ယနေ့ခေတ်မှာ လူတိုင်းကဝိတ်ကျနိုင်မယ့်နည်းလမ်းတွေကို အသည်းအသန်ရှာဖွေနေကြပြီး ကိုယ့်အနီးဆုံးနားဆုံးက အလွယ်လေးလုပ်လို့ရတဲ့အရာတွေကိုတော့ မေ့နေတတ်ကြပါတယ်။ လမ်းလျှောက်ရင်းဝိတ်ကျနိုင်တယ်ဆိုတာက အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းပါပဲ။

တစ်နေ့ခြေလှမ်းဘယ်နှလှမ်းလောက်လျှောက်ရင် ဝိတ်ကျလာနိုင်မလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ ဘယ်လိုဝိတ်ကျနိုင်မလဲ

Source: shutterstock.com

ဝိတ်ကျဖို့ကလွယ်ပါတယ်။ Gym လေးပုံမှန်သွားလိုက်၊ ဈေးကြီးပေးဝယ်ရတဲ့ Detox juice လေးတွေကို နှစ်လ၊ သုံးလလောက် သေချာလေးသောက်ပေးလိုက်ရုံနဲ့ ဝိတ်ကျသွားမှာပါ။ အကုန်အကျကတော့ အရမ်းများပါတယ်။ အချိန်လည်းပေးနိုင်ဦးမှာပါ။ ဒီလိုဆို အချိန်ကုန်လည်းသက်သာပြီး နေ့စဉ်ပြုလုပ်နေကျဖြစ်တဲ့ဘယ်လိုအရာလေးတွေနဲ့များဝိတ်ကျနိုင်မလဲဆိုပြီး စဉ်းစားစရာဖြစ်လာပါတယ်။ လမ်းလျှောက်ရင်းဝိတ်ကျနိုင်ပါတယ်။ ကိုယ်တစ်နေ့ခြေဘယ်နှလှမ်းလျှောက်နေလဲဆိုတာကို တွက်ထားပေးလိုက်ရုံပါပဲ။

၂။ ကယ်လိုရီဘယ်လောက်ပမာဏလောင်ကျွမ်းနိုင်မလဲ

Source: Stay Healthy And Fit

ဒါကခန္တာကိုယ်အလေးချိန်ရယ်၊ ကိုယ်လမ်းလျှောက်တဲ့ဧရိယာရယ်ပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ ပျှမ်းမျှအားဖြင့် တစ်ရာရီ (၄) မိုင်နှုန်းနဲ့လမ်းလျှောက်ပေးမယ်ဆိုရင်တော့ ကယ်လိုရီ (၄၀၀) လောက်လောင်ကျွမ်းပါတယ်။ တစ်ပေါင်ကျဖို့အတွက်ဆိုရင်တော့ ကယ်လိုရီ (၃,၅၀၀) လောက် လောင်ကျွမ်းပေးနိုင်မှရပါမယ်။ တစ်နေ့ (၅) မိုင်နှုန်းနဲ့ ကယ်လိုရီ (၅၀၀) ကို တစ်ပတ်လောက် လောင်ကျွမ်းပေးမယ်ဆိုရင်တော့ ဝိတ်အသာလေးကျပါပြီ။

၃။ ဘယ်လိုလျှောက်ကြမလဲ

Source: American Heart Association

ပထမဆုံးနေ့မှာတော့ (၁၅-၂၀) မိနစ်လောက်ပဲ စလျှောက်ပါဦး။ အလေ့အကျင့်ရှိလာပြီဆိုတော့မှ (၃၀-၆၀) မိနစ်လောက် တိုးလျှောက်ပေးပါ။ နောက်ပိုင်းအသားကျသွားတဲ့အခါ ဒီလောက်ပမာဏလေးက ဘာမှပြောပလောက်တော့မှာ ဟုတ်ပါဘူး။

Featured image source: Verywell Fit