မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းမယ့် ပျိုမေတို့အတွက် အရမ်းလည်းလှပြီး အရမ်းလည်းမိုက်မယ့် မိတ်ကပ်လိမ်းနည်းကို မျှဝေပေးသွားမှာပါ။ နှုတ်ခမ်းနီ ရဲရဲလေးနဲ့ တောက်ပတဲ့ နတ်သမီးလေးဖြစ်လာမှာပါ။

အရင်ဆုံးမျက်နှာကို Moisturizer, Primer, Foundation စတာတွေကို လိမ်းလိုက်ပါ။ တစ်ခုချင်းဆီကို တစ်ခါချင်းလိမ်းပြီး သေချာ Blend လုပ်ပေးရပါမယ်။

မျက်တွင်းညိုနေတာတွေနဲ့ သင့်မျက်နှာပေါ်က အမည်းစက်တွေကို Concealer နဲ့ သေချာဖုံးလိုက်ပါ။ ပြီးရင်တော့ သင့်ရဲ့ ပါးပြင်ပေါ်မှာ ပန်းရောင် ပါးနီလေးကိုဆိုးပေးလိုက်ပြီး သေချာ Blend လုပ်ပေးလိုက်ပါ။

Eyeshadow စလိမ်းပါမယ်။ အရင်ဆုံး မျက်လုံးကို လိမ္မော်ညိုရောင်ဖျော့ဖျော့လေးဆိုးပေးလိုက်ပါ။

ပြီးရင်မျက်ခွံထောင့်နားမှာ အရောင်ပိုရင့်တာလေး ဆိုးပေးပါ။

မျက်ခွံအလည်နားမှာ အရောင်ပိုလင်းတဲ့ အဖြူရောင် (သို့) ငွေရောင်လေးကို ခပ်ပါးပါးလေးဆိုးပေးလိုက်ပါ။

ပြီးရင်တော့ Eyeliner ဆိုးလိုက်ပါ။

ပြီးရင် မျက်တောင်အတုတပ်လိုက်ပါ။

Mascara ကော့လိုက်ပါ။

ပြီးရင်တော့ ပါးနီလေးဆိုး၊ ပါးရိုးကို Highlight လေးလုပ်ပေးပြီး ဘယ်ရီနီရောင် နှုတ်ခမ်းနီလေးကို ဆိုးပေးလိုက်ပါ။