(Zawyi)

ၿပီးျပည့္စံုတဲ့သူဆိုတာ ဘယ္မွာရွိလို႔လဲ။ ဒါေပမယ့္ အဲဒီၿပီးျပည့္စံုမႈကို သင့္ခ်စ္သူဆီကေန ရွာေဖြႏိုင္ပါတယ္။ သူဟာ “ေျခာက္ျပစ္ကင္းသဲလည္းစင္” လို႔ ေျပာခ်င္တာမဟုတ္ပါဘူး။

သင့္ခ်စ္သူက အမွားလုပ္ႏိုင္တယ္ တခါတေလ သင့္ကို စိတ္မေက်နပ္မႈေတြျဖစ္ေစတယ္ တစ္ခါတေလမွာ ကိုယ့္ကို နာက်င္ေစပါတယ္။

ခ်စ္သူႏွစ္ဦးဆက္ဆံေရးမွာ အနိမ့္အျမင့္ရယ္ေတာ့ရွိေသးတာပဲေလ။ ဘာပဲျဖစ္ျဖစ္ သင့္ခ်စ္သူမွာ ဒီအဂၤါရပ္ေတြရွိေနရင္ေတာ့ သူဟာ ၿပီးျပည့္စံုသူတစ္ဦးလို႔ သတ္မွတ္လိုက္ပါ။

ဒီမွာေဖာ္ျပခဲ့တဲ့အခ်က္ေတြအားလံုးနဲ႔လည္း သူဟာ ကိုက္ညီခ်င္မွ ကိုက္ညီေနပါလိမ့္မယ္။ စာေရးသူကိုယ္တိုင္လည္း ၿပီးျပည့္စံုတဲ့ ခ်စ္သူတစ္ေယာက္မဟုတ္ပါဘူးရွင္။

ေဒါသကို ထိန္းခ်ဳပ္ႏိုင္တယ္။

လူတိုင္း စိတ္ဆိုးေဒါသထြက္တတ္ၾကပါတယ္။ ဒီလိုစိတ္ဆိုးေဒါသထြက္ေပမဲ့ သူဟာ စိတ္ကိုလြတ္မထားဘဲ ေဒါသကို ထိန္းခ်ဳပ္တတ္တယ္။ ညင္သာစြာကိုင္တြယ္ေျဖရွင္းတတ္တယ္။ သင့္ကိုအလြယ္တကူမေအာ္ မေငါက္တတ္ဘူး။ သူ႔စိတ္ထဲက မေက်နပ္မႈေတြ စိတ္ပ်က္မႈေတြအတြက္လည္း သင့္ကို ျဖည္းျဖည္းခ်င္း ေျပာျပ သိမ္းသြင္းႏိုင္သူျဖစ္တယ္။ ဒါဟာ ၿပီးျပည့္စံုတဲ့ ခ်စ္သူအဂၤါရပ္တစ္ခုပါပဲ။

သင့္ကိုေလးစားတယ္။

လူႏွစ္ဦးဆက္ဆံေရးမွာ တစ္ဦးကိုတစ္ဦး အျပန္အလွန္ေလးစားဖို႔လိုပါတယ္။ေယာက်ၤားေလးျဖစ္ေပမဲ့ သူ႔ရဲ့ စိတ္ဆႏၵကိုပဲမဟုတ္ဘဲ “ခ်စ္သူေလးေကာ ဘယ္လိုအႀကံျပဳခ်င္လဲ”ဆိုတဲ့ သင့္ရဲ့အႀကံဉာဏ္ကိုယူတတ္တာမ်ိဳးပါ။ အမွားလုပ္မိရင္လည္း ျပန္ၿပီး တေလးတစားနဲ႔ ေတာင္းပန္တတ္တဲ့သူမ်ိဳး။ ဒီလိုလူမ်ိဳးကို ပိုင္ဆိုင္ထားရင္ေတာ့ လက္မလြတ္သင့္ေတာ့ပါဘူး။

သူနဲ႔စကားေျပာရတာ သက္ေသာင့္သက္သာရွိေစတယ္။

ကိုယ့္ရဲ့ခ်စ္သူက စကားေျပာေကာင္းတဲ့သူျဖစ္ခ်င္မွျဖစ္ပါလိမ့္မယ္။ တခါတေလ ၀ါက်သံုးႏႈန္းပံုေတြ ဌာန္ ကရိုဏ္းမက်ဘဲေျပာတာမ်ိဳးလည္း ရွိပါလိမ့္မယ္။ ဥပမာ- “ကိုယ္ကုန္ေအာင္စားလိုက္ေတာ့မယ္ေနာ္” မဟုတ္ဘဲ “ကိုယ္စားကုန္ပစ္လိုက္ေတာ့မယ္ေနာ္” လို႔ ေျပာတတ္တာမ်ိဳးျဖစ္ပါတယ္။

ဒါက သိပ္ကိုခ်စ္ဖို႔ေကာင္းၿပီး သင့္ကိုလည္း သူေျပာတဲ့ဘာသာစကားေတြက စိတ္သက္ေသာင့္သက္သာျဖစ္ေစပါတယ္။

သူ တျခားသူတစ္ေယာက္ေယာက္ရဲ့အေၾကာင္း သင့္ကိုေျပာျပတဲ့အခါ။ သူ႔မိသားစု၀င္ေတြအေၾကာင္း သင့္ကိုေျပာျပတဲ့အခါ သင္ဘယ္လိုခံစားရလဲ။ သင့္မိဘေတြကေရာ ဘယ္လိုတံု႔ျပန္လာမလဲ ေတြးၾကည္ပါ။

သင့္ရဲ့ အိပ္မက္ေတြအတြက္ အေထာက္အပံ့ျဖစ္ေစတယ္။

ေယာက်ၤားေလး စာဖတ္သူတို႔ေရ ကိုယ့္ရဲ့မိန္းကေလးခ်စ္သူမွာ ျဖစ္ခ်င္တဲ့ စိတ္ကူးအိပ္မက္ေတြ ရွိၾကပါတယ္။ ဒီအိပ္မက္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ သင္က အားေပးပါ။ ေထာက္ပံ့ကူညီေပးပါ။ သူ႔ေဘးကရပ္တည္ပါ။ ဒါဟာ ၿပီးျပည့္စံုတဲ့ ခ်စ္သူတစ္ေယာက္ လက္တြဲေဖာ္တစ္ေယာက္ရ့ဲ အဂၤါရပ္တစ္ခုျဖစ္ပါတယ္။

သူ႔အတိတ္မွာ ခ်စ္သူရွိခဲ့ဖူးတယ္။

သူ႔ရဲ့ရည္းစားေဟာင္းအေၾကာင္း သင့္ကို ေျပာျပတဲ့အခါ သူစိတ္ဆိုးေနလား ။ အတိတ္မွာ ဘယ္လိုအျဖစ္ဆိုးေတြႀကံဳခဲ့လဲ။ အတိတ္မွာခ်စ္သူရွိခဲ့ဖူးေပမဲ့ လံုး၀ၿပီးျပတ္ခဲ့သူျဖစ္ရဲ့လား။ စတဲ့အခ်က္ေတြကို စဥ္းစားပါ။

ကၽြန္မတို႔အားလံုး ခြဲခြာျခင္းေတြနဲ႔ ႀကံဳေတြ႔ ၾကရတတ္ပါတယ္။ လူတိုင္းေတာ့ ၿပီးျပည့္စံုတဲ့ ဆက္ဆံေရးကို ရႏိုင္တာမဟုတ္ပါဘူ။ အတိတ္မွာ နာက်ည္းစရာေတြရွိခဲ့တဲ့ သင့္ခ်စ္သူဟာ သင့္အတြက္ေတာ့ ၿပီးျပည့္စံုတဲ့ ခ်စ္သူျဖစ္ေနဆဲပါပဲ။ အတိတ္က ခ်စ္သူကို လံုး၀ကင္းရွင္းၿပီး သင့္ကိုလည္း သူ႔အေၾကာင္းေျပာျပတာဟာ သင့္အတြက္ စိတ္အေႏွာင့္အယွက္ျဖစ္စရာမဟုတ္ပါဘူး။ အတိတ္က နာက်ည္းစရာေတြ အတိတ္မွာ မွားခဲ့တာေတြဟာ သင္တို႔ႏွစ္ေယာက္ လမ္းခြဲဖို႔ အေၾကာင္းျပခ်က္တစ္ခုမဟုတ္ပါဘူး။

သင့္ကိုလံုၿခံဳေစတယ္။

သူနဲ႔အတူရွိေနတဲ့အခါ ေႏြးေထြးတယ္ လံုၿခံဳတယ္လို႔ ခံစားေနရလား။ တစံုတစ္ခုအတြက္ ေၾကာက္ရြံ႕အားငယ္ေနရခ်ိန္မွာ သူအနားမွာေရာ္ကလာရင္ ေႏြးေထြးလံုၿခံဳတယ္လို႔ ခံစားေနရလား။ ဒါဆို သင့္အတြက္ေတာ့ သူဟာ ၿပီးျပည့္စံုသူပါပဲ။

သ၀န္မတိုတတ္တဲ့ဘူး။

သင့္ကို အရမ္းခ်စ္တဲ့ခ်စ္သူဟာ သင္တျခားသူေတြနဲ႔အတူရွိေနတဲ့အခါ သ၀န္မတိုတတ္ဘူး။ တျခားသူနဲ႔ ႏုတ္ဆက္စကားေျပာတဲ့အခါ အူမတိုဘူး။ ဒါဟာ သင့္ကို မခ်စ္လို႔မဟုတ္ပါဘူး။

သင့္ကို စိတ္ခ်ယံုၾကည္လို႔ပါ။ သင့္ကိုသူအရမ္းခ်စ္တယ္ဆိုတာ ယံုၾကည္သလို သင့္ရ့ဲအခ်စ္ကိုလည္း သူပိုင္ဆိုင္ထားတယ္ဆိုတာကို အျပည့္အ၀ ယံုၾကည္ေနလို႔ပါပဲ။

တခါတေလ ခ်စ္ရင္သ၀န္တိုရမယ္ဆိုတဲ့ အယူအမွားမ်ိဳးရွိတတ္ၾကပါတယ္။ ဒါဟာမမွန္ကန္ပါဘူး။ တကယ္ခ်စ္ရင္ တကယ္ယံုၾကည္ရင္ သူသ၀န္တိုမွာမဟုတ္ပါဘူး။ တစ္ခုေတာ့ရွိတာေပါ့ေလ သူ႔ေဘးမွာ တျခားေယာက်ၤားေလးေတြနဲ႔ အီေနတာမ်ိဳးဆိုရင္ေတာ့ သူသင့္ကို နာက်ည္းသြားႏိုင္ပါတယ္။

သင့္ကို ထိန္းခ်ဳပ္ဖို႕ မႀကိဳးစားဘူး။

လူတိုင္းမွာ ကိုယ့္လြတ္လပ္ခြင့္နဲ႔ကိုယ္ပါ။ ၿပီးျပည့္စံုတဲ့ခ်စ္သူဆိုတာ သင့္ရဲ့စိတ္ခံစားခ်က္ေတြ သင္လုပ္ခ်င္တာ သင္ျဖစ္ခ်င္တာေတြအတြက္ ထန္းခ်ဳပ္ထားမွာမဟုတ္ပါဘူး။ ဟိုမသြားရဘူး။ဒါမလုပ္ရဘူးဆိုၿပီး ခ်ဳပ္ခ်ယ္ထားမွာမဟုတ္ပါဘူး။ သင့္ကို အၿမဲျဖည့္ဆည္းပးမွာပါ။ သင့္ရဲ့ကိုယ္ပိုင္ဖုန္းေတြ ေဖ့ဘုတ္ေတြကိုလည္း လွ်ို႕၀ွက္နံပါတ္ေတာင္းၿပီး မသကၤာသလို ယူၾကည့္မွာမဟုတ္ပါဘူး။ သင့္ရဲ့လြတ္လပ္မႈကို တန္ဖိုးထားလို႔ပါ။

Source: theadventurouswriter

Featured Image Source: pressfoto

(Unicode)

ပြီးပြည့်စုံတဲ့သူဆိုတာ ဘယ်မှာရှိလို့လဲ။ ဒါပေမယ့် အဲဒီပြီးပြည့်စုံမှုကို သင့်ချစ်သူဆီကနေ ရှာဖွေနိုင်ပါတယ်။ သူဟာ “ခြောက်ပြစ်ကင်းသဲလည်းစင်” လို့ ပြောချင်တာမဟုတ်ပါဘူး။

သင့်ချစ်သူက အမှားလုပ်နိုင်တယ် တခါတလေ သင့်ကို စိတ်မကျေနပ်မှုတွေဖြစ်စေတယ် တစ်ခါတလေမှာ ကိုယ့်ကို နာကျင်စေပါတယ်။

ချစ်သူနှစ်ဦးဆက်ဆံရေးမှာ အနိမ့်အမြင့်ရယ်တော့ရှိသေးတာပဲလေ။ ဘာပဲဖြစ်ဖြစ် သင့်ချစ်သူမှာ ဒီအင်္ဂါရပ်တွေရှိနေရင်တော့ သူဟာ ပြီးပြည့်စုံသူတစ်ဦးလို့ သတ်မှတ်လိုက်ပါ။

ဒီမှာဖော်ပြခဲ့တဲ့အချက်တွေအားလုံးနဲ့လည်း သူဟာ ကိုက်ညီချင်မှ ကိုက်ညီနေပါလိမ့်မယ်။ စာရေးသူကိုယ်တိုင်လည်း ပြီးပြည့်စုံတဲ့ ချစ်သူတစ်ယောက်မဟုတ်ပါဘူးရှင်။

ဒေါသကို ထိန်းချုပ်နိုင်တယ်။

လူတိုင်း စိတ်ဆိုးဒေါသထွက်တတ်ကြပါတယ်။ ဒီလိုစိတ်ဆိုးဒေါသထွက်ပေမဲ့ သူဟာ စိတ်ကိုလွတ်မထားဘဲ ဒေါသကို ထိန်းချုပ်တတ်တယ်။ ညင်သာစွာကိုင်တွယ်ဖြေရှင်းတတ်တယ်။ သင့်ကိုအလွယ်တကူမအော် မငေါက်တတ်ဘူး။ သူ့စိတ်ထဲက မကျေနပ်မှုတွေ စိတ်ပျက်မှုတွေအတွက်လည်း သင့်ကို ဖြည်းဖြည်းချင်း ပြောပြ သိမ်းသွင်းနိုင်သူဖြစ်တယ်။ ဒါဟာ ပြီးပြည့်စုံတဲ့ ချစ်သူအင်္ဂါရပ်တစ်ခုပါပဲ။

သင့်ကိုလေးစားတယ်။

လူနှစ်ဦးဆက်ဆံရေးမှာ တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားဖို့လိုပါတယ်။ယောင်္ကျားလေးဖြစ်ပေမဲ့ သူ့ရဲ့ စိတ်ဆန္ဒကိုပဲမဟုတ်ဘဲ “ချစ်သူလေးကော ဘယ်လိုအကြံပြုချင်လဲ”ဆိုတဲ့ သင့်ရဲ့အကြံဉာဏ်ကိုယူတတ်တာမျိုးပါ။ အမှားလုပ်မိရင်လည်း ပြန်ပြီး တလေးတစားနဲ့ တောင်းပန်တတ်တဲ့သူမျိုး။ ဒီလိုလူမျိုးကို ပိုင်ဆိုင်ထားရင်တော့ လက်မလွတ်သင့်တော့ပါဘူး။

သူနဲ့စကားပြောရတာ သက်သောင့်သက်သာရှိစေတယ်။

ကိုယ့်ရဲ့ချစ်သူက စကားပြောကောင်းတဲ့သူဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ တခါတလေ ဝါကျသုံးနှုန်းပုံတွေ ဌာန် ကရိုဏ်းမကျဘဲပြောတာမျိုးလည်း ရှိပါလိမ့်မယ်။ ဥပမာ- “ကိုယ်ကုန်အောင်စားလိုက်တော့မယ်နော်” မဟုတ်ဘဲ “ကိုယ်စားကုန်ပစ်လိုက်တော့မယ်နော်” လို့ ပြောတတ်တာမျိုးဖြစ်ပါတယ်။

ဒါက သိပ်ကိုချစ်ဖို့ကောင်းပြီး သင့်ကိုလည်း သူပြောတဲ့ဘာသာစကားတွေက စိတ်သက်သောင့်သက်သာဖြစ်စေပါတယ်။

သူ တခြားသူတစ်ယောက်ယောက်ရဲ့အကြောင်း သင့်ကိုပြောပြတဲ့အခါ။ သူ့မိသားစုဝင်တွေအကြောင်း သင့်ကိုပြောပြတဲ့အခါ သင်ဘယ်လိုခံစားရလဲ။ သင့်မိဘတွေကရော ဘယ်လိုတုံ့ပြန်လာမလဲ တွေးကြည်ပါ။

သင့်ရဲ့ အိပ်မက်တွေအတွက် အထောက်အပံ့ဖြစ်စေတယ်။

ယောင်္ကျားလေး စာဖတ်သူတို့ရေ ကိုယ့်ရဲ့မိန်းကလေးချစ်သူမှာ ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ ရှိကြပါတယ်။ ဒီအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ သင်က အားပေးပါ။ ထောက်ပံ့ကူညီပေးပါ။ သူ့ဘေးကရပ်တည်ပါ။ ဒါဟာ ပြီးပြည့်စုံတဲ့ ချစ်သူတစ်ယောက် လက်တွဲဖော်တစ်ယောက်ရဲ့ အင်္ဂါရပ်တစ်ခုဖြစ်ပါတယ်။

သူ့အတိတ်မှာ ချစ်သူရှိခဲ့ဖူးတယ်။

သူ့ရဲ့ရည်းစားဟောင်းအကြောင်း သင့်ကို ပြောပြတဲ့အခါ သူစိတ်ဆိုးနေလား ။ အတိတ်မှာ ဘယ်လိုအဖြစ်ဆိုးတွေကြုံခဲ့လဲ။ အတိတ်မှာချစ်သူရှိခဲ့ဖူးပေမဲ့ လုံးဝပြီးပြတ်ခဲ့သူဖြစ်ရဲ့လား။ စတဲ့အချက်တွေကို စဉ်းစားပါ။

ကျွန်မတို့အားလုံး ခွဲခွာခြင်းတွေနဲ့ ကြုံတွေ့ ကြရတတ်ပါတယ်။ လူတိုင်းတော့ ပြီးပြည့်စုံတဲ့ ဆက်ဆံရေးကို ရနိုင်တာမဟုတ်ပါဘူ။ အတိတ်မှာ နာကျည်းစရာတွေရှိခဲ့တဲ့ သင့်ချစ်သူဟာ သင့်အတွက်တော့ ပြီးပြည့်စုံတဲ့ ချစ်သူဖြစ်နေဆဲပါပဲ။ အတိတ်က ချစ်သူကို လုံးဝကင်းရှင်းပြီး သင့်ကိုလည်း သူ့အကြောင်းပြောပြတာဟာ သင့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာမဟုတ်ပါဘူး။ အတိတ်က နာကျည်းစရာတွေ အတိတ်မှာ မှားခဲ့တာတွေဟာ သင်တို့နှစ်ယောက် လမ်းခွဲဖို့ အကြောင်းပြချက်တစ်ခုမဟုတ်ပါဘူး။

သင့်ကိုလုံခြုံစေတယ်။

သူနဲ့အတူရှိနေတဲ့အခါ နွေးထွေးတယ် လုံခြုံတယ်လို့ ခံစားနေရလား။ တစုံတစ်ခုအတွက် ကြောက်ရွံ့အားငယ်နေရချိန်မှာ သူအနားမှာရော်ကလာရင် နွေးထွေးလုံခြုံတယ်လို့ ခံစားနေရလား။ ဒါဆို သင့်အတွက်တော့ သူဟာ ပြီးပြည့်စုံသူပါပဲ။

သဝန်မတိုတတ်တဲ့ဘူး။

သင့်ကို အရမ်းချစ်တဲ့ချစ်သူဟာ သင်တခြားသူတွေနဲ့အတူရှိနေတဲ့အခါ သဝန်မတိုတတ်ဘူး။ တခြားသူနဲ့ နုတ်ဆက်စကားပြောတဲ့အခါ အူမတိုဘူး။ ဒါဟာ သင့်ကို မချစ်လို့မဟုတ်ပါဘူး။

သင့်ကို စိတ်ချယုံကြည်လို့ပါ။ သင့်ကိုသူအရမ်းချစ်တယ်ဆိုတာ ယုံကြည်သလို သင့်ရဲ့အချစ်ကိုလည်း သူပိုင်ဆိုင်ထားတယ်ဆိုတာကို အပြည့်အ၀ ယုံကြည်နေလို့ပါပဲ။

တခါတလေ ချစ်ရင်သဝန်တိုရမယ်ဆိုတဲ့ အယူအမှားမျိုးရှိတတ်ကြပါတယ်။ ဒါဟာမမှန်ကန်ပါဘူး။ တကယ်ချစ်ရင် တကယ်ယုံကြည်ရင် သူသဝန်တိုမှာမဟုတ်ပါဘူး။ တစ်ခုတော့ရှိတာပေါ့လေ သူ့ဘေးမှာ တခြားယောင်္ကျားလေးတွေနဲ့ အီနေတာမျိုးဆိုရင်တော့ သူသင့်ကို နာကျည်းသွားနိုင်ပါတယ်။

သင့်ကို ထိန်းချုပ်ဖို့ မကြိုးစားဘူး။

လူတိုင်းမှာ ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်ပါ။ ပြီးပြည့်စုံတဲ့ချစ်သူဆိုတာ သင့်ရဲ့စိတ်ခံစားချက်တွေ သင်လုပ်ချင်တာ သင်ဖြစ်ချင်တာတွေအတွက် ထန်းချုပ်ထားမှာမဟုတ်ပါဘူး။ ဟိုမသွားရဘူး။ဒါမလုပ်ရဘူးဆိုပြီး ချုပ်ချယ်ထားမှာမဟုတ်ပါဘူး။ သင့်ကို အမြဲဖြည့်ဆည်းပးမှာပါ။ သင့်ရဲ့ကိုယ်ပိုင်ဖုန်းတွေ ဖေ့ဘုတ်တွေကိုလည်း လျှို့ဝှက်နံပါတ်တောင်းပြီး မသင်္ကာသလို ယူကြည့်မှာမဟုတ်ပါဘူး။ သင့်ရဲ့လွတ်လပ်မှုကို တန်ဖိုးထားလို့ပါ။

Source: theadventurouswriter

Featured Image Source: pressfoto