(Zawgyi)

မဂၤလာပါ ပ်ိဳေမေလးတို႔ေရ… Matte ႏႈတ္ခမ္းနီေတြ အဆိုးမ်ားလို႔ ႏႈတ္ခမ္းက ေျခာက္ေသြ႔ေနပါသလား။ ႏႈတ္ခမ္းေျခာက္ၿပီး ညိဳညစ္ညစ္ျဖစ္ေနျခင္းကလည္း သင့္ရဲ႕အလွအပကို တစ္နည္းတစ္ဖံုထိခိုက္ေစပါတယ္။

ႏႈတ္ခမ္းသားေလးက ႏူးညံ့စိုေျပၿပီး သဘာဝအတိုင္း ပန္းႏုေရာင္သမ္းခ်င္တယ္ဆိုရင္ေတာ့ မျဖစ္မေနျပဳလုပ္ေပးရမယ့္ အေရးႀကီးဆံုးအရာတစ္ခုရွိပါတယ္။

ေရမ်ားမ်ားေသာက္ေပးျခင္းပဲျဖစ္ပါတယ္။ တစ္ေန႔ကို ေရ ၈ ခြက္ကေန ၁၀ ခြက္အထိ ေသာက္သံုးေပးရပါမယ္။ ေကာ္ဖီနဲ႔ လက္ဖက္ရည္ေသာက္သံုးျခင္းကို မျဖစ္မေနေရွာင္ၾကဥ္ေပးလိုက္မယ္ဆိုရင္ေတာ့ ထူးျခားတဲ့ရလဒ္ကို ေတြ႔ျမင္ရမွာပါ။

ပ်ိဳေမေလးတို႔အေနနဲ႔ ဒီ့ထက္ပိုၿပီး ထူးျခားတဲ့ရလဒ္ကို အလ်င္အျမန္ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးေတြကို ဆက္လက္ျပဳလုပ္ေပးႏိုင္ပါေသးတယ္။

ပ်ားရည္၊ သၾကားျဖင့္ ေခ်းခြ်တ္ပါ

သၾကား စားပြဲတင္ဇြန္းတစ္ဇြန္းကို ပ်ားရည္ႏွင့္ ေရာေႏွာေပးလိုက္ပါ။ ထို႔ေနာက္ ႏႈတ္ခမ္းေပၚမွာ ညင္ညင္သာသာ ပြတ္တိုက္ၿပီး ႏွိပ္နယ္ေပးလိုက္ပါ။ ႏႈတ္ခမ္းေပၚက ဆဲလ္ေသမ်ားက သၾကားနဲ႔အတူေရာေႏွာသြားပါလိမ့္မယ္။ ၁၅ မိနစ္ခန္႔ၾကာပါက ေရေဆးေပးလိုက္ပါ။ Lip Balm ျပန္လိမ္းေပးဖို႔လည္း မေမ့ပါနဲ႔ေနာ္။

ႏြားႏို႔ႏွင့္ နႏြင္းမႈန္႔

နႏြင္းမႈန္႔ လက္ဖက္ရည္ဇြန္းတစ္ဇြႏ္းကို ႏြားႏို႔အနည္းငယ္ျဖင့္ ေရာေႏွာလိုက္ပါ။ ထို႔ေနာက္ ႏႈတ္ခမ္းေပၚမွာ သုတ္လိမ္းေပးလိုက္ပါ။ ၅ မိနစ္ခန္႔ၾကာမွ ၾကက္သီးေႏြး ေရေႏြးေလးနဲ႔ ေဆးခ်လိုက္ပါ။ ႏြားႏို႔ရဲ႕ အက္ဆစ္ဓာတ္က သင့္ႏႈတ္ခမ္းကို ႏူးညံ့ေတာက္ပလာေစၿပီး ေရဓာတ္ျဖည့္တင္းေပးပါလိမ့္မယ္။ နႏြင္းမႈန္႔ကေတာ့ ဆဲလ္ေသမ်ားကို ဖယ္ရွားေပးပါလိမ့္မယ္။

ရွားေစာင္းလက္ပတ္ဂ်ယ္လ္

ႏႈတ္ခမ္းေျခာက္တတ္တဲ့သူေတြအတြက္ကေတာ့ ရွားေစာင္းလက္ပတ္က အေကာင္းဆံုးပါပဲ။ ရွားေစာင္းလက္ပတ္ဂ်ယ္လ္ကို ႏႈတ္ခမ္းေပၚမွာ သုတ္လိမ္းၿပီး ညင္သာစြာ ႏွိပ္နယ္ေပးလိုက္ပါ။ ရွားေစာင္းလက္ပတ္ထဲမွာပါဝင္တဲ့ ဗီတာမင္အီးဓာတ္က သင့္ႏႈတ္ခမ္းကို အစိုဓာတ္ျဖည့္တင္းေပးၿပီး ႏႈတ္ခမ္းကို ေအးျမေစပါလိမ့္မယ္။

ႏွင္းဆီပြင့္ခ်ပ္

ႏွင္းဆီပြင့္ခ်ပ္ ၆ ခ်ပ္၊ ၇ ခ်ပ္ခန္႔ကို ႏြားႏို႔ထဲမွာ တစ္ညခန္႔ စိမ္ထားလိုက္ပါ။ မနက္မိုးလင္းလာတဲ့အခါ ငရုတ္က်ည္ေပြ႔အသံုးျပဳၿပီး ထိုပြင့္ခ်ပ္မ်ားကို ေခ်လိုက္ပါ။ ရရွိလာတဲ့ ပြင့္ခ်ပ္အေၾကအစမ်ားကို ႏြားႏို႔အနည္းငယ္ျဖင့္ ေရာေႏွာၿပီးေနာက္ ႏႈတ္ခမ္းေပၚမွာ သုတ္လိမ္းေပးလိုက္ပါ။ ၅ မိနစ္မွ ၁၀ မိနစ္ခန္႔အထိ ထားထားလိုက္ပါ။ ၿပီးမွ ေရနဲ႔ ေဆးေၾကာေပးရပါမယ္။

ႏြားႏို႔အစား ပ်ားရည္၊ ေထာပတ္တို႔ျဖင့္လည္း အစားထိုး အသံုးျပဳႏိုင္ပါေသးတယ္။

Source: Athomediva.com

By MyStyle Myanmar

(Unicode)

မင်္ဂလာပါ ပျိုမေလေးတို့ရေ… Matte နှုတ်ခမ်းနီတွေ အဆိုးများလို့ နှုတ်ခမ်းက ခြောက်သွေ့နေပါသလား။ နှုတ်ခမ်းခြောက်ပြီး ညိုညစ်ညစ်ဖြစ်နေခြင်းကလည်း သင့်ရဲ့အလှအပကို တစ်နည်းတစ်ဖုံထိခိုက်စေပါတယ်။

နှုတ်ခမ်းသားလေးက နူးညံ့စိုပြေပြီး သဘာဝအတိုင်း ပန်းနုရောင်သမ်းချင်တယ်ဆိုရင်တော့ မဖြစ်မနေပြုလုပ်ပေးရမယ့် အရေးကြီးဆုံးအရာတစ်ခုရှိပါတယ်။

ရေများများသောက်ပေးခြင်းပဲဖြစ်ပါတယ်။ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်အထိ သောက်သုံးပေးရပါမယ်။ ကော်ဖီနဲ့ လက်ဖက်ရည်သောက်သုံးခြင်းကို မဖြစ်မနေရှောင်ကြဉ်ပေးလိုက်မယ်ဆိုရင်တော့ ထူးခြားတဲ့ရလဒ်ကို တွေ့မြင်ရမှာပါ။

ပျိုမေလေးတို့အနေနဲ့ ဒီ့ထက်ပိုပြီး ထူးခြားတဲ့ရလဒ်ကို အလျင်အမြန်ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို ဆက်လက်ပြုလုပ်ပေးနိုင်ပါသေးတယ်။

ပျားရည်၊ သကြားဖြင့် ချေးချွတ်ပါ

သကြား စားပွဲတင်ဇွန်းတစ်ဇွန်းကို ပျားရည်နှင့် ရောနှောပေးလိုက်ပါ။ ထို့နောက် နှုတ်ခမ်းပေါ်မှာ ညင်ညင်သာသာ ပွတ်တိုက်ပြီး နှိပ်နယ်ပေးလိုက်ပါ။ နှုတ်ခမ်းပေါ်က ဆဲလ်သေများက သကြားနဲ့အတူရောနှောသွားပါလိမ့်မယ်။ ၁၅ မိနစ်ခန့်ကြာပါက ရေဆေးပေးလိုက်ပါ။ Lip Balm ပြန်လိမ်းပေးဖို့လည်း မမေ့ပါနဲ့နော်။

နွားနို့နှင့် နနွင်းမှုန့်

နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို နွားနို့အနည်းငယ်ဖြင့် ရောနှောလိုက်ပါ။ ထို့နောက် နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၅ မိနစ်ခန့်ကြာမှ ကြက်သီးနွေး ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ နွားနို့ရဲ့ အက်ဆစ်ဓာတ်က သင့်နှုတ်ခမ်းကို နူးညံ့တောက်ပလာစေပြီး ရေဓာတ်ဖြည့်တင်းပေးပါလိမ့်မယ်။ နနွင်းမှုန့်ကတော့ ဆဲလ်သေများကို ဖယ်ရှားပေးပါလိမ့်မယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

နှုတ်ခမ်းခြောက်တတ်တဲ့သူတွေအတွက်ကတော့ ရှားစောင်းလက်ပတ်က အကောင်းဆုံးပါပဲ။ ရှားစောင်းလက်ပတ်ဂျယ်လ်ကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးလိုက်ပါ။ ရှားစောင်းလက်ပတ်ထဲမှာပါဝင်တဲ့ ဗီတာမင်အီးဓာတ်က သင့်နှုတ်ခမ်းကို အစိုဓာတ်ဖြည့်တင်းပေးပြီး နှုတ်ခမ်းကို အေးမြစေပါလိမ့်မယ်။

နှင်းဆီပွင့်ချပ်

နှင်းဆီပွင့်ချပ် ၆ ချပ်၊ ၇ ချပ်ခန့်ကို နွားနို့ထဲမှာ တစ်ညခန့် စိမ်ထားလိုက်ပါ။ မနက်မိုးလင်းလာတဲ့အခါ ငရုတ်ကျည်ပွေ့အသုံးပြုပြီး ထိုပွင့်ချပ်များကို ချေလိုက်ပါ။ ရရှိလာတဲ့ ပွင့်ချပ်အကြေအစများကို နွားနို့အနည်းငယ်ဖြင့် ရောနှောပြီးနောက် နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၅ မိနစ်မှ ၁၀ မိနစ်ခန့်အထိ ထားထားလိုက်ပါ။ ပြီးမှ ရေနဲ့ ဆေးကြောပေးရပါမယ်။

နွားနို့အစား ပျားရည်၊ ထောပတ်တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါသေးတယ်။

Source: Athomediva.com

By MyStyle Myanmar