ရန်ကုန်မြို့ကိုရောက်လို့ အဆင့်မြင့်မြင့်ဟိုတယ်ကို ဇိမ်ကျကျလေးတည်းချင်တဲ့သူတွေအတွက် နေရာကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

တည်နေရာ

ဟိုတယ်ရဲ့ နည်မည်ကတော့ Hotel G Yangon ပါ။ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာလို့ပြောရမယ့် အလံပြဘုရားလမ်း၊ ယောမင်းကြီးရပ်ကွက်မှာတည်ရှိပါတယ်။ ရန်ကုန်ဘူတာကြီး၊ ဗိုလ်ချုပ်ဈေး၊ ဈေးဝယ်စင်တာတွေ၊ ပန်းချီပြခန်းတွေနဲ့ နီးပြီး သက်ဝင်လှုပ်ရှားတဲ့ နေရာလေးတစ်ခုဆိုရင်လည်း မမှားပါဘူး။

Hotel G Yangon ရဲ့ခမ်းနားတဲ့အပြင်အဆင် နဲ့ ဝန်ဆောင်မှု

Hotel G Yangon ဟာအခန်းပေါင်း (၈၅) ခန်းပါဝင်ပါတယ်။ ရန်ကုန်မြို့ရဲ့ ပထမဆုံး Lifestyle ဟိုတယ်တစ်ခုဖြစ်ပြီး ခေတ်မီတဲ့ ခရီးသွားတွေ နှစ်သက်ကြတဲ့ အခန်းဖွဲ့စည်းတည်ဆောက်ပုံတွေအပြင် အလုပ်လုပ်ချင်သူတွေအတွက်လည်း လျှင်မြန်တဲ့ ဆက်သွယ်ရေးစနစ်တွေကို ဝန်ဆောင်မှုပေးထားပါတယ်။



အခန်းအမျိုးအစားကတော့ ကောင်းတဲ့အခန်း၊ အထူးကောင်းတဲ့အခန်း၊ အထူးပိုပြီးကောင်းတဲ့အခန်း၊ အကောင်းဆုံးအခန်းဆိုပြီး (၄) မျိုးရှိပါတယ်။ စားသောက်ဆိုင်၊ အချင်းချင်းစကားပြောလို့ရတဲ့ နေရာတွေ၊ အားကစားခန်းမတွေလည်းပါဝင်ပါတယ်။

ဟိုတယ်အတွင်း Babett Eatery & Bar ကိုလည်း ဖွင့်လှစ်ထားပြီး မနက်စာအမျိုးမျိုး၊ အသားနဲ့ ချိစ်အမျိုးမျိုးအပြင် စာဖိုမှူး Javier Ballesta ရဲ့ အထူးဟင်းလျာတွေကိုလည်း သုံးဆောင်နိုင်ပါတယ်။ မြန်မာအစားအစာတွေအပြင် အရှေ့တိုင်း အနောက်တိုင်း အစားအစာ အစုံအလင်ကို ရရှိနိုင်တဲ့ စားသောက်ဆိုင်လေးတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ကော်ဖီသောက်ရင်း အေးဆေး အလုပ်လုပ်ချင်သူတွေ၊ မိတ်ဆွေတွေနဲ့ အလုပ်ကိစ္စပဲဖြစ်ဖြစ်၊ စကားစမြည်မိတ်ဖွဲ့ပြောဆိုချင်ရင်ပဲဖြစ်ဖြစ် အဆင်ပြေတဲ့နေရာလေးတစ်ခုပါပဲ။

ခရီးသွားနေပေမယ့် အားကစားလုပ်ချင်သူတွေအတွက် Hotel G Yangon က လေဝင်လေထွက်ကောင်းပြီး စတုရန်းမီတာ ၅၀၀ ကျယ်ဝန်းတဲ့ Real Fitness ExpressTM
Gym ကိုလည်း ဝန်ဆောင်မှုပေးထားပါတယ်။ ခေတ်မီစက်ကိရိယာတွေအစုံအလင်ပါဝင်ပြီး ကျန်းမာရေးလိုက်စားသူတွေအတွက်လည်း အရမ်းကို အဆင်ပြေတဲ့နေရာလေးတစ်ခုပါ။

ဟိုတယ်ကို တည်းခိုသူတွေအနေနဲ့ ယောဂ၊ Pilates နဲ့ Zumba Class တွေကို အခမဲ့ တက်ရောက်ကစားနိုင်ပါတယ်။

Hotel G အမှတ်တံဆိပ်အသုံးအဆောင်ပစ္စည်းတွေ၊ ခေတ်မီ လက်မှုပညာပစ္စည်းတွေနဲ့ မြန်မာနိုင်ငံအနှံ့အပြား မြန်မာ့ရိုးရာ ဒီဇိုင်းလှလှတွေကိုလည်း “လှတယ်”ဆိုတဲ့ ပြည်တွင်းထုတ်ကုန်နဲ့ပူးပေါင်းပြီး ထုတ်လုပ် ရောင်းချပေးနေတဲ့ G Shop ဆိုင်ကိုလည်း ဖွင့်လှစ်ပေးထားပါတယ်။

ပရိုမိုးရှင်း

Hotel G Yangon ဖွင့်လှစ်တဲ့အထိန်းအမှတ်အနေနဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိကို ၄၀ % ထိ discount ပေးထားပါလို့ အရမ်းတန်တဲ့အခွင့်အရေးတစ်ခုပါပဲ။

အသေးစိတ်သိချင်ရင်

Hotel G Yangon အကြောင်း ပိုပြီး အသေးစိတ်သိချင်ရင်တော့ – www.hotelgyangon.com  မှာ လေ့လာနိုင်သလို၊ Facebook မှာ @hotelsgyangon ဆိုတဲ့ နာမည်နဲ့ရှာဖွေနိုင်ပြီး Instragram မှာတော့ @hotelG_Yangon နဲ့ ရှာဖွေနိုင်ပါတယ်။