[Zawgyi]

ေမာ္ဒယ္မေလးေတြလိုပဲ ျပားခ်ပ္တဲ့ဝမ္းဗိုက္ေလးေတြကို လူတိုင္းပိုင္ဆိုင္ခ်င္ၾကပါတယ္။ ဝမ္းဗိုက္ႂကြက္သားအတြက္ ေလ့က်င့္ခန္းေတြကလည္း အမ်ားႀကီးရွိတာဆိုေတာ့ ဘယ္ေလ့က်င့္ခန္းလုပ္ရင္ေကာင္းမလဲလို႔ စဥ္းစားေနတယ္ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ ေလ့က်င့္ခန္းေလးေတြျပဳလုပ္ေပးလိုက္ပါ။ အားအမ်ားႀကီးစိုက္ထုတ္စရာမလိုဘဲ ဝမ္းဗိုက္ေလးေတြ ခ်ပ္ခ်ပ္ရပ္ရပ္ေလးျဖစ္သြားပါလိမ့္မယ္။

ေလ့က်င့္ခန္း ၁

ဝမ္းဗိုက္ႂကြက္သားတစ္ခုတည္းကိုပဲ အာ႐ံုမစိုက္ပါနဲ႔။ တင္ပါးႂကြက္သားနဲ႔ ခႏၶာကိုယ္ေနာက္ေက်ာပိုင္းကႂကြက္သားေတြ တင္းတင္းရင္းရင္းျဖစ္ေနရင္လည္း ဝမ္းဗိုက္ျပားခ်ပ္တဲ့ပံုသ႑ာန္ေပါက္ပါတယ္။ ဒါ့ေၾကာင့္ ပံုထဲက ျပထားတဲ့ ေလ့က်င့္ခန္း အေနအထားအတိုင္း မိမိလုပ္ႏိုင္တဲ့ မိနစ္ပိုင္းေလး ျပဳလုပ္ေပးပါ။

ေလ့က်င့္ခန္း ၂

မတ္မတ္ရပ္ေနၿပီး လက္ကို က်စ္က်စ္ဆုပ္ထားပါ။ ၿပီးရင္ ေလွေလွာ္ေနတဲ့ပံုစံအတိုင္း လက္ေမာင္းနဲ႔ ပုခံုးကို ခႏၶာကိုယ္ဘယ္ဘက္ေဘးပို႔လိုက္ပါ။ တစ္ခ်ိန္တည္းမွာပဲ အသက္႐ႈထုတ္လိုက္ၿပီး ဘယ္ဘက္ဒူးေခါင္းကို အေပၚေျမွာက္ၿပီး ညာဘက္ေစာင္းလိုက္ပါ။ အသက္႐ႈသြင္းၿပီး မူလအေနအထားအတိုင္းျပန္ေနပါ။ ေနာက္တစ္ခါ အသက္႐ႈထုတ္ၿပီး ဆုပ္ထားတဲ့ လက္ႏွစ္ဖက္ကို ဘက္ေျပာင္းၿပီး ျပဳလုပ္လိုက္ပါ။ တစ္ဖက္တစ္လွည့္စီ အႀကိမ္ ၂၀ ခန္႔ျပဳလုပ္ေပးပါ။

ေလ့က်င့္ခန္း ၃

ေျခေထာက္ႏွစ္ဖက္ကို ပုခံုးအေနအထားအတိုင္းခ်ဲထားၿပီး လက္ႏွစ္ဖက္ကို ေဘးဘက္ဆန္႔တန္းထားပါ။ အသက္႐ႈထုတ္လိုက္ၿပီး ညာေျခေထာက္ကို အေရွ႕ထုတ္ၿပီး အေပၚမလိုက္ပါ။ တစ္ခ်ိန္တည္းမွာပဲ ေဘးထုတ္ထားတဲ့လက္ကို ခႏၶာကိုယ္ အေရွ႕ဘက္ထုတ္လိုက္ပါ။ အသက္႐ႈသြင္းလိုက္ၿပီး မူလအေနအထားအတိုင္းျပန္ေနပါ။ ေနာက္တစ္ခါ ေျခေထာက္ေျပာင္းၿပီး ျပဳလုပ္ေပးပါ။ တစ္ဖက္တစ္လွည့္စီ အႀကိမ္ ၂၀ ခန္႔ျပဳလုပ္ေပးပါ။

ဒီေလ့က်င့္ခန္းေလးေတြ ျပဳလုပ္ၿပီးၿပီဆိုရင္ေတာ့ ေရွာင္ရမွာေလးေတြလည္း ရွိပါေသးတယ္။ အသင့္စား အစားအစာမ်ားကို အလြန္အကြ်ံစားျခင္းပဲျဖစ္ပါတယ္။ ပ႐ိုတိန္းမ်ားမ်ားပါတဲ့ အစားအစာနဲ႔ ဟင္းသီးဟင္းရြက္ သစ္သီးဝလံမ်ားကို မ်ားမ်ားစားပါ။ အားကစားျပဳလုပ္႐ံုတင္မကဘဲ ထသြားထလာမ်ားမ်ားလုပ္ၿပီး လႈပ္လႈပ္ရွားရွားေနဖို႔ပါပဲ။

ဝိတ္ေလ်ာ့တဲ့အခါမွာ သတိထားရမွာက မိမိႀကိဳက္ႏွစ္သက္တဲ့ ေမာ္ဒယ္၊ အားကစားသမားေတြရဲ႕ခႏၶာကိုယ္အတိုင္း တစ္ထပ္တည္းျဖစ္စရာမလိုပါဘူး။ လူသားတိုင္းရဲ႕ခႏၶကိုယ္က ဖြဲ႔စည္းတည္ေဆာက္ပံုခ်င္းမတူလို႔ ကိုယ္ရလာတဲ့ ရလဒ္ကို ေက်နပ္အားရသင့္ပါတယ္။

ေလ့က်င့္ခန္းျပဳလုပ္ရာမွာလည္း မေလ်ာ့တဲ့ဇြဲနဲ႔ ပံုမွန္ျပဳလုပ္ေပးရင္ လံုေလာက္ပါတယ္။

Source:www.webmd.com

[Unicode]

မော်ဒယ်မလေးတွေလိုပဲ ပြားချပ်တဲ့ဝမ်းဗိုက်လေးတွေကို လူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။ ဝမ်းဗိုက်ကြွက်သားအတွက် လေ့ကျင့်ခန်းတွေကလည်း အများကြီးရှိတာဆိုတော့ ဘယ်လေ့ကျင့်ခန်းလုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းလေးတွေပြုလုပ်ပေးလိုက်ပါ။ အားအများကြီးစိုက်ထုတ်စရာမလိုဘဲ ဝမ်းဗိုက်လေးတွေ ချပ်ချပ်ရပ်ရပ်လေးဖြစ်သွားပါလိမ့်မယ်။

လေ့ကျင့်ခန်း ၁

ဝမ်းဗိုက်ကြွက်သားတစ်ခုတည်းကိုပဲ အာရုံမစိုက်ပါနဲ့။ တင်ပါးကြွက်သားနဲ့ ခန္ဓာကိုယ်နောက်ကျောပိုင်းကကြွက်သားတွေ တင်းတင်းရင်းရင်းဖြစ်နေရင်လည်း ဝမ်းဗိုက်ပြားချပ်တဲ့ပုံသဏ္ဍာန်ပေါက်ပါတယ်။ ဒါ့ကြောင့် ပုံထဲက ပြထားတဲ့ လေ့ကျင့်ခန်း အနေအထားအတိုင်း မိမိလုပ်နိုင်တဲ့ မိနစ်ပိုင်းလေး ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

မတ်မတ်ရပ်နေပြီး လက်ကို ကျစ်ကျစ်ဆုပ်ထားပါ။ ပြီးရင် လှေလှော်နေတဲ့ပုံစံအတိုင်း လက်မောင်းနဲ့ ပုခုံးကို ခန္ဓာကိုယ်ဘယ်ဘက်ဘေးပို့လိုက်ပါ။ တစ်ချိန်တည်းမှာပဲ အသက်ရှုထုတ်လိုက်ပြီး ဘယ်ဘက်ဒူးခေါင်းကို အပေါ်မြှောက်ပြီး ညာဘက်စောင်းလိုက်ပါ။ အသက်ရှုသွင်းပြီး မူလအနေအထားအတိုင်းပြန်နေပါ။ နောက်တစ်ခါ အသက်ရှုထုတ်ပြီး ဆုပ်ထားတဲ့ လက်နှစ်ဖက်ကို ဘက်ပြောင်းပြီး ပြုလုပ်လိုက်ပါ။ တစ်ဖက်တစ်လှည့်စီ အကြိမ် ၂၀ ခန့်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း ၃

ခြေထောက်နှစ်ဖက်ကို ပုခုံးအနေအထားအတိုင်းချဲထားပြီး လက်နှစ်ဖက်ကို ဘေးဘက်ဆန့်တန်းထားပါ။ အသက်ရှုထုတ်လိုက်ပြီး ညာခြေထောက်ကို အရှေ့ထုတ်ပြီး အပေါ်မလိုက်ပါ။ တစ်ချိန်တည်းမှာပဲ ဘေးထုတ်ထားတဲ့လက်ကို ခန္ဓာကိုယ် အရှေ့ဘက်ထုတ်လိုက်ပါ။ အသက်ရှုသွင်းလိုက်ပြီး မူလအနေအထားအတိုင်းပြန်နေပါ။ နောက်တစ်ခါ ခြေထောက်ပြောင်းပြီး ပြုလုပ်ပေးပါ။ တစ်ဖက်တစ်လှည့်စီ အကြိမ် ၂၀ ခန့်ပြုလုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပြီးပြီဆိုရင်တော့ ရှောင်ရမှာလေးတွေလည်း ရှိပါသေးတယ်။ အသင့်စား အစားအစာများကို အလွန်အကျွံစားခြင်းပဲဖြစ်ပါတယ်။ ပရိုတိန်းများများပါတဲ့ အစားအစာနဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို များများစားပါ။ အားကစားပြုလုပ်ရုံတင်မကဘဲ ထသွားထလာများများလုပ်ပြီး လှုပ်လှုပ်ရှားရှားနေဖို့ပါပဲ။

ဝိတ်လျော့တဲ့အခါမှာ သတိထားရမှာက မိမိကြိုက်နှစ်သက်တဲ့ မော်ဒယ်၊ အားကစားသမားတွေရဲ့ခန္ဓာကိုယ်အတိုင်း တစ်ထပ်တည်းဖြစ်စရာမလိုပါဘူး။ လူသားတိုင်းရဲ့ခန္ဓကိုယ်က ဖွဲ့စည်းတည်ဆောက်ပုံချင်းမတူလို့ ကိုယ်ရလာတဲ့ ရလဒ်ကို ကျေနပ်အားရသင့်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ရာမှာလည်း မလျော့တဲ့ဇွဲနဲ့ ပုံမှန်ပြုလုပ်ပေးရင် လုံလောက်ပါတယ်။

Source:www.webmd.com

Featured Image Source: Cosmopolitan India