မင်္ဂလာပါနော်။ လူတိုင်း နှုတ်ခမ်းသားကို ကလေးလေးတစ်ယောက်လို နူးညံ့ပြီး ပန်းရောင်သမ်းတာ လိုချင်ကြပါတယ်။ ဆောင်းတွင်းမှာပဲဖြစ်ဖြစ် နှုတ်ခမ်းနီ အခြောက်တွေ အမြဲတမ်းဆိုးတဲ့သူတွေမှာပဲဖြစ်ဖြစ် နှုတ်ခမ်းသား ညိုမည်းခြင်းတွေ ကြုံတွေ့ရလေ့ရှိပါတယ်။

နှုတ်ခမ်းသားက သင်စားတဲ့ အစားအသောက်တွေနဲ့ နေထိုင်မှုတွေ သဘာဝပတ်ဝန်းကျင်တွေကြောင့် ဆဲလ်သေတွေ ဖြစ်ပေါ်စေပြီး နှုတ်ခမ်းသားကိုလည်း ညိုမည်းစေပါတယ်။ ဒါ့ကြောင့် သဘာဝအတိုင်း နှုတ်ခမ်းသားကို ချေးချွတ်ပေးဖို့ လိုပါတယ်။

ပါဝင်ပစ္စည်း

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

သကြား စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကို သေချာလေးရောလိုက်ပါ။ ပြီးရင် နှုတ်ခမ်းကို ရေအရင်ဆေးပြီး ရောထားတာကို လိမ်းလိုက်ပါ။ ပြီးရင် သေချာလေး ပွတ်ပေးလိုက်ပြီး မိနစ် အနည်းငယ်ထားပါ။ အဲဒီနောက်ရေနွေးလေးနဲ့ဆေးချလိုက်ပြီး နှုတ်ခမ်းကို အဆီတမျိုးမျိုးလိမ်းပေးထားလိုက်ပါ။

တစ်ပတ်ကို (၃) ကြိမ်လုပ်ပေးနိုင်ပါတယ်။

အကျိုးကျေးဇူးများ

ပျားရည်ဟာ ရောင်ရမ်းမှုကို သက်သာစေသလို နှုတ်ခမ်းသားကို နူးညံ့စိုပြေစေပါတယ်။

သံလွင်ဆီကလည်း နှုတ်ခမ်းသား ညိုမည်း ခြောက်သွေ့ ခြင်းကို သက်သာစေသလို အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

သကြားကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။