဖြစ်တာမို့ စိတ်ကို ဘ၀င်ကျစေမှာနော်။

(၆) သ့င်ကို VIP လိုထားတဲ့ ၀န်ဆောင်မှုတွေကို အသုံးပြုပါ။

နှစ်သစ်မှာ သင့်ကို တကယ့်အရေးကြီးပုဂ္ဂိုလ်တစ်ယောက်လို ခံစားသွားရစေမယ့် နည်းလမ်းကောင်းလေးတစ်ခုရှိပါသေးတယ်။ ဒါကတော့ အူရီဒူးရဲ့ VIP အစီအစဉ်မှာ စာရင်းသွင်းပြီး  အခွင့်ထူးခံ VIP တစ်ယောက်လိုပဲ အထူးဆုလက်ဆောင်တွေ အထူးအစီအစဉ်တွေ အများကြီး ခံစားနိုင်မယ့် နည်းလေးပါနော်။

ငွေဖြည့်သွင်းလိုက်ရုံနဲ့တင် အမှတ်များရရှိပြီး ရလာတဲ့အမှတ်တွေကို ဆုလက်ဆောင်တွေနဲ့ လဲလှယ်ရယူနိုင်တယ်။ Spin The Wheel ကို လှည့်ပြီးတော့လည်း တစ်နေ့ကို ကျပ်သိန်း ၂၀ အထိ ချီးမြှင့်နေတဲ့ ငွေသားဆုတွေကို နေ့တိုင်းရယူနိုင်မှာပါ။ Spin the Wheel ကိုတော့ ကိုယ်ကြိုက်နှစ်သက်ရာ Data Pack တစ်ခုကို ဝယ်ယူပြီးတိုင်း တစ်ခါလှည့်နိုင်တော့မှာဖြစ်ပါတယ်။ ဒ့ါကြောင့် Data Pack တွေများများဝယ်လေ Spin The Wheel မှာ ချီးမြှင့်မယ့် ငွေသားကံထူးခွင့်တွေကို ခံစားနိုင်လေပါပဲ။ ဒါ့ကြောင့် My Ooredoo App ကို အခုပဲ ဒေါင်းလော့လုပ်ပြီး VIPတစ်ယောက်ဖြစ်နိုင်ပါပြီ။

ဖုန်းငွေ ၁၀၀၀ ကျပ်ဖြည့်တိုင်းမှာ ၁၀ မှတ် ရရှိမှာဖြစ်ပြီး အဲ့ဒီအမှတ်တွေနဲ့ ဆုလက်ဆောင်များကို လဲလှယ်ရယူနိုင်မယ့်အပြင် အူရီဒူးနဲ့ ချိတ်ဆက်ထားတဲ့ ဆိုင်ပေါင်း ၁၀၀ ကျော်မှလည်း အထူးလျော့ဈေးများကို ရယူနိုင်မှာပါ။ VIP အဆင့်မြင့်လေလေ အမှတ်မြန်မြန်ရလေပဲဖြစ်ပါတယ်။ VIP Platinum ဆိုရင် ၁၀၀၀ ကျပ်ဖြည့်တိုင်း အမှတ် (၁၅) မှတ်၊ VIP Platinum Plus ဆိုရင် ၁၀၀၀ ကျပ်ဖြည့်တိုင်း (၂၀) မှတ်ရရှိမှာဖြစ်ပါတယ်။

အခုလိုဖုန်းငွေဖြည့်ရာက ရရှိလာတဲ့ အမှတ်တွေကိုလည်း 50GB ဒေတာ အထိ ကံထူးနိုင်မယ့် Spin the Wheel ကိုလည်း လှည့်နိုင်ပါတယ်။ ဒါ့အပြင် ဒီအမှတ်တွေကိုအသုံးပြုပြီး သတ်မှတ်ထားသော နေရာများမှာ ဆုလက်ဆောင်တွေကို လဲယူနိုင်မှာပါ။ အစီအစဉ်အသေးစိတ်ကိုတော့

http://www.ooredoo.com.mm/en/Personal/Services/Ooredoo-VIP.aspx မှာ ဝင်ရောက်ကြည့်ရှုလိုက်ပါ။

အူရီဒူးနဲ့ဆိုရင်တော့ သင်လည်း အခွင့်ထူးခံလူတန်းစားတစ်ယောက်ဖြစ်နိုင်ပြီပေါ့။