[Zawgyi]

မိန္းကေလးေတာ္ေတာ္မ်ားမ်ားကလည္း အေမနဲ႔အေဖယွဥ္လိုက္တဲ့အခါမွာေတာ့ အေမကိုေတာ့ရင္ထဲမွာရွိေနတတ္ေပမယ့္အေဖကိုပိုခ်စ္တယ္လို႔ေျဖတတ္ၾကတာကထုံးစံလိုမ်ိဳးျဖစ္ေနပါၿပီ။ အေဖဆိုတာကလည္ူ သမီးမိန္းကေလးကိုပိုၿပီးေတာ့ အေလးေပးတတ္ၾကတာကလည္း ႐ိုးရွင္းလြန္းတဲ့ဓေလ့ထုံးစံေလး တစ္ခုလိုပဲေပါ့။ ဒါေၾကာင့္အေဖေတြအေပၚမွာ သားသမီးတိုင္းျမင္ေတြ႕ရတတ္တဲ့ ခ်စ္စရာေကာင္းတဲ့အက်င့္ေလးေတြကိုလည္း ေဖာ္ျပေပးလိုက္ပါမယ္ေနာ္။

မုန္႔ဖိုးေပးတဲ့အခ်ိန္ေတြမွာ

မုန္႔ဖိုးေပးတဲ့အခ်ိန္ေတြမွာဆိုရင္လည္း ေျပာတတ္တာေလးတစ္ခုက ရွိထားသင့္လို႔ေပးတာေနာ္ သံုးဖို႔မဟုတ္ဘူးဆိုတဲ့ စကားေလးေပါ႔။ ပိုက္ဆံကလည္း ေပးၿပီးကိုင္ထားေစခ်င္တယ္၊ ေသခ်ာနားမလည္ပဲသံုးစြဲၿပီး အသံုးျဖဳန္းႀကီးသြားမွာကိုလည္း စိုးရိမ္တာေၾကာင့္ ဒီလိုေျပာတာေလးေတြကလည္း ခ်စ္စရာေကာင္းေနေရာပဲ။

ရည္းစားနဲ႔ပတ္သက္လာရင္

အေဖဆိုတာမ်ိဳးက ကိုယ့္သမီးကိုသူမ်ား သူစိမ္းကၾကည့္ရင္ေတာင္ မႀကိဳက္တာမ်ိဳးေလ။ ဒါေပမယ့္ အခ်ိန္တန္အရြယ္ေရာက္လာတဲ့အခါမွာေတာ့ ေလာကသဘာဝတရားအရာေတာ့ ခ်စ္တာႀကိဳက္တာမ်ိဳးေတြလည္းရွိလာႏိုင္တာပဲေလ။ ဒါေပမယ့္လည္း အေဖဆိုေတာ့ သူတို႔သမီးေလးကိုဒုကၡေရာက္ေအာင္လုပ္မယ့္သူလားဆိုတဲ့ စိတ္မ်ိဳးနဲ႔မေက်နပ္သလိုလည္း ၾကည့္တတ္ၾကပါတယ္။

အေကာင္းျမင္စိတ္ရွိတယ္

ငယ္ငယ္ထဲကေန အခုအရြယ္ေရာက္တဲ့အထိ စဥ္းစားၾကည့္လိုက္ရင္ ကိုယ့္ကိုအေမေလာက္ေတာင္ စိတ္ဆိုးၿပီးဆူတာမ်ိဳးေတြ မရွိခဲ့ေလာက္ပါဘူး။ လုပ္သမ ွ်အရာတိုင္းကို အေကာင္းျမင္တတ္ၿပီး ေတာ္တယ္၊ ဆက္ၿပီးႀကိဳးစားရင္ေတာ့ ပိုေကာင္းတာေပါ႔ဆိုတာမ်ိဳးေတြကို ေျပာျပၿပီးမွန္ကန္တဲ့လမ္းေၾကာင္းေလးေတြကိုပဲ လမ္းျပေပးသြားတတ္တဲ့ သူတစ္ေယာက္ပါ။

အေပါင္းအသင္းမွာဆိုရင္

ကိုယ္ေပါင္းေနတဲ့သူေတြကို ေလ့လာၿပီး ဘယ္သူနဲ႔ေတာ့မေပါင္းနဲ႔ဆိုတာမ်ိဳးထက္ လူေတြရဲ႕စိတ္နဲ႔ နားလည္ႏိုင္မႈ၊ သည္းခံတတ္မႈနဲ႔ ေရွာင္သင့္တဲ့သူေတြ အေၾကာင္းကိုေသခ်ာေျပာျပၿပီး လမ္းညြန္ေပးႏိုင္တာေတြေၾကာင့္ ဗဟုသုတေတြလည္း အမ်ားႀကီးရလာတာေပါ႔။

ရင္းႏွီးမႈရွိေအာင္

တကယ္ေတာ့ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက အေဖကိုခ်စ္တယ္ဆိုေပမယ့္ အေမကိုေတာ့အေသးအဖြဲအရာေလးေတြကအစ ေျပာျပတတ္ေပမယ့္အေဖနဲ႔က်ေတာ့လည္း အဲေလာက္မရင္းႏွီးပဲ ခ်စ္ေၾကာက္ေလးခ်စ္ေနရတာေပါ႔။ ဒီလိုမ်ိဳးေတြ မျဖစ္ေအာင္ သူတို႔ကိုယ္တိုင္ကလည္း သူငယ္ခ်င္းလိုမ်ိဳးေပါင္းၿပီး ခ်စ္ခင္ေနၾကတဲ့ သားအဖေတြလည္း အမ်ားႀကီးပဲေပါ႔။

Photo Source: Pinterest

Featured Image Source: blogs.oracle.com

[Unicode]

မိန်းကလေးတော်တော်များများကလည်း အမေနဲ့အဖေယှဉ်လိုက်တဲ့အခါမှာတော့ အမေကိုတော့ရင်ထဲမှာရှိနေတတ်ပေမယ့်အဖေကိုပိုချစ်တယ်လို့ဖြေတတ်ကြတာကထုံးစံလိုမျိုးဖြစ်နေပါပြီ။ အဖေဆိုတာကလည်ူ သမီးမိန်းကလေးကိုပိုပြီးတော့ အလေးပေးတတ်ကြတာကလည်း ရိုးရှင်းလွန်းတဲ့ဓလေ့ထုံးစံလေး တစ်ခုလိုပဲပေါ့။ ဒါကြောင့်အဖေတွေအပေါ်မှာ သားသမီးတိုင်းမြင်တွေ့ရတတ်တဲ့ ချစ်စရာကောင်းတဲ့အကျင့်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါမယ်နော်။

မုန့်ဖိုးပေးတဲ့အချိန်တွေမှာ

မုန့်ဖိုးပေးတဲ့အချိန်တွေမှာဆိုရင်လည်း ပြောတတ်တာလေးတစ်ခုက ရှိထားသင့်လို့ပေးတာနော် သုံးဖို့မဟုတ်ဘူးဆိုတဲ့ စကားလေးပေါ့။ ပိုက်ဆံကလည်း ပေးပြီးကိုင်ထားစေချင်တယ်၊ သေချာနားမလည်ပဲသုံးစွဲပြီး အသုံးဖြုန်းကြီးသွားမှာကိုလည်း စိုးရိမ်တာကြောင့် ဒီလိုပြောတာလေးတွေကလည်း ချစ်စရာကောင်းနေရောပဲ။

ရည်းစားနဲ့ပတ်သက်လာရင်

အဖေဆိုတာမျိုးက ကိုယ့်သမီးကိုသူများ သူစိမ်းကကြည့်ရင်တောင် မကြိုက်တာမျိုးလေ။ ဒါပေမယ့် အချိန်တန်အရွယ်ရောက်လာတဲ့အခါမှာတော့ လောကသဘာဝတရားအရာတော့ ချစ်တာကြိုက်တာမျိုးတွေလည်းရှိလာနိုင်တာပဲလေ။ ဒါပေမယ့်လည်း အဖေဆိုတော့ သူတို့သမီးလေးကိုဒုက္ခရောက်အောင်လုပ်မယ့်သူလားဆိုတဲ့ စိတ်မျိုးနဲ့မကျေနပ်သလိုလည်း ကြည့်တတ်ကြပါတယ်။

အကောင်းမြင်စိတ်ရှိတယ်

ငယ်ငယ်ထဲကနေ အခုအရွယ်ရောက်တဲ့အထိ စဉ်းစားကြည့်လိုက်ရင် ကိုယ့်ကိုအမေလောက်တောင် စိတ်ဆိုးပြီးဆူတာမျိုးတွေ မရှိခဲ့လောက်ပါဘူး။ လုပ်သမ ျှအရာတိုင်းကို အကောင်းမြင်တတ်ပြီး တော်တယ်၊ ဆက်ပြီးကြိုးစားရင်တော့ ပိုကောင်းတာပေါ့ဆိုတာမျိုးတွေကို ပြောပြပြီးမှန်ကန်တဲ့လမ်းကြောင်းလေးတွေကိုပဲ လမ်းပြပေးသွားတတ်တဲ့ သူတစ်ယောက်ပါ။

အပေါင်းအသင်းမှာဆိုရင်

ကိုယ်ပေါင်းနေတဲ့သူတွေကို လေ့လာပြီး ဘယ်သူနဲ့တော့မပေါင်းနဲ့ဆိုတာမျိုးထက် လူတွေရဲ့စိတ်နဲ့ နားလည်နိုင်မှု၊ သည်းခံတတ်မှုနဲ့ ရှောင်သင့်တဲ့သူတွေ အကြောင်းကိုသေချာပြောပြပြီး လမ်းညွန်ပေးနိုင်တာတွေကြောင့် ဗဟုသုတတွေလည်း အများကြီးရလာတာပေါ့။

ရင်းနှီးမှုရှိအောင်

တကယ်တော့ မိန်းကလေးတော်တော်များများက အဖေကိုချစ်တယ်ဆိုပေမယ့် အမေကိုတော့အသေးအဖွဲအရာလေးတွေကအစ ပြောပြတတ်ပေမယ့်အဖေနဲ့ကျတော့လည်း အဲလောက်မရင်းနှီးပဲ ချစ်ကြောက်လေးချစ်နေရတာပေါ့။ ဒီလိုမျိုးတွေ မဖြစ်အောင် သူတို့ကိုယ်တိုင်ကလည်း သူငယ်ချင်းလိုမျိုးပေါင်းပြီး ချစ်ခင်နေကြတဲ့ သားအဖတွေလည်း အများကြီးပဲပေါ့။

Image Source: Freepik

Featured Image Source: blogs.oracle.com