Social Media ပေါ်မှာ တချို့ကောင်မလေးတွေပြောတတ်တဲ့ “ငါဝလာတယ်၊ ငါကရုပ်ဆိုးတယ်နော်” ဆိုတဲ့စကားတွေက အမှန်တကယ်ပြောတာမဟုတ်ပါဘူး။ သင့်ကိုယ်သင် ဝတယ်လို့ တွေးမိလာတဲ့အချိန် တကယ်ခံစားရတာတွေက ဒါတွေပါ-

၁။ ပြောင်းတွေးတတ်ပါတယ်

Source: Youtube

အခုချိန် သင့်ဗိုက်ကတစ်နေရာရာမှာ အဆီပိုရှိပေမယ့် တစ်နေ့ငါပိန်သွားမှာလို့ ကိုယ့်ကိုကိုယ် အားပေးစကားပြောတတ်ပါတယ်။ ဒါပေမဲ့ နောက်နေ့မှာ မော်ဒယ်တစ်ဦးကိုမြင်တော့ သင်စိတ်ပြောင်းသွားပါတယ်။ သင်ဝလာပြီဆိုတဲ့ အတွေးအဲ့မှာတင်ပြန်ဝင်လာပါတယ်။

၂။ သင့်ကိုယ်သင်ဝတယ်လို့ ခံယူစပြုလာပါပြီ

Source: Mirror

သင့်ခေါင်းထဲမှာ ဝတယ်ဆိုတဲ့ အတွေးဝင်သွားတာနဲ့ မှန်ရှေ့ရောက်ရင် ဘယ်လောက်ထိပိန်နေပါစေ ကိုယ့်ကိုကိုယ် ဝတယ်ပဲ ထင်နေတတ်ပါတယ်။

၃။ တခြားလူတွေရဲ့ စကားကို နားယောင်တတ်လာပါတယ်

Source: YouTube

သင်က သင့်အမေ ဒါမှမဟုတ် သူငယ်ချင်းကို ငါဝလာလားဆိုတဲ့ စကားမျိုးမေးလာတတ်ပါတယ်။

၎။ ကျန်းမာရေးအတွက် မသင့်တော်တဲ့အစာရှောင်နည်းကို သင်စတင်အသုံးပြုလာပါပြီ

Source: One Country

သင့်ကိုယ်သင် ဝလာတယ်လို့ ထင်တဲ့အချိန်ကစပြီး အစားနည်းလာပါတယ်။ အစားအသောက်ပျက်ပြီး ဒီရောဂါကို Anorexia လို့ ခေါ်ပါတယ်။

၅။ သင်က အရင်ကထက် ပိုကြည့်ကောင်းလာခဲ့ပေမယ့်

Source: Thought-Catalog

သင့်စိတ်က နဂိုအတိုင်း ကိုယ့်ကိုကိုယ် အကောင်းတွေးတတ်တဲ့အချိန် ပြန်ဖြစ်ခဲ့ပေမယ့် တစ်ယောက်ယောက်က ဝလာတဲ့ ကိစ္စကို သတိပေးလိုက်တာနဲ့ သင့်ရဲ့ မကောင်းတဲ့အတွေးက ပြန်ပေါ်လာတတ်ပါတယ်။

ဒါကြောင့် နည်းနည်းလေးဝလာရင်လည်း အစိုးရိမ်မလွန်သင့်ပါဘူး။ စိုးရိမ်တဲ့အတိုင်း တကယ်ဖြစ်လာတတ်ပါတယ်။

By MyStyle Myanmar