Unicode

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရွှေ့ပြောင်း လုပ်သား အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး မိခင်နိုင်ငံရှိ မိသားစုသို့ ပြန်လည်ပေးပို့သော ထောက်ပံ့ငွေများသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ စစ်တမ်းများအရ နှစ်စဥ် အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံအထိ ရှိပါတယ်။

ရွှေ့ပြောင်းလုပ်သားမျာ မတူညီသော ဒေသနောက်ခံများမှ လာရောက်ပြီး မတူညီသည့် လုပ်ငန်းနယ်ပယ် အသီးသီးတွင် လုပ်ကိုင်နေကြသော်လည်း နေရပ်ရှိ မိသားစုများအတွက် ပိုမိုကောင်းမွန်သော ဘဝတစ်ခု ဖန်တီးပေးရန် ဟူသော ရည်ရွယ်ချက်မှာမူ တူညီကြပါတယ်။ ငယ်ရွယ်သူများနှင့် သက်ကြီးပိုင်းအစရှိသော အသက်အပိုင်းအခြား များအလိုက် ဖိလစ်ပိုင်လူမျိုး ၂.၃ သန်းမှာ မိမိ၏ ကိုယ်ပိုင်ရည်မှန်းချက်များ စွန့်လွှတ်ခဲ့ပြီး ခက်ခဲကြမ်းတမ်းသော လုပ်ငန်းခွင်များ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲမှုများ သည်းခံပြီး သူတို့၏ ချစ်ရသော မိသားစု၀င်များထံသို့ လုပ်အားခငွေများကို ပြန်လည်ပေးပို့လျက်ရှိပါတယ်။

Source: gulfnews.com

Hello, Love, Goodbye ရုပ်ရှင်မှာမူ ယင်းကဲ့သို့ လူအများနှင့် ရင်းနှီးပြီးသားဖြစ်သော မိမိကိုယ်မိမိအနစ်နာခံမှု အဖြစ်သနစ်များအား အခြေတည်လျှက် ချစ်ခြင်းမေတ္တာြဖင့် ရောယှက်ကာ ဖြစ်ရပ်မှန် အခြေအနေတစ်ရပ်ကို ရှာဖွေဖော်ထုတ်ခဲ့ပါတယ်။ ABS-CBS Films မှ ထုတ်လုပ်ပြီး Cathy Garcia-Molina က ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးထားသော ဤအချစ်ဇာတ်ကားတွင် မိမိ၏ ကိုယ်ပိုင်ရည်ရွယ်ချက်များကို စွန့်လွှတ်ရန် ဖြစ်လာသော ဖိလစ်ပိုင်လူမျိုးနှစ်ဦးမှာ ကံအကြောင်းတိုက်ဆိုင်၍ ဟောင်ကောင်မြို့တွင် တွေ့ဆုံမိရာမှ ဖြစ်တည်လာသည့် ဇာတ်အိမ်ကို ကြည့်ရှုရမှာဖြစ်ပါတယ်။

Source: news.abs-cbn.com

Hello, Love, Goodbye တွင် အိမ်အကူမလေး Joy (Bernardo) နှင့် အရက်စပ်သမား တစ်ဦးဖြစ်သူ Ethan (Richards) တို့၏ အချစ်ဇာတ်လမ်းကို တွေ့မြင်နိုင်မှာပါ။ မိခင်နိုင်ငံမှ ထွက်ခွာလာပြီးနောက် Joy သည် မိသားစုကို ထောက်ပံ့ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများရှိရာ ဟောင်ကောင်သို့ ရောက်ရှိလာပြီး ကနေဒါသို့ သွား ရောက်မည့် သူမ၏ စိတ်ကူးအိပ်မက်ကို နောက်ဆုံး အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ သို့ရာတွင် အမှတ်မထင် ဖြစ်ရပ်များစွာ ဖြစ်ပြီးချိန်တွင် Joy သည် ပေါ်ကြော့ ဖိလစ်ပိုင်ရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ်ပြီး ဟောင်‌ကောင်တွင် အခြေချနေထိုင်ရန် စီစဉ်နေသော Ethan နှင့် တွေ့ဆုံခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာတရား ပေါက်ဖွားလာသည်နှင့်အမျှ အတူနေထိုင်သွားမည်လား၊ မိမိတို့ တစ်ဦးချင်းစီ၏ စိတ်ကူးယဉ်အိပ်မက်နောက်ကို လိုက်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်ကြမည်လား ဆုံးဖြတ်ရမည့်အခြေအနေသို့ ရောက်ရှိခဲ့ပါတယ်။

Source: goodnewspilipinas.com

ဤဇာတ်ကားဟာဆိုရင် ရွှေ့ပြောင်းလုပ်သားများသည် အားပြတ်လဲကျသည်အထိ ၎င်းတို့၏ ကျန်းမာရေးကို လျစ်လျူ ရှုထားခြင်း၊ မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည့်အရေးကို မကြောက်မလန့်နိုင်အားပဲ အလုပ်များကို တစ်ခုထက်ပိုလုပ်နေရခြင်း၊ နေ့ချင်းညချင်း အောင်မြင်ကြီးပွားလို၍ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်ခြင်း စသည့် ဘဝအဆင်ပြေရန်အတွက် မည်သည့်အလုပ်မဆို လုပ်ကိုင်ရန် ဝန်မလေးသော စိတ်ကို မွေးမြူထား ရသည့် ဘဝများကို မီးမောင်းထိုး ပြသ ထားသည်လည်းဖြစ်ပါတယ်။ ထို့အပြင် ထိုဇာတ်ကားသည် ဘဝအတွက် ရွေးချယ်မှုအယူအဆနှင့် ပတ်သက်၍လည်း တို့ထိတင်ပြထားပါတယ်။ မိမိတို့၏ဘဝများကို အကြီးမားဆုံး ပြောင်းလဲစေမည့် ကံကြမ္မာနှင့် ကြုံကြိုက်သောအခါ မည်သည့် နေရာသို့သွားရောက်ကြမလဲ။ မည်သည် ကို ရွေးချယ်ကြမလဲ။ မိမိတို့၏ ကိုယ်စီကိုယ်ငှ အိပ်မက်များအား အစစ်အမှန်ဖြစ်လာစေရန်အတွက် သူတို့ မည်သို့ ပေးဆပ်ကြမလဲ။

Hello, Love, Goodbye ရုပ်ရှင်ဇာတ်ကားမှ ဇာတ်၀င်ခန်းတစ်ခန်း

Joy နှင့် Ethan တို့၏ မိတ်ဆွေသံယောဇဥ်မှာ ချစ်ခြင်းမေတ္တာအဖြစ်သို့‌ ပြောင်းလဲလာချိန်တွင် Hello, Love, Goodbye က ရုပ်ရှင်ကြည့်ပရိသတ်ကိုယ်တိုင်ကြုံတွေ့ရလေ့ရှိသော မေးခွန်းတစ်ခုကို မေးလိုက်ပါတယ်။ မိမိတို့ ချစ်မြတ်နိုးသောသူတို့အတွက် မည်မျှလောက်ပေးဆပ်နိုင်ကြမလဲ။ အချစ်အတွက် မိမိ၏ ကိုယ်ပိုင် အိပ်မက်များကို လျစ်လျူရှုခြင်းသည် ထိုက်တန်ပါ၏လော။

Hello, Love, Goodbye တွင် ဖိလစ်ပိုင်နိုင်ငံ၏ အသက်အငယ်ဆုံး ထိပ်တန်းစူပါစတားများက ပါဝင်သရုပ် ဆောင်ထားပြီး Joy အဖြစ် ၂၀၀၃ ခုနှစ်ကတည်းက သရုပ်ဆောင်လောကသို့ဝင်ရောက်ခဲ့ပြီး ရုံဝင်ငွေ ကောင်းသော ရုပ်ရှင်များနှင့် ဆုများဆွတ်ခူးခဲ့သာ ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် Kathryn Bernardo က ပါ၀င်ထားပါတယ်။ အသက် ၂၃ နှစ်အရွယ် Kathryn Bernardo သည် 50th Guillermo Mendoza Awards တွင် Golden Jury Award for Highest Grossing Filipino Film of All Time ဆု၊ Film Development Council of the Philippines မှ ဂုဏ်သိက္ခာမြင့်မားသော Camera Obscura Award တို့အပါအဝင် ဆုများစွာကို ရရှိထားသူလည်းဖြစ်ပါတယ်။

Hello, Love, Goodbye ဇာတ်ကားတွင်ပါ၀င်သရုပ်ဆောင်ထားသည့် Kathryn Bernardo

Kathryn နှင့်အတူ Ethan အဖြစ် ၂၀၁၅ ခုနှစ်တွင် နေ့လယ်ခင်း variety အစီအစဥ် Eat Bulaga ၏ အဖွဲ့ဝင်၊ ဖိလစ် ပိုင်၏ “Pambansang Bae” အဖြစ် ပရိသတ်အားပေးမှုရရှိလာခဲ့သည့် Alden Richards က ပါဝင်သရုပ် ဆောင်ထားပါတယ်။ Alden သည် ယခုအခါတွင် နိုင်ငံတကာပရိသတ်များ၏ လက်ခံအားပေးမှုကိုလည်း ရရှိနေပါပြီ။ မကြာသေးခင်က Alaala: A Martial Law Special တွင် Bonifacio Ilagan အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး New York Festivals Television and Film Awards တွင် docudrama ကဏ္ဍ၌ ငွေတံဆိပ်ဆုရရှိခဲ့ကာ ယခုနှစ် Seoul International Drama Awards တွင်လည်း Asian Star Prize ကိုရရှိထားခဲ့သူ ဖြစ်ပါတယ်။

Hello, Love, Goodbye ဇာတ်ကားတွင်ပါ၀င်သရုပ်ဆောင်ထားသည့် Alden Richards

ဖိလစ်ပိုင်နိုင်ငံတွင် စတင်ပြသစဥ်ကတည်းက Hello, Love, Goodbye သည် နိုင်ငံတွင်းနှင့် နိုင်ငံတကာ၏ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့ကာ ကမ္ဘာတစ်ဝန်းတွင် စုစုပေါင်းရုံဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇ သန်းကျော် (၁၇,၀၀၅,၇၇၄.၃၀) အထိ ရရှိထားပြီး Cathy Garcia-Molina ၏ ဤဇာတ်ကားသည် ယခုအခါ ဖိလစ်ပိုင် နိုင်ငံ၏ သမိုင်းတစ်လျှောက် ဝင်ငွေအများဆုံးဇာတ်ကားဖြစ်လာပြီဖြစ်ပါတယ်။ ထို့အပြင် Bernardo နှင့် Garcia-Molina တို့သည်လည်း Hello, Love, Goodbye ကြောင့် အမေရိကန်ဒေါ်လာ ၁၇ သန်းဝင်သော ရုပ်ရှင်ဇာတ်ကား ၂ကား၏ အမျိုးသမီးသရုပ်ဆောင်နှင့် ဒါရိုက်တာဖြစ်လာပါတယ်။ ယခုအခါတွင် အာရှပစိဖိတ်ဒေသတွင်လည်း လှည့်လည် ပြသလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ရုံတင်ပြသနေပြီဖြစ်ရာ ရုံဝင်ငွေ‌အောင်မြင်မှု ပိုမိုမြင့်မားလာနိုင်မည် ဖြစ်ပါတယ်။

Hello, Love, Goodbye ကို စက်တင်ဘာ ၂၆ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ JCGV Square ၊ JCGV Mawtin ၊ JCGV Mandalay ၊ JCGV Mawlamyine ၊ JCGV Ottara Thiri ၊ JCGV Junction City ၊ JCGV City Mall တို့တွင် ရုံတင်ပြသသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

Zawgyi

ဖိလစ္ပိုင္ႏိုင္ငံသည္ ကမာၻေပၚတြင္ ေ႐ႊ႕ေျပာင္း လုပ္သား အမ်ားဆုံးႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး မိခင္ႏိုင္ငံရွိ မိသားစုသို႔ ျပန္လည္ေပးပို႔ေသာ ေထာက္ပံ့ေငြမ်ားသည္ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ စစ္တမ္းမ်ားအရ ႏွစ္စဥ္ အေမရိကန္ေဒၚလာ ၄.၅ ဘီလ်ံအထိ ရွိပါတယ္။

ေ႐ႊ႕ေျပာင္းလုပ္သားမ်ာ မတူညီေသာ ေဒသေနာက္ခံမ်ားမွ လာေရာက္ၿပီး မတူညီသည့္ လုပ္ငန္းနယ္ပယ္ အသီးသီးတြင္ လုပ္ကိုင္ေနၾကေသာ္လည္း ေနရပ္ရွိ မိသားစုမ်ားအတြက္ ပိုမိုေကာင္းမြန္ေသာ ဘဝတစ္ခု ဖန္တီးေပးရန္ ဟူေသာ ရည္႐ြယ္ခ်က္မွာမူ တူညီၾကပါတယ္။ ငယ္႐ြယ္သူမ်ားႏွင့္ သက္ႀကီးပိုင္းအစရွိေသာ အသက္အပိုင္းအျခား မ်ားအလိုက္ ဖိလစ္ပိုင္လူမ်ိဳး ၂.၃ သန္းမွာ မိမိ၏ ကိုယ္ပိုင္ရည္မွန္းခ်က္မ်ား စြန႔္လႊတ္ခဲ့ၿပီး ခက္ခဲၾကမ္းတမ္းေသာ လုပ္ငန္းခြင္မ်ား၊ ႐ုပ္ပိုင္းဆိုင္ရာ စိတ္ပိုင္းဆိုင္ရာ ပင္ပန္းဆင္းရဲမႈမ်ား သည္းခံၿပီး သူတို႔၏ ခ်စ္ရေသာ မိသားစု၀င္မ်ားထံသို႔ လုပ္အားခေငြမ်ားကို ျပန္လည္ေပးပို႔လ်က္ရွိပါတယ္။

Source: gulfnews.com

Hello, Love, Goodbye ႐ုပ္ရွင္မွာမူ ယင္းကဲ့သို႔ လူအမ်ားႏွင့္ ရင္းႏွီးၿပီးသားျဖစ္ေသာ မိမိကိုယ္မိမိအနစ္နာခံမႈ အျဖစ္သနစ္မ်ားအား အေျခတည္လွ်က္ ခ်စ္ျခင္းေမတၱာျဖင့္ ေရာယွက္ကာ ျဖစ္ရပ္မွန္ အေျခအေနတစ္ရပ္ကို ရွာေဖြေဖာ္ထုတ္ခဲ့ပါတယ္။ ABS-CBS Films မွ ထုတ္လုပ္ၿပီး Cathy Garcia-Molina က ဒါ႐ိုက္တာအျဖစ္ တာဝန္ယူ႐ိုက္ကူးထားေသာ ဤအခ်စ္ဇာတ္ကားတြင္ မိမိ၏ ကိုယ္ပိုင္ရည္႐ြယ္ခ်က္မ်ားကို စြန႔္လႊတ္ရန္ ျဖစ္လာေသာ ဖိလစ္ပိုင္လူမ်ိဳးႏွစ္ဦးမွာ ကံအေၾကာင္းတိုက္ဆိုင္၍ ေဟာင္ေကာင္ၿမိဳ႕တြင္ ေတြ႕ဆုံမိရာမွ ျဖစ္တည္လာသည့္ ဇာတ္အိမ္ကို ၾကည့္ရႈရမွာျဖစ္ပါတယ္။

Source: news.abs-cbn.com

Hello, Love, Goodbye တြင္ အိမ္အကူမေလး Joy (Bernardo) ႏွင့္ အရက္စပ္သမား တစ္ဦးျဖစ္သူ Ethan (Richards) တို႔၏ အခ်စ္ဇာတ္လမ္းကို ေတြ႕ျမင္ႏိုင္မွာပါ။ မိခင္ႏိုင္ငံမွ ထြက္ခြာလာၿပီးေနာက္ Joy သည္ မိသားစုကို ေထာက္ပံ့ရန္အတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ားရွိရာ ေဟာင္ေကာင္သို႔ ေရာက္ရွိလာၿပီး ကေနဒါသို႔ သြား ေရာက္မည့္ သူမ၏ စိတ္ကူးအိပ္မက္ကို ေနာက္ဆုံး အေကာင္အထည္ေဖာ္ႏိုင္ခဲ့ပါတယ္။ သို႔ရာတြင္ အမွတ္မထင္ ျဖစ္ရပ္မ်ားစြာ ျဖစ္ၿပီးခ်ိန္တြင္ Joy သည္ ေပၚေၾကာ့ ဖိလစ္ပိုင္ေ႐ႊ႕ေျပာင္းလုပ္သားတစ္ဦးျဖစ္ၿပီး ေဟာင္‌ေကာင္တြင္ အေျခခ်ေနထိုင္ရန္ စီစဥ္ေနေသာ Ethan ႏွင့္ ေတြ႕ဆုံခဲ့ပါတယ္။ ခ်စ္ျခင္းေမတၱာတရား ေပါက္ဖြားလာသည္ႏွင့္အမွ် အတူေနထိုင္သြားမည္လား၊ မိမိတို႔ တစ္ဦးခ်င္းစီ၏ စိတ္ကူးယဥ္အိပ္မက္ေနာက္ကို လိုက္ဖို႔ အခြင့္အေရးကို ဆုပ္ကိုင္ၾကမည္လား ဆုံးျဖတ္ရမည့္အေျခအေနသို႔ ေရာက္ရွိခဲ့ပါတယ္။

Source: goodnewspilipinas.com

ဤဇာတ္ကားဟာဆိုရင္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားသည္ အားျပတ္လဲက်သည္အထိ ၎တို႔၏ က်န္းမာေရးကို လ်စ္လ်ဴ ရႈထားျခင္း၊ မိခင္ႏိုင္ငံသို႔ ျပန္ပို႔ခံရမည့္အေရးကို မေၾကာက္မလန႔္ႏိုင္အားပဲ အလုပ္မ်ားကို တစ္ခုထက္ပိုလုပ္ေနရျခင္း၊ ေန႔ခ်င္းညခ်င္း ေအာင္ျမင္ႀကီးပြားလို၍ ၿပိဳင္ပြဲမ်ားတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္း စသည့္ ဘဝအဆင္ေျပရန္အတြက္ မည္သည့္အလုပ္မဆို လုပ္ကိုင္ရန္ ဝန္မေလးေသာ စိတ္ကို ေမြးျမဴထား ရသည့္ ဘဝမ်ားကို မီးေမာင္းထိုး ျပသ ထားသည္လည္းျဖစ္ပါတယ္။ ထို႔အျပင္ ထိုဇာတ္ကားသည္ ဘဝအတြက္ ေ႐ြးခ်ယ္မႈအယူအဆႏွင့္ ပတ္သက္၍လည္း တို႔ထိတင္ျပထားပါတယ္။ မိမိတို႔၏ဘဝမ်ားကို အႀကီးမားဆုံး ေျပာင္းလဲေစမည့္ ကံၾကမၼာႏွင့္ ႀကဳံႀကိဳက္ေသာအခါ မည္သည့္ ေနရာသို႔သြားေရာက္ၾကမလဲ။ မည္သည္ ကို ေ႐ြးခ်ယ္ၾကမလဲ။ မိမိတို႔၏ ကိုယ္စီကိုယ္ငွ အိပ္မက္မ်ားအား အစစ္အမွန္ျဖစ္လာေစရန္အတြက္ သူတို႔ မည္သို႔ ေပးဆပ္ၾကမလဲ။

Hello, Love, Goodbye ႐ုပ္ရွင္ဇာတ္ကားမွ ဇာတ္၀င္ခန္းတစ္ခန္း

Joy ႏွင့္ Ethan တို႔၏ မိတ္ေဆြသံေယာဇဥ္မွာ ခ်စ္ျခင္းေမတၱာအျဖစ္သို႔‌ ေျပာင္းလဲလာခ်ိန္တြင္ Hello, Love, Goodbye က ႐ုပ္ရွင္ၾကည့္ပရိသတ္ကိုယ္တိုင္ႀကဳံေတြ႕ရေလ့ရွိေသာ ေမးခြန္းတစ္ခုကို ေမးလိုက္ပါတယ္။ မိမိတို႔ ခ်စ္ျမတ္ႏိုးေသာသူတို႔အတြက္ မည္မွ်ေလာက္ေပးဆပ္ႏိုင္ၾကမလဲ။ အခ်စ္အတြက္ မိမိ၏ ကိုယ္ပိုင္ အိပ္မက္မ်ားကို လ်စ္လ်ဴရႈျခင္းသည္ ထိုက္တန္ပါ၏ေလာ။

Hello, Love, Goodbye တြင္ ဖိလစ္ပိုင္ႏိုင္ငံ၏ အသက္အငယ္ဆုံး ထိပ္တန္းစူပါစတားမ်ားက ပါဝင္သ႐ုပ္ ေဆာင္ထားၿပီး Joy အျဖစ္ ၂၀၀၃ ခုႏွစ္ကတည္းက သ႐ုပ္ေဆာင္ေလာကသို႔ဝင္ေရာက္ခဲ့ၿပီး ႐ုံဝင္ေငြ ေကာင္းေသာ ႐ုပ္ရွင္မ်ားႏွင့္ ဆုမ်ားဆြတ္ခူးခဲ့သာ ႐ုပ္သံဇာတ္လမ္းတြဲမ်ားတြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့သည့္ Kathryn Bernardo က ပါ၀င္ထားပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ Kathryn Bernardo သည္ 50th Guillermo Mendoza Awards တြင္ Golden Jury Award for Highest Grossing Filipino Film of All Time ဆု၊ Film Development Council of the Philippines မွ ဂုဏ္သိကၡာျမင့္မားေသာ Camera Obscura Award တို႔အပါအဝင္ ဆုမ်ားစြာကို ရရွိထားသူလည္းျဖစ္ပါတယ္။

Hello, Love, Goodbye ဇာတ္ကားတြင္ပါ၀င္သ႐ုပ္ေဆာင္ထားသည့္ Kathryn Bernardo

Kathryn ႏွင့္အတူ Ethan အျဖစ္ ၂၀၁၅ ခုႏွစ္တြင္ ေန႔လယ္ခင္း variety အစီအစဥ္ Eat Bulaga ၏ အဖြဲ႕ဝင္၊ ဖိလစ္ ပိုင္၏ “Pambansang Bae” အျဖစ္ ပရိသတ္အားေပးမႈရရွိလာခဲ့သည့္ Alden Richards က ပါဝင္သ႐ုပ္ ေဆာင္ထားပါတယ္။ Alden သည္ ယခုအခါတြင္ ႏိုင္ငံတကာပရိသတ္မ်ား၏ လက္ခံအားေပးမႈကိုလည္း ရရွိေနပါၿပီ။ မၾကာေသးခင္က Alaala: A Martial Law Special တြင္ Bonifacio Ilagan အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး New York Festivals Television and Film Awards တြင္ docudrama က႑၌ ေငြတံဆိပ္ဆုရရွိခဲ့ကာ ယခုႏွစ္ Seoul International Drama Awards တြင္လည္း Asian Star Prize ကိုရရွိထားခဲ့သူ ျဖစ္ပါတယ္။

Hello, Love, Goodbye ဇာတ္ကားတြင္ပါ၀င္သ႐ုပ္ေဆာင္ထားသည့္ Alden Richards

ဖိလစ္ပိုင္ႏိုင္ငံတြင္ စတင္ျပသစဥ္ကတည္းက Hello, Love, Goodbye သည္ ႏိုင္ငံတြင္းႏွင့္ ႏိုင္ငံတကာ၏ တစ္ခဲနက္အားေပးမႈကို ရရွိခဲ့ကာ ကမာၻတစ္ဝန္းတြင္ စုစုေပါင္း႐ုံဝင္ေငြ အေမရိကန္ေဒၚလာ ၁၇ သန္းေက်ာ္ (၁၇,၀၀၅,၇၇၄.၃၀) အထိ ရရွိထားၿပီး Cathy Garcia-Molina ၏ ဤဇာတ္ကားသည္ ယခုအခါ ဖိလစ္ပိုင္ ႏိုင္ငံ၏ သမိုင္းတစ္ေလွ်ာက္ ဝင္ေငြအမ်ားဆုံးဇာတ္ကားျဖစ္လာၿပီျဖစ္ပါတယ္။ ထို႔အျပင္ Bernardo ႏွင့္ Garcia-Molina တို႔သည္လည္း Hello, Love, Goodbye ေၾကာင့္ အေမရိကန္ေဒၚလာ ၁၇ သန္းဝင္ေသာ ႐ုပ္ရွင္ဇာတ္ကား ၂ကား၏ အမ်ိဳးသမီးသ႐ုပ္ေဆာင္ႏွင့္ ဒါ႐ိုက္တာျဖစ္လာပါတယ္။ ယခုအခါတြင္ အာရွပစိဖိတ္ေဒသတြင္လည္း လွည့္လည္ ျပသလ်က္ရွိၿပီး ျမန္မာႏိုင္ငံတြင္လည္း ႐ုံတင္ျပသေနၿပီျဖစ္ရာ ႐ုံဝင္ေငြ‌ေအာင္ျမင္မႈ ပိုမိုျမင့္မားလာႏိုင္မည္ ျဖစ္ပါတယ္။

Hello, Love, Goodbye ကို စက္တင္ဘာ ၂၆ ရက္ေန႔မွ စတင္၍ ျမန္မာႏိုင္ငံတစ္ဝန္းရွိ JCGV Square ၊ JCGV Mawtin ၊ JCGV Mandalay ၊ JCGV Mawlamyine ၊ JCGV Ottara Thiri ၊ JCGV Junction City ၊ JCGV City Mall တို႔တြင္ ႐ုံတင္ျပသသြားမွာျဖစ္ေၾကာင္း သတင္းေကာင္းပါးလိုက္ရပါတယ္။