အားလုံးပဲမင်္ဂလာပါနော်။ ဒီဆောင်းပါး ခေါင်းစဉ်ကို ဖတ်လိုက်တဲ့အချိန်မှာ နှုတ်ခမ်းနီဆိုးတာပဲ။ ဒီလိုပဲ ဆိုးတာပေါ့ ဆိုပြီး တွေးမိကြမှာဖြစ်ပါတယ်။

ဒါပေမယ့် သင့်နှုတ်ခမ်းကို ဖူးဖူးလေးဖြစ်စေပြီး နှုတ်ခမ်းနီဆိုးထားတဲ့အခါ ပိုပြီးလှအောင်၊ ဆွဲဆောင်မှုရှိအောင် ဆိုးရမှာဖြစ်ပါတယ်။

ဆိုတော့၊ ဘယ်လိုဆိုးရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

၁။ အရင်ဆုံး နှုတ်ခမ်းနီမဆိုးခင်မှာ နှုတ်ခမ်းကို သကြား၊ ပျားရည်တို့နဲ့ ရောပြီး သေချာလေး ပွတ်ပေးလိုက်ပါ။ ပြီးရင် ရေနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။ အဲဒီနောက် Lip Balm လေးဆိုးထားပေးပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် နှုတ်ခမ်းပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး နှုတ်ခမ်းစိုပြေစေမှာဖြစ်ပါတယ်။

ပြီးရင်တော့ တစ်ရှုးလေးနဲ့ ဖျက်ပေးလိုက်ပါ။

၂။ နှုတ်ခမ်းနားတစ်ဝိုက်ကို Primer လိမ်းပေးလိုက်ပါ။ မိတ်ကပ်လိမ်းတဲ့ Primer ပဲအသုံးပြုပေးရမှာဖြစ်ပါတယ်။

၃။ နှုတ်ခမ်းအပြင်ဖက် ပုံစံလေးကို သေချာပုံဖော်ပါ။ သင့်နှုတ်ခမ်းကို ပိုပြီးလှစေမယ့်၊ ပိုပြီးတော့လည်း ထင်ရှားစေမယ့် ပုံစံလေးကို ဖော်ပေးရမှာဖြစ်ပါတယ်။

၎။ နှုတ်ခမ်းအတွင်းပိုင်းကို နှုတ်ခမ်းနီ ဖြည့်ဆိုးပေးလိုက်ပါ။ ခပ်ဖွဖွလေးပဲ ဆိုးပေးပါ။

နှုတ်ခမ်းနီကို နည်းမှန်လမ်းမှန်နဲ့ဆိုးပုံဆိုးနည်း အဆင့်ဆင့်

၅။ အပေါ်ကနေ နှုတ်ခမ်းနီကို နောက်ထပ် တစ်ထပ် ထပ်တင်ပေးပါ။

၆။ နှုတ်ခမ်းနားတစ်ဝိုက်က မိတ်ကပ်ဖောင်ဒေးရှင်းပိုနေတာတွေကို Brush လေးတွေနဲ့ သေချာလေး Blend လုပ်ပေးလိုက်ရပါမယ်။

ဒါဆိုရင်တော့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းသား ဖူးဖူးလေးကို ရရှိပိုင်ဆိုင်နိုင်ပြီနော်။

Source: www.fabhow.com

By: MyStyle Myanmar