[Zawgyi]

အသားအေရထိန္းသိမ္းေရးလို႔ဆိုရင္ အရမ္းရႈပ္ေထြးၿပီးအခ်ိန္ကုန္တဲ့ အလုပ္တစ္ခုလို႔ထင္ၾကပါတယ္။ တကယ္ေတာ့ အသားအေရထိန္းသိမ္းဖို႔ ရွည္ရွည္‌ေဝးေဝးစဥ္းစားၿပီး ပစၥည္းေတြအမ်ားႀကီး ဝယ္ေနစရာမလိုပါဘူး။ အိမ္မွာရွိတဲ့ သဘာဝပစၥည္းေတြနဲ႔တင္ အသားအေရေကာင္းေအာင္ ျပဳလုပ္လို႔ရပါတယ္။ အားလုံသိထားရေစဖို႔ အသားအေရကို ေကာင္းက်ိဳးျပဳတဲ့ မီးဖိုေခ်ာင္အတြင္းက ပစၥည္းအနည္းငယ္အေၾကာင္းကို မွ်ေဝေပးလိုက္ရပါတယ္။

(၁) ပ်ားရည္

ပ်ားရည္မွာ ခႏၶာကိုယ္ကိုေကာင္းက်ိဳးျပဳတဲ့ probiotics လို႔ေခၚတဲ့ပိုးမႊားေလးေတြနဲ႔ အျခားေသာသတၱဳဓာတ္မ်ားစြာ ပါဝင္တာေၾကာင့္ ပ်က္စီးေနတဲ့အသားအေရကို ျပဳျပင္ေပးႏိုင္ပါတယ္။ ပ်ားရည္ဟာ ေလထုထဲမွာရွိတဲ့ ေရဓာတ္ကို စုပ္ယူထားတာေၾကာင့္ အသားအေရကိုစိုေျပေစၿပီး အေရျပားမွာရွိတဲ့ ေခြၽးေပါက္ပိတ္ဆို႔မႈကိုလည္း သက္သာေစပါတယ္။ ဒါ့အျပင္ ပ်ားရည္မွာပါတဲ့ amino အက္ဆစ္ဟာ အေရျပားေအာက္က တစ္ရႉးေတြကို ျပန္လည္ျပဳျပင္ေပးႏိုင္ၿပီး အေရျပားရဲ႕ ေအာက္ေျခအလႊာကို သန္မာေစပါတယ္။

(၂) ဒိန္ခ်ဥ္

ဒိန္ခ်ဥ္မွာပါဝင္တဲ့ lactic အက္ဆစ္ဟာ အေရျပားအေပၚယံမွာရွိတဲ့ ဆဲလ္ေသမ်ားကို ဖ်က္ဆီးေပးႏိုင္ပါတယ္။ အမည္းစက္မ်ားကိုေပ်ာက္ေစၿပီး အသားအေရအေရာင္မညီမွ်မႈကိုလည္း ထိန္းညႇိေပးပါတယ္။ ဒိန္ခ်ဥ္ဟာ အသားအေရကို ႏူးညံ့ေစေၾကာင္းကိုလည္း ကမာၻတလႊားက အေရျပားအထူးကုဆရာဝန္မ်ားက လက္ခံထားၾကပါေသးတယ္။

(၃) ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္ဟာ ေဆးဖက္ဝင္တဲ့အတြက္ အိမ္အေတာ္မ်ားမ်ားမွာ ရွိတတ္ပါတယ္။ ရွားေစာင္းလက္ပတ္မွာ ဗီတာမင္ေအနဲ႔ ဗီတာမင္စီတို႔ပါဝင္ၿပီး ေရဓာတ္ျမင့္မားတာေၾကာင့္ အပူေလာင္ျခင္း၊ ယားယံျခင္းနဲ႔ အသားအေရ ေျခာက္ေသြ႕ျခင္းအတြက္ အသုံးဝင္ပါတယ္။ Anthraquinone လို႔ေခၚတဲ့ ျဒပ္ေပါင္းတစ္မ်ိဳးလည္းပါဝင္တဲ့ ရွားေစာင္း လက္ပတ္အႏွစ္ဟာ အေရျပားမွာရွိတဲ့ ဆဲလ္ေသမ်ားကိုဖယ္ရွားေပးၿပီး ဆဲလ္အသစ္ျပန္လည္တည္ေဆာက္ရာမွာ အေထာက္အပံ့ေပးပါတယ္။

(၄) သခြားသီး

ကယ္လိုရီနည္းသီးႏွံတစ္ခုျဖစ္တဲ့ သခြားသီးကို မ်က္ႏွာေပါင္းတင္တဲ့ေနရာမွာ သုံးတာျမင္ဖူးၾကမွာပါ။ ဘာျဖစ္လို႔လည္း ဆိုေတာ့ သခြားသီးဟာ ရွားေစာင္းလက္ပတ္လိုပဲ ေအးျမတဲ့ခံစားခ်က္ကိုေပးစြမ္းႏိုင္ၿပီး အသားအေရကို ေရဓာတ္ထိန္းညႇိ ေပးႏိုင္လို႔ပါပဲ။ ေရာင္ရမ္းျခင္းနဲ႔ အပူေလာင္ျခင္းတို႔ကို သက္သာေစၿပီး အသားအေရေပၚက အမည္းကြက္မ်ားကိုလည္း ဖယ္ရွားေပးႏိုင္ပါတယ္။

(၅) Matcha လက္ဖက္စိမ္း

ဂ်ပန္ႏိုင္ငံက Matcha လို႔ေခၚတဲ့ လက္ဖက္စိမ္းဟာ က်န္းမာေရးအတြက္ ဘက္ေပါင္းစုံက အသုံးဝင္တဲ့ အိမ္သုံးပစၥည္း တစ္ခုျဖစ္ပါတယ္။ Matcha လက္ဖက္စိမ္းမွာ အေရျပားအိုမင္းရင့္ေရာ္မႈကိုထိန္းခ်ဳပ္ေပးတဲ့ antioxidants လို႔ေခၚတဲ့ ျဒပ္တစ္မ်ိဳးအျပင္ ေနေရာင္ျခည္ေၾကာင့္ အသားအေရပ်က္စီးမႈကိုကာကြယ္ေပးတဲ့ ကလို႐ိုဖီးလ္ဓာတ္လည္း ပါဝင္ပါတယ္။ ေနာက္ၿပီး Matcha လက္ဖက္စိမ္းဟာ အေရျပားအတြင္းထဲက အဆီနဲ႔ အညစ္အေၾကးေတြကိုပါ ဖယ္ထုတ္ေပးႏိုင္တာ ေၾကာင့္ ဝက္ၿခံနဲ႔ အျခားအဖုအပိန႔္ေတြထြက္တာကိုပါ တားဆီးေပးလို႔ အင္မတန္အစြမ္းထက္ပါတယ္။

အခုေနာက္ပိုင္း ကုန္ပစၥည္းထုတ္လုပ္သူမ်ားဟာဆိုရင္ ဒီလို သဘာဝပစၥည္းေတြကိုပဲအသုံးျပဳၿပီး လူသုံးကုန္ပစၥည္းေတြ ထုတ္လုပ္လာၾကၿပီ ျဖစ္ပါတယ္။ လတ္တေလာမွာဆိုရင္ Lifebuoy ကေနမွ Matcha လက္ဖက္စိမ္းရယ္ ရွားေစာင္းလက္ပတ္ရယ္ နဲ႔ ေပါင္းၿပီးထုတ္လုပ္ထားတဲ့ Lifebuoy Matcha ေရခ်ိဳးဆပ္ျပာအသစ္ေလးကို ေဈးကြက္ထဲစတင္ မိတ္ဆက္ထားတာ ေတြ႕ရပါတယ္။

Lifebuoy ဟာ ကမာၻမွာေရာင္းအားအေကာင္းဆုံး နံပါတ္(၁) က်န္းမာေရးဆပ္ျပာ အမွတ္တံဆိပ္ျဖစ္ပါတယ္။ ေလထုညစ္ညမ္းမႈ ေၾကာင့္ ပိုးမႊားေတြအဆမတန္မ်ားျပားလာတဲ့ ဒီေခတ္ကာလမွာ အေရျပားေရာဂါ ေတြနဲ႔ အသားအေရျပႆနာေတြကို အထိေရာက္ဆုံး ကာကြယ္ေပးႏိုင္တဲ့ ဆပ္ျပာမ်ိဳးအသုံးျပဳဖို႔ လိုအပ္ပါတယ္။ Lifebuoy ရဲ႕ ကုန္ပစၥည္းအသစ္ျဖစ္တဲ့ Lifebuoy Matcha က ပိုးမႊားအႏၲရာယ္ကေန ၉၉.၉% ကာကြယ္ေပးတဲ့အျပင္ သဘာဝလက္ဖက္စိမ္းႏွင့္ ရွားေစာင္းလက္ပတ္အဆီအႏွစ္တို႔ ပါဝင္တဲ့အတြက္ အသားအေရျပႆနာေတြကို ေျဖရွင္းေပးႏိုင္မယ့္ အလြန္အသုံးဝင္မယ့္ ေရခ်ိဳးဆပ္ျပာတစ္ခုျဖစ္ပါတယ္။

[Unicode]

အသားအရေထိန်းသိမ်းရေးလို့ဆိုရင် အရမ်းရှုပ်ထွေးပြီးအချိန်ကုန်တဲ့ အလုပ်တစ်ခုလို့ထင်ကြပါတယ်။ တကယ်တော့ အသားအရေထိန်းသိမ်းဖို့ ရှည်ရှည်‌ဝေးဝေးစဉ်းစားပြီး ပစ္စည်းတွေအများကြီး ဝယ်နေစရာမလိုပါဘူး။ အိမ်မှာရှိတဲ့ သဘာဝပစ္စည်းတွေနဲ့တင် အသားအရေကောင်းအောင် ပြုလုပ်လို့ရပါတယ်။ အားလုံသိထားရစေဖို့ အသားအရေကို ကောင်းကျိုးပြုတဲ့ မီးဖိုချောင်အတွင်းက ပစ္စည်းအနည်းငယ်အကြောင်းကို မျှဝေပေးလိုက်ရပါတယ်။

(၁) ပျားရည်

ပျားရည်မှာ ခန္ဓာကိုယ်ကိုကောင်းကျိုးပြုတဲ့ probiotics လို့ခေါ်တဲ့ပိုးမွှားလေးတွေနဲ့ အခြားသောသတ္တုဓာတ်များစွာ ပါဝင်တာကြောင့် ပျက်စီးနေတဲ့အသားအရေကို ပြုပြင်ပေးနိုင်ပါတယ်။ ပျားရည်ဟာ လေထုထဲမှာရှိတဲ့ ရေဓာတ်ကို စုပ်ယူထားတာကြောင့် အသားအရေကိုစိုပြေစေပြီး အရေပြားမှာရှိတဲ့ ချွေးပေါက်ပိတ်ဆို့မှုကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် ပျားရည်မှာပါတဲ့ amino အက်ဆစ်ဟာ အရေပြားအောက်က တစ်ရှူးတွေကို ပြန်လည်ပြုပြင်ပေးနိုင်ပြီး အရေပြားရဲ့ အောက်ခြေအလွှာကို သန်မာစေပါတယ်။

(၂) ဒိန်ချဉ်

ဒိန်ချဉ်မှာပါဝင်တဲ့ lactic အက်ဆစ်ဟာ အရေပြားအပေါ်ယံမှာရှိတဲ့ ဆဲလ်သေများကို ဖျက်ဆီးပေးနိုင်ပါတယ်။ အမည်းစက်များကိုပျောက်စေပြီး အသားအရေအရောင်မညီမျှမှုကိုလည်း ထိန်းညှိပေးပါတယ်။ ဒိန်ချဉ်ဟာ အသားအရေကို နူးညံ့စေကြောင်းကိုလည်း ကမ္ဘာတလွှားက အရေပြားအထူးကုဆရာဝန်များက လက်ခံထားကြပါသေးတယ်။

(၃) ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဟာ ဆေးဖက်ဝင်တဲ့အတွက် အိမ်အတော်များများမှာ ရှိတတ်ပါတယ်။ ရှားစောင်းလက်ပတ်မှာ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ပါဝင်ပြီး ရေဓာတ်မြင့်မားတာကြောင့် အပူလောင်ခြင်း၊ ယားယံခြင်းနဲ့ အသားအရေ ခြောက်သွေ့ခြင်းအတွက် အသုံးဝင်ပါတယ်။ Anthraquinone လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးလည်းပါဝင်တဲ့ ရှားစောင်း လက်ပတ်အနှစ်ဟာ အရေပြားမှာရှိတဲ့ ဆဲလ်သေများကိုဖယ်ရှားပေးပြီး ဆဲလ်အသစ်ပြန်လည်တည်ဆောက်ရာမှာ အထောက်အပံ့ပေးပါတယ်။

(၄) သခွားသီး

ကယ်လိုရီနည်းသီးနှံတစ်ခုဖြစ်တဲ့ သခွားသီးကို မျက်နှာပေါင်းတင်တဲ့နေရာမှာ သုံးတာမြင်ဖူးကြမှာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ သခွားသီးဟာ ရှားစောင်းလက်ပတ်လိုပဲ အေးမြတဲ့ခံစားချက်ကိုပေးစွမ်းနိုင်ပြီး အသားအရေကို ရေဓာတ်ထိန်းညှိ ပေးနိုင်လို့ပါပဲ။ ရောင်ရမ်းခြင်းနဲ့ အပူလောင်ခြင်းတို့ကို သက်သာစေပြီး အသားအရေပေါ်က အမည်းကွက်များကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

(၅) Matcha လက်ဖက်စိမ်း

ဂျပန်နိုင်ငံက Matcha လို့ခေါ်တဲ့ လက်ဖက်စိမ်းဟာ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံက အသုံးဝင်တဲ့ အိမ်သုံးပစ္စည်း တစ်ခုဖြစ်ပါတယ်။ Matcha လက်ဖက်စိမ်းမှာ အရေပြားအိုမင်းရင့်ရော်မှုကိုထိန်းချုပ်ပေးတဲ့ antioxidants လို့ခေါ်တဲ့ ဒြပ်တစ်မျိုးအပြင် နေရောင်ခြည်ကြောင့် အသားအရေပျက်စီးမှုကိုကာကွယ်ပေးတဲ့ ကလိုရိုဖီးလ်ဓာတ်လည်း ပါဝင်ပါတယ်။ နောက်ပြီး Matcha လက်ဖက်စိမ်းဟာ အရေပြားအတွင်းထဲက အဆီနဲ့ အညစ်အကြေးတွေကိုပါ ဖယ်ထုတ်ပေးနိုင်တာ ကြောင့် ဝက်ခြံနဲ့ အခြားအဖုအပိန့်တွေထွက်တာကိုပါ တားဆီးပေးလို့ အင်မတန်အစွမ်းထက်ပါတယ်။

အခုနောက်ပိုင်း ကုန်ပစ္စည်းထုတ်လုပ်သူများဟာဆိုရင် ဒီလို သဘာဝပစ္စည်းတွေကိုပဲအသုံးပြုပြီး လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်လာကြပြီ ဖြစ်ပါတယ်။ လတ်တလောမှာဆိုရင် Lifebuoy ကနေမှ Matcha လက်ဖက်စိမ်းရယ် ရှားစောင်းလက်ပတ်ရယ် နဲ့ ပေါင်းပြီးထုတ်လုပ်ထားတဲ့ Lifebuoy Matcha ရေချိုးဆပ်ပြာအသစ်လေးကို ဈေးကွက်ထဲစတင် မိတ်ဆက်ထားတာ တွေ့ရပါတယ်။

Lifebuoy ဟာ ကမ္ဘာမှာရောင်းအားအကောင်းဆုံး နံပါတ်(၁) ကျန်းမာရေးဆပ်ပြာ အမှတ်တံဆိပ်ဖြစ်ပါတယ်။ လေထုညစ်ညမ်းမှု ကြောင့် ပိုးမွှားတွေအဆမတန်များပြားလာတဲ့ ဒီခေတ်ကာလမှာ အရေပြားရောဂါ တွေနဲ့ အသားအရေပြဿနာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ ဆပ်ပြာမျိုးအသုံးပြုဖို့ လိုအပ်ပါတယ်။ Lifebuoy ရဲ့ ကုန်ပစ္စည်းအသစ်ဖြစ်တဲ့ Lifebuoy Matcha က ပိုးမွှားအန္တရာယ်ကနေ ၉၉.၉% ကာကွယ်ပေးတဲ့အပြင် သဘာဝလက်ဖက်စိမ်းနှင့် ရှားစောင်းလက်ပတ်အဆီအနှစ်တို့ ပါဝင်တဲ့အတွက် အသားအရေပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် အလွန်အသုံးဝင်မယ့် ရေချိုးဆပ်ပြာတစ်ခုဖြစ်ပါတယ်။