[Zawgyi]

ရယ္ေမာျခင္းက အစြမ္းထက္ဆံုး ေဆးစြမ္းေကာင္းတစ္လက္ ဆိုတာသင္သိပါ။ ဒါေပမဲ့ အျပံဳးတိုင္း ရယ္ေမာမႈတိုင္းက အာနိသင္ရွိမွာေတာ့မဟုတ္ဘူး။ အဓိက စစ္မွန္တဲ့ အျပံဳးစစ္ စစ္မွန္တဲ့ရယ္ေမာျခင္းကမွ အာနိသင္ျပမွာပါ။ အၿပံဳးတုနဲ႔ ဖ်စ္ညွစ္ၿပီးၿပံဳးေနမယ္ဆိုရင္ေတာ့ အခ်ည္းႏွီးပါပဲ။ တခ်ိဳ႕သူေတြက အၿပံဳးတုကို ေဖာက္ထြင္းျမင္ႏိုင္တယ္ဆိုတာ မေမ့လိုက္ပါနဲ႔။ ဒါ့ေၾကာင့္ ေပ်ာ္ရႊင္စရာေလးေတြပဲေတြးၿပီး အၿပံဳးစစ္ေလးနဲ႔ ပံုေဖာ္ေပးလိုက္ပါ။အျပံဳးအစစ္ေလးေတြနဲ႔ျပံဳးႏိုင္ၿပီဆိုရင္ေတာ့ ရရွိမယ့္အက်ဳိးေက်းဇူးေလးေတြကို ဆက္ဖတ္ၾကည့္လိုက္ပါအုန္းေနာ္။

ငယ္ရြယ္ႏုပ်ိဳတဲ့ပံုေပါက္တယ္

Source : Clínica Gove

ေလ့လာေတြ႔႐ွိခ်က္အရ အၿမဲတမ္းၿပံဳးရႊင္ၿပီး ရယ္ေမာေနတဲ့သူတစ္ေယာက္က ႐ွိရင္းစြဲအသက္ထက္ ၃ ႏွစ္ပိုငယ္တဲ့ပံုေပါက္တယ္လို႔ ဆိုၾကပါတယ္။ စာဖတ္သူတို႔လည္း အၿမဲတမ္းငယ္ရြယ္ႏုပ်ိဳခ်င္တယ္ဆိုရင္ေတာ့ မ်ားမ်ားသာ ၿပံဳးရယ္လိုက္ပါ။

ယံုၾကည္မႈကုိ တည္ေဆာက္ႏိုင္တယ္

Source : Reddit

ေလ့လာေတြ႔႐ွိခ်က္အရ စစ္မွန္တဲ့အၿပံဳးနဲ႔ ၿပံဳးရယ္တတ္တဲ့သူက လူအမ်ားရဲ႕ခ်စ္ခင္မႈကို ရ႐ွိပိုင္ဆိုင္ႏိုင္သလို ယံုၾကည္မႈကိုလည္း ရ႐ွိႏိုင္ပါတယ္။ လူမႈဆက္ဆံေရးတစ္ခုက ယံုၾကည္မႈနဲ႔တည္ေဆာက္ရတာျဖစ္တဲ့အတြက္ေၾကာင့္ စစ္မွန္တ့ဲစိတ္ရင္းနဲ႔သာ ၿပံဳးျပလိုက္ပါ။ ကိုယ့္ရဲ႕စိတ္ရင္းေစတနာက တစ္ေန႔မွာေရာင္ျပန္ဟပ္ပါလိမ့္မယ္။

စိတ္ဖိစီးမႈကို ေလ်ာ့ခ်ေပးတယ္

Source : Bateleurs

ယေန႔ေခတ္မွာ လူေတာ္ေတာ္မ်ားမ်ားႀကံဳေတြ႔ေနရတဲ့ အဓိကျပႆနာတစ္ရပ္ကေတာ့ စိတ္ဖိစီးမႈပဲျဖစ္ပါတယ္။ စိတ္ဖိစီးမႈက က်န္းမာေရးကိုလည္း ထိခိုက္ႏိုင္တာေၾကာင့္ စိတ္ညစ္စရာကိုပဲ အခ်ိန္ကုန္ခံေတြးမေနပါနဲ႔။ ၿပံဳးရယ္ျခင္းအားျဖင့္ စိတ္ဖိစီးမႈေဟာ္မုန္းေတြကို ေလ်ာ့ခ်လိုက္ပါ။

စိတ္ခံစားခ်က္ကို ေကာင္းမြန္ေစတယ္

Source : Cosmopolitan

စိတ္ဓာတ္က်ၿပီး မေပ်ာ္မရႊင္ျဖစ္ေနပါသလား။ အၿပံဳးေလးတစ္ပြင့္သာ ဆင္ျမန္းလိုက္ပါ။ စိတ္ညစ္ေနပါတယ္ဆိုမွ ဘယ္လိုလုပ္ၿပံဳးႏိုင္မွာလဲလို႔ ေမးစရာ႐ွိပါတယ္။ အေျဖေလးကေတာ့ ကိုယ့္ကိုေပ်ာ္ရႊင္ေစတဲ့ အမွတ္တရေကာင္းေလးေတြကိုသာ ေတြးေတာရင္း ႀကိဳးစားၿပီး ၿပံဳးလိုက္ပါ။ စိတ္ညစ္စရာေတြ ေပ်ာက္သြားပါလိမ့္မယ္။

ကိုယ္ခ်င္းစာစိတ္ကို တိုးျမွင့္ေပးတယ္

Source : HDWallSource

သင္က ထူးဆန္းတဲ့အရာတစ္ခုခု ျပဳလုပ္တာကို အျခားတစ္ေယာက္ျမင္တဲ့အခါ သင့္ဦးေႏွာက္ရဲ႕အလိုအေလ်ာက္ တံု႔ျပန္မႈက ထိုသူကို ႐ွက္ၿပံဳးၿပံဳးျပလိုက္တာပဲျဖစ္ပါတယ္။ ဥပမာ စာသင္ခ်ိန္မွာ မုန္႔ခိုးစားေနတာကို သင့္အတန္းေဖာ္တစ္ေယာက္ေယာက္က ျမင္သြားတဲ့အခါ သူ႔ကို ႐ွက္ၿပံဳးၿပံဳးျပလိုက္ျခင္းျဖင့္ “ေအာ္… သူ ဗိုက္ဆာလို႔ စားတာပဲေလ” ဆိုၿပီး ကိုယ္ခ်င္းစာစိတ္တစ္ခု ဝင္သြားပါတယ္။ ဒါ့ေၾကာင့္ အၿပဳံးက လူတစ္ေယာက္ရဲ႕ ကိုယ္ခ်င္းစာစိတ္ကို ျမွင့္တင္ေပးတယ္လို႔ ေလ့လာေတြ႔႐ွိခဲ့ရတာပါ။

[Unicode]

ရယ်မောခြင်းက အစွမ်းထက်ဆုံး ဆေးစွမ်းကောင်းတစ်လက် ဆိုတာသင်သိပါ။ ဒါပေမဲ့ အပြုံးတိုင်း ရယ်မောမှုတိုင်းက အာနိသင်ရှိမှာတော့မဟုတ်ဘူး။ အဓိက စစ်မှန်တဲ့ အပြုံးစစ် စစ်မှန်တဲ့ရယ်မောခြင်းကမှ အာနိသင်ပြမှာပါ။ အပြုံးတုနဲ့ ဖျစ်ညှစ်ပြီးပြုံးနေမယ်ဆိုရင်တော့ အချည်းနှီးပါပဲ။ တချို့သူတွေက အပြုံးတုကို ဖောက်ထွင်းမြင်နိုင်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။ ဒါ့ကြောင့် ပျော်ရွှင်စရာလေးတွေပဲတွေးပြီး အပြုံးစစ်လေးနဲ့ ပုံဖော်ပေးလိုက်ပါ။အပြုံးအစစ်လေးတွေနဲ့ပြုံးနိုင်ပြီဆိုရင်တော့ ရရှိမယ့်အကျိုးကျေးဇူးလေးတွေကို ဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။

ငယ်ရွယ်နုပျိုတဲ့ပုံပေါက်တယ်

Source : Clínica Gove

လေ့လာတွေ့ရှိချက်အရ အမြဲတမ်းပြုံးရွှင်ပြီး ရယ်မောနေတဲ့သူတစ်ယောက်က ရှိရင်းစွဲအသက်ထက် ၃ နှစ်ပိုငယ်တဲ့ပုံပေါက်တယ်လို့ ဆိုကြပါတယ်။ စာဖတ်သူတို့လည်း အမြဲတမ်းငယ်ရွယ်နုပျိုချင်တယ်ဆိုရင်တော့ များများသာ ပြုံးရယ်လိုက်ပါ။

ယုံကြည်မှုကို တည်ဆောက်နိုင်တယ်

Source : Reddit

လေ့လာတွေ့ရှိချက်အရ စစ်မှန်တဲ့အပြုံးနဲ့ ပြုံးရယ်တတ်တဲ့သူက လူအများရဲ့ချစ်ခင်မှုကို ရရှိပိုင်ဆိုင်နိုင်သလို ယုံကြည်မှုကိုလည်း ရရှိနိုင်ပါတယ်။ လူမှုဆက်ဆံရေးတစ်ခုက ယုံကြည်မှုနဲ့တည်ဆောက်ရတာဖြစ်တဲ့အတွက်ကြောင့် စစ်မှန်တဲ့စိတ်ရင်းနဲ့သာ ပြုံးပြလိုက်ပါ။ ကိုယ့်ရဲ့စိတ်ရင်းစေတနာက တစ်နေ့မှာရောင်ပြန်ဟပ်ပါလိမ့်မယ်။

စိတ်ဖိစီးမှုကို လျော့ချပေးတယ်

Source : Bateleurs

ယနေ့ခေတ်မှာ လူတော်တော်များများကြုံတွေ့နေရတဲ့ အဓိကပြဿနာတစ်ရပ်ကတော့ စိတ်ဖိစီးမှုပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုက ကျန်းမာရေးကိုလည်း ထိခိုက်နိုင်တာကြောင့် စိတ်ညစ်စရာကိုပဲ အချိန်ကုန်ခံတွေးမနေပါနဲ့။ ပြုံးရယ်ခြင်းအားဖြင့် စိတ်ဖိစီးမှုဟော်မုန်းတွေကို လျော့ချလိုက်ပါ။

စိတ်ခံစားချက်ကို ကောင်းမွန်စေတယ်

Source : Cosmopolitan

စိတ်ဓာတ်ကျပြီး မပျော်မရွှင်ဖြစ်နေပါသလား။ အပြုံးလေးတစ်ပွင့်သာ ဆင်မြန်းလိုက်ပါ။ စိတ်ညစ်နေပါတယ်ဆိုမှ ဘယ်လိုလုပ်ပြုံးနိုင်မှာလဲလို့ မေးစရာရှိပါတယ်။ အဖြေလေးကတော့ ကိုယ့်ကိုပျော်ရွှင်စေတဲ့ အမှတ်တရကောင်းလေးတွေကိုသာ တွေးတောရင်း ကြိုးစားပြီး ပြုံးလိုက်ပါ။ စိတ်ညစ်စရာတွေ ပျောက်သွားပါလိမ့်မယ်။

ကိုယ်ချင်းစာစိတ်ကို တိုးမြှင့်ပေးတယ်

Source : HDWallSource

သင်က ထူးဆန်းတဲ့အရာတစ်ခုခု ပြုလုပ်တာကို အခြားတစ်ယောက်မြင်တဲ့အခါ သင့်ဦးနှောက်ရဲ့အလိုအလျောက် တုံ့ပြန်မှုက ထိုသူကို ရှက်ပြုံးပြုံးပြလိုက်တာပဲဖြစ်ပါတယ်။ ဥပမာ စာသင်ချိန်မှာ မုန့်ခိုးစားနေတာကို သင့်အတန်းဖော်တစ်ယောက်ယောက်က မြင်သွားတဲ့အခါ သူ့ကို ရှက်ပြုံးပြုံးပြလိုက်ခြင်းဖြင့် “အော်… သူ ဗိုက်ဆာလို့ စားတာပဲလေ” ဆိုပြီး ကိုယ်ချင်းစာစိတ်တစ်ခု ဝင်သွားပါတယ်။ ဒါ့ကြောင့် အပြုံးက လူတစ်ယောက်ရဲ့ ကိုယ်ချင်းစာစိတ်ကို မြှင့်တင်ပေးတယ်လို့ လေ့လာတွေ့ရှိခဲ့ရတာပါ။