[Zawgyi]

သန္းႂကြယ္သူေဌးတစ္ေယာက္ျဖစ္ဖို႔ဆိုတာက မျဖစ္ႏိုင္တဲ့ စိတ္ကူးယဥ္အိပ္မက္တစ္ခုလိုပါပဲ။ စစ္တမ္းမ်ားအရေတာ့ သန္းႂကြယ္သူေဌးထက္ဝက္ခန္႔က သူတို႔ရဲ႕ ဇြဲလံု႔လနဲ႔ ႀကိဳးစားမႈေၾကာင့္သာ သန္းႂကြယ္သူေဌးျဖစ္လာၾကတယ္လို႔ ဆိုၾကပါတယ္။

သူတို႔ေတြ ေျပာေလ့ရွိတဲ့ အႀကံဥာဏ္ေလးေတြက သင့္ကိုသူတို႔လိုျဖစ္သြားေစႏိုင္မယ္လို႔ေတာ့ အာမ မခံေပမယ့္ သင္သိထားလို႔လည္း အက်ိဳးယုတ္ေစမွာမဟုတ္ပါဘူး။

၁။ ၅၀၊ ၃၀၊ ၂၀ စည္းမ်ဥ္း

သင့္ရဲ႕ဝင္ေငြကို အမ်ိဳးအစားသံုးပိုင္း ပိုင္းလိုက္ပါ။ ဝင္ေငြရဲ႕ ၅၀ ရာခိုင္ႏႈန္းကိုေတာ့ အိမ္ငွားခ၊ တစ္ေန႔တာအတြက္လိုအပ္မယ့္ အသံုးအေဆာင္ပစၥည္းမ်ား၊ စားစရိတ္၊ သြားလာစရိတ္ စတာေတြအတြက္ ဖယ္ထားပါ။ ၃၀ ရာခိုင္ႏႈန္းကိုေတာ့ စိတ္အပန္းေျဖဖို႔၊ ေစ်းဝယ္ထြက္ဖို႔၊ မိမိဝါသနာအတြက္ အသံုးျပဳဖို႔စတာေတြ အတြက္ဖယ္ထားၿပီးေတာ့ ၂၀ ရာခိုင္ႏႈန္းကိုေတာ့ ဘာမွ မသံုးစြဲဘဲ ဘဏ္မွာစုေဆာင္းထားပါ။

၂။ ေစ်းေလွ်ာ့တဲ့အခ်ိန္မွာ ဝယ္ပါ

ေစ်းေလွ်ာ့တဲ့အခ်ိန္မွာ မိမိအတြက္လိုအပ္မယ့္အရာေတြကို ေျပးဝယ္ထားမယ္ဆိုရင္ ပိုက္ဆံေခြ်တာရာေရာက္ပါတယ္။

၃။ Credit Card မသံုးပါနဲ႔

သင့္ပိုက္ဆံအိတ္ထဲမွာ Credit Card ရွိေနမယ္ဆိုရင္ သင္လိုခ်င္တဲ့အရာမွန္သမွ်ကို အခ်ိန္မေရြးဝယ္ႏိုင္တယ္ဆိုတဲ့ အေတြးက ေခါင္းထဲဝင္ေနပါလိမ့္မယ္။

၄။ စက္႐ံုကေန တိုက္႐ိုက္ဝယ္ပါ

မိမိဝယ္ခ်င္တဲ့ပစၥည္းကို ဆိုင္တစ္ဆိုင္မွာ ေတြ႔ၿပီဆိုတာနဲ႔ စက္႐ံုကေနတိုက္႐ိုက္ဝယ္လို႔ ရမရ စံုစမ္းၾကည့္ပါဦး။ သင္နဲ႔စိတ္တူကိုယ္တူသူငယ္ခ်င္းေတြနဲ႔လည္း ဝယ္ဖို႔ အေဖာ္စပ္လိုက္ပါ။ ပိုေစ်းသက္သာတာကို ေတြ႔ျမင္ရပါလိမ့္မယ္။

၅။ ပိုက္ဆံမျဖဳန္းျခင္းကလည္း ပိုက္ဆံ႐ွာနည္းတစ္မ်ိဳးပါပဲ

ပစၥည္းတစ္ခုခုဝယ္မယ္ဆိုရင္ ငါတကယ္လိုအပ္ရဲ႕လား၊ ဒီပစၥည္းေလးကို မဝယ္ရင္ေရာ ဘာျဖစ္မလဲ ဆိုတဲ့ ေမးခြန္းမ်ိဳး ကိုယ့္ကိုယ္ကိုျပန္ေမးၾကည့္ပါ။

၆။ သိုသိုသိပ္သိပ္ေနပါ

ယေန႔ေခတ္လူေတြရဲ႕ အႀကီးမားဆံုးျပႆနာက မိမိဝင္ေငြထက္ ပိုမိုသံုးစြဲျခင္းပဲျဖစ္ပါတယ္။ တျခားသူေတြ ကိုယ့္ကိုအထင္ႀကီးေစခ်င္႐ံုသပ္သပ္နဲ႔ေတာ့ မိမိရဲ႕ပိုက္ဆံကိုမျဖဳန္းတီးလိုက္ပါနဲ႔။

၇။ ရင္းႏွီးျမွဳပ္ႏွံပါ

ပိုက္ဆံကို ပိုမိုပြားမ်ားလာေအာင္ မိမိယံုၾကည္ရတဲ့လုပ္ငန္းတစ္ခုခုမွာ ရင္းႏွီးျမွဳပ္ႏွံမႈျပဳလုပ္ပါ။

၈။ ေအာင္ျမင္ေနတဲ့သူ၊ အရည္အခ်င္းရွိသူေတြနဲ႔ ေပါင္းသင္းၿပီး ေလ့လာသင္ယူပါ

သင့္ပတ္ဝန္းက်င္မွာ ေအာင္ျမင္ေနတဲ့သူေတြကို ျမင္တဲ့အခါ သင့္အိပ္မက္ေတြကို ပိုမိုႀကီးမားလာေအာင္ သူတို႔လိုႀကိဳးစားခ်င္စိတ္ျဖစ္လာေအာင္ လႈံ႕ေဆာင္ေပးပါလိမ့္မယ္။ အရည္အခ်င္းရွိသူမ်ားနဲ႔ ေပါင္းသင္းဆက္ဆံတဲ့အခါ သင့္ကိုအႀကံဥာဏ္ေကာင္းေတြရရွိေအာင္ ကူညီေပးပါလိမ့္မယ္။

၉။ ပိုက္ဆံက နံပါတ္တစ္ေတာ့ မဟုတ္ပါဘူး

ပိုက္ဆံကပါးစပ္မပါေပမယ့္ စကားေတာ့ေျပာပါတယ္။ သင္ ေနထိုင္ေနတဲ့ေနရာ၊ စားေသာက္တဲ့ အစားအစာ၊ သင္ပိုင္ဆိုင္တဲ့အရာေတြကို ပိုက္ဆံကသတ္မွတ္ေပးပါတယ္။ ဒါေပမဲ့ ပိုက္ဆံက အရာအားလံုးေတာ့မဟုတ္ပါဘူး။ သင္လိုခ်င္တဲ့အိမ္ကို ပိုက္ဆံနဲ႔ ဝယ္လို႔ရေပမယ့္ အဲ့ဒီအိမ္ထဲမွာ အတူတူေနဖို႔ မိသားစုကိုေတာ့ ပိုက္ဆံနဲ႔ဝယ္လို႔မရပါဘူး။ ပိုက္ဆံရွိၿပီး ေပ်ာ္ရႊင္မႈမရွိရင္လည္း အလကားပါပဲ။ စာဖတ္သူေတြအတြက္ ဒီနည္းလမ္းေလးေတြက အက်ိဳးရွိေစမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

Source: Brightside.me

[Unicode]

သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့ဆိုတာက မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်အိပ်မက်တစ်ခုလိုပါပဲ။ စစ်တမ်းများအရတော့ သန်းကြွယ်သူဌေးထက်ဝက်ခန့်က သူတို့ရဲ့ ဇွဲလုံ့လနဲ့ ကြိုးစားမှုကြောင့်သာ သန်းကြွယ်သူဌေးဖြစ်လာကြတယ်လို့ ဆိုကြပါတယ်။

သူတို့တွေ ပြောလေ့ရှိတဲ့ အကြံဉာဏ်လေးတွေက သင့်ကိုသူတို့လိုဖြစ်သွားစေနိုင်မယ်လို့တော့ အာမ မခံပေမယ့် သင်သိထားလို့လည်း အကျိုးယုတ်စေမှာမဟုတ်ပါဘူး။

၁။ ၅၀၊ ၃၀၊ ၂၀ စည်းမျဉ်း

သင့်ရဲ့ဝင်ငွေကို အမျိုးအစားသုံးပိုင်း ပိုင်းလိုက်ပါ။ ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကိုတော့ အိမ်ငှားခ၊ တစ်နေ့တာအတွက်လိုအပ်မယ့် အသုံးအဆောင်ပစ္စည်းများ၊ စားစရိတ်၊ သွားလာစရိတ် စတာတွေအတွက် ဖယ်ထားပါ။ ၃၀ ရာခိုင်နှုန်းကိုတော့ စိတ်အပန်းဖြေဖို့၊ ဈေးဝယ်ထွက်ဖို့၊ မိမိဝါသနာအတွက် အသုံးပြုဖို့စတာတွေ အတွက်ဖယ်ထားပြီးတော့ ၂၀ ရာခိုင်နှုန်းကိုတော့ ဘာမှ မသုံးစွဲဘဲ ဘဏ်မှာစုဆောင်းထားပါ။

၂။ ဈေးလျှော့တဲ့အချိန်မှာ ဝယ်ပါ

ဈေးလျှော့တဲ့အချိန်မှာ မိမိအတွက်လိုအပ်မယ့်အရာတွေကို ပြေးဝယ်ထားမယ်ဆိုရင် ပိုက်ဆံချွေတာရာရောက်ပါတယ်။

၃။ Credit Card မသုံးပါနဲ့

သင့်ပိုက်ဆံအိတ်ထဲမှာ Credit Card ရှိနေမယ်ဆိုရင် သင်လိုချင်တဲ့အရာမှန်သမျှကို အချိန်မရွေးဝယ်နိုင်တယ်ဆိုတဲ့ အတွေးက ခေါင်းထဲဝင်နေပါလိမ့်မယ်။

၄။ စက်ရုံကနေ တိုက်ရိုက်ဝယ်ပါ

မိမိဝယ်ချင်တဲ့ပစ္စည်းကို ဆိုင်တစ်ဆိုင်မှာ တွေ့ပြီဆိုတာနဲ့ စက်ရုံကနေတိုက်ရိုက်ဝယ်လို့ ရမရ စုံစမ်းကြည့်ပါဦး။ သင်နဲ့စိတ်တူကိုယ်တူသူငယ်ချင်းတွေနဲ့လည်း ဝယ်ဖို့ အဖော်စပ်လိုက်ပါ။ ပိုဈေးသက်သာတာကို တွေ့မြင်ရပါလိမ့်မယ်။

၅။ ပိုက်ဆံမဖြုန်းခြင်းကလည်း ပိုက်ဆံရှာနည်းတစ်မျိုးပါပဲ

ပစ္စည်းတစ်ခုခုဝယ်မယ်ဆိုရင် ငါတကယ်လိုအပ်ရဲ့လား၊ ဒီပစ္စည်းလေးကို မဝယ်ရင်ရော ဘာဖြစ်မလဲ ဆိုတဲ့ မေးခွန်းမျိုး ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါ။

၆။ သိုသိုသိပ်သိပ်နေပါ

ယနေ့ခေတ်လူတွေရဲ့ အကြီးမားဆုံးပြဿနာက မိမိဝင်ငွေထက် ပိုမိုသုံးစွဲခြင်းပဲဖြစ်ပါတယ်။ တခြားသူတွေ ကိုယ့်ကိုအထင်ကြီးစေချင်ရုံသပ်သပ်နဲ့တော့ မိမိရဲ့ပိုက်ဆံကိုမဖြုန်းတီးလိုက်ပါနဲ့။

၇။ ရင်းနှီးမြှုပ်နှံပါ

ပိုက်ဆံကို ပိုမိုပွားများလာအောင် မိမိယုံကြည်ရတဲ့လုပ်ငန်းတစ်ခုခုမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါ။

၈။ အောင်မြင်နေတဲ့သူ၊ အရည်အချင်းရှိသူတွေနဲ့ ပေါင်းသင်းပြီး လေ့လာသင်ယူပါ

သင့်ပတ်ဝန်းကျင်မှာ အောင်မြင်နေတဲ့သူတွေကို မြင်တဲ့အခါ သင့်အိပ်မက်တွေကို ပိုမိုကြီးမားလာအောင် သူတို့လိုကြိုးစားချင်စိတ်ဖြစ်လာအောင် လှုံ့ဆောင်ပေးပါလိမ့်မယ်။ အရည်အချင်းရှိသူများနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ သင့်ကိုအကြံဉာဏ်ကောင်းတွေရရှိအောင် ကူညီပေးပါလိမ့်မယ်။

၉။ ပိုက်ဆံက နံပါတ်တစ်တော့ မဟုတ်ပါဘူး

ပိုက်ဆံကပါးစပ်မပါပေမယ့် စကားတော့ပြောပါတယ်။ သင် နေထိုင်နေတဲ့နေရာ၊ စားသောက်တဲ့ အစားအစာ၊ သင်ပိုင်ဆိုင်တဲ့အရာတွေကို ပိုက်ဆံကသတ်မှတ်ပေးပါတယ်။ ဒါပေမဲ့ ပိုက်ဆံက အရာအားလုံးတော့မဟုတ်ပါဘူး။ သင်လိုချင်တဲ့အိမ်ကို ပိုက်ဆံနဲ့ ဝယ်လို့ရပေမယ့် အဲ့ဒီအိမ်ထဲမှာ အတူတူနေဖို့ မိသားစုကိုတော့ ပိုက်ဆံနဲ့ဝယ်လို့မရပါဘူး။ ပိုက်ဆံရှိပြီး ပျော်ရွှင်မှုမရှိရင်လည်း အလကားပါပဲ။ စာဖတ်သူတွေအတွက် ဒီနည်းလမ်းလေးတွေက အကျိုးရှိစေမယ်လို့ မျှော်လင့်မိပါတယ်။

Source: Brightside.me